What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အစားအတွက် ကုန်ကျစရိတ်ချွေတာနိုင်မည့်အချက်များ - ၃

အဝတ်အစားကောင်းတွေလည်း ဝတ်နိုင်မယ်၊ တစ်ဆက်တည်းမှာပဲ ငွေချွေတာနိုင်မယ့်

နည်းလမ်းများကို အောက်တွင် ဖော်ပြပေးချင်ပါတယ်။

မိမိနှစ်သက်တဲ့အဝတ်အစားတွေကို ကြာရှည်ခံဝတ်လို့ရအောင် ထိန်သိမ်းခြင်းအားဖြင့် အဝတ်အစားအတွက် ငွေကုန်ရတာ တန်စေနိုင်သလိုပဲ အဝတ်အစားသစ်အတွက် ကုန်ကျစရိတ်ကိုလျှော့ချလို့ရပါတယ်။

သင့်အဝတ်အစားတွေကို ပို၍ဂရုစိုက်ပေးပါ

သင်နှစ်သက်တဲ့ ဆွယ်တာ (သို့) ရှပ်အကျကို အဝတ်အစားစတိုခန်းကနေ ထုတ်ယူလိုက်ချိန်မှာ ပိုးဖလံတွေ၊ ပင့်ကူမျှင်တွေနဲ့ စွန်းပေရစ်ပတ်နေတာကို မြင်ရမှာ စိတ်ပျက်စရာဖြစ်မှာဖြစ်ပါတယ်။

ထို့ကြောင့် မိမိနှစ်သက်တဲ့ အဝတ်အစားတွေကို ပိုးမွှေးလုံးတွေ၊ အဖုံးအကာတွေနဲ့ ကောင်းမွန်တဲ့အကျအိတ်၊ ဘီရိုတွေထဲမှာ သပ်သပ်ရပ်ရပ် သိမ်းထားစေချင်ပါတယ်။

ဆွယ်တာတွေကိုဘယ်လို သန့်သန့်ရှင်းရှင်းထားရမယ် ဆိုတာသိပြီး လက်နဲ့လျှော်ဖွတ်ရတဲ့အဝတ်အစားတွေ၊ အိမ်မှာရှိတဲ့ အဝတ်အစားခြောက်တွေကို ကောင်းကောင်းမွန်မွန် သန့်သန့်ရှင်းရှင်းထားသင့်ပါတယ်။

သင်နှစ်သက်တဲ့ အဝတ်အစားတွေကို ဘယ်လိုလျှော်ဖွတ်သန့်စင်ရမယ်ဆိုတာသိပြီး သပ်သပ်ရပ်ရပ် ခေါက်သိမ်းထားစေချင်ပါတယ်။

သင့် ဂျင်းအကျကို ပိုမိုကြာရှည်ခံအောင် ပြုလုပ်ပါ

ဂျင်းအကျလောက် အာရုံစိုက် ဂရုပြုခံရတဲ့ အဝတ်အစားမရှိနိုင်ပါဘူး။ ဂျင်းကို ကြာရှည်ခံစေဖို့ဆိုရင် အရောင်တင်တာ၊ ရှာလကာရည်နဲ့ဆေးပေးပြီး အအေးခံပေးတာနဲ့ အဖိုးတန် ရတနာပစ္စည်းတစ်ခုလို သဘောထားပြုလုပ်လို့ရပါတယ်။

Read 2406 times
Rate this item
(0 votes)