What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဆီလီကွန်ဘရာ ဝတ်ဆင်တဲ့အခါ သတိပြုစရာများ

မိန်းကလေးတစ်ယောက်အတွက် ခန္ဓာကိုယ်ကောက်ကြောင်းအလှကလည်း ဆွဲဆောင်မှုရှိတဲ့ အချက်တစ်ချက်ပါပဲ။ ဒီတော့ မိန်းကလေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အဖုအထစ်ကလေးတွေ ရှိနေမှ ပြီးပြည့်စုံတဲ့ အလှပိုင်ရှင်လို့ မှတ်ယူထားသူတွေလည်း ရှိနေပါတယ်။

ဒါ့ကြောင့်လည်း ရင်သားပြည့်ပြည့်တင်းတင်းနဲ့ လှပဖို့အတွက် ဆေးထိုး၊ ဆေးသောက်၊ ခွဲစိတ်ပြုပြင်တာတွေအထိ ပြုလုပ်လာကြတာကို တွေ့ရပါတယ်။
တချို့ကျတော့လည်း အသားအနာမခံနိုင်တဲ့အတွက် ဆီလီကွန်ပါဝင်တဲ့ဘရာတွေကို ရွေးချယ်ဝတ်ဆင်ကြပါတယ်။ ဆီလီကွန်တုံးလေးတွေကိုလည်း အကျီင်္ဝတ်တဲ့အခါမှာ အလွယ်တကူ ထည့်သွင်းဝတ်ဆင်နိုင်တဲ့အတွက် မိန်းက လေး အများစုက အသုံးပြုလာကြပါတယ်။ ဆီလီကွန်ထည့်သွင်းဝတ်ဆင်တာက အသားမနာကျင်ရဘူး ဆိုပေမယ့် ရေရှည်အသုံးပြုမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ဒါ့ကြောင့် ဆီလီကွန်ဘရာကို ဝတ်ဆင်တဲ့ အခါမျိုးမှာ ကျန်းမာရေးကို မထိခိုက်စေဖို့အတွက် သတိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေး ချင်ပါတယ်။
မိန်းကလေးတစ်ယောက်အတွက် ခန္ဓာကိုယ်ကောက်ကြောင်းအလှကလည်း ဆွဲဆောင်မှုရှိတဲ့ အချက်တစ်ချက်ပါပဲ။ ဒီတော့ မိန်းကလေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အဖုအထစ်ကလေးတွေ ရှိနေမှ ပြီးပြည့်စုံတဲ့ အလှပိုင်ရှင်လို့ မှတ်ယူထားသူတွေလည်း ရှိနေပါတယ်။ ဒါ့ကြောင့်လည်း ရင်သားပြည့်ပြည့်တင်းတင်းနဲ့ လှပဖို့အတွက် ဆေးထိုး၊ ဆေးသောက်၊ ခွဲစိတ်ပြုပြင်တာတွေအထိ ပြုလုပ်လာကြတာကို တွေ့ရပါတယ်။
တချို့ကျတော့လည်း အသားအနာမခံနိုင်တဲ့အတွက် ဆီလီကွန်ပါဝင်တဲ့ဘရာတွေကို ရွေးချယ်ဝတ်ဆင်ကြပါတယ်။ ဆီလီကွန်တုံးလေးတွေကိုလည်း အကျီင်္ဝတ်တဲ့အခါမှာ အလွယ်တကူ ထည့်သွင်းဝတ်ဆင်နိုင်တဲ့အတွက် မိန်းက လေး အများစုက အသုံးပြုလာကြပါတယ်။ ဆီလီကွန်ထည့်သွင်းဝတ်ဆင်တာက အသားမနာကျင်ရဘူး ဆိုပေမယ့် ရေရှည်အသုံးပြုမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ဒါ့ကြောင့် ဆီလီကွန်ဘရာကို ဝတ်ဆင်တဲ့ အခါမျိုးမှာ ကျန်းမာရေးကို မထိခိုက်စေဖို့အတွက် သတိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေး ချင်ပါတယ်။
(၁) အချိန်ကြာရှည်စွာမဝတ်ပါနဲ
ဆီလီကွန်ဘရာကို ဝတ်ဆင်တော့မယ်ဆိုရင် ၈နာရီထက်ပိုပြီး မဝတ်ဆင်သင့်ပါဘူး။ အထူးသဖြင့် အရည်အသွေး မမှီတဲ့ ဆီလီကွန်ဘရာတွေကို အချိန်ကြာရှည်စွာ ဝတ်ဆင်မိမယ်ဆိုရင် အရေပြားယားယံခြင်းနဲ့ နီမြန်းနာကျင်ခြင်း မျိုးကို ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် အရည်အသွေး ကောင်းမွန်ပြီး ယုံကြည်စိတ်ချရတဲ့ ဆီလီကွန်မျိုးကိုလည်း ရွေးချယ်အသုံးပြုတတ်ဖို့ လိုပါတယ်။ ဆီလီကွန်ဘရာကို ၈နာရီထက်ပိုပြီး ဝတ်ဆင်မိမယ်ဆိုရင်တော့ ရင်သား ကျန်းမာရေးအတွက် မကောင်းပါဘူး။
(၂) မှန်ကန်တဲ့ဆိုဒ်ကိုရွေးချယ်ပါ
မိမိရင်သားအရွယ်အစားနဲ့ ကိုက်ညီမယ့် ဆိုဒ်မှန်တာမျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဒီလိုမဟုတ်ဘဲ သေးငယ် နေတာကို ဝတ်ဆင်မိမယ်ဆိုရင်တော့ ရင်သားတင်းကြပ်မှုဖြစ်ပြီး အသက်ရှူကြပ်တာ၊ ရင်သားနာကျင်တာမျိုး ခံစားရတတ်ပါတယ်။ ချောင်လွန်းတဲ့ ဘရာကိုရွေးချယ်မိရင်လည်း ရင်သားအလှကို မပံ့ပိုးပေးနိုင်တော့ပါဘူး။ ဒ့ါကြောင့် မှန်ကန်တဲ့ဆိုဒ်ကို ရွေးချယ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။
(၃) Moisturizer မလိမ်းပါနဲ့
ဆီလီကွန်မဝတ်ခင်မှာ ရင်သားတစ်ဝိုက်ကို အစိုထိန်းထိန်းခရင်မ်၊ အဆီနဲ့ moisturizer လိမ်းတာမျိုး ရှောင်ကြဉ် သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရင်သားအစိုဓာတ်ရှိနေတဲ့အချိန် ဆီလီကွန်က အသားကို ပိုပြီး ကပ်သွား စေနိုင်ပါတယ်။ အချိန်ကြာမြင့်လာတဲ့အခါ ဘတ်တီးရီးယားနဲ့ မှိုရောဂါဖြစ်တတ်တဲ့ အတွက် ဆီလီကွန်ဝတ်မယ် ဆိုရင် Moisturizer မလိမ်းပါနဲ့။
(၄) သန့်ရှင်းစင်ကြယ်စွာထားပါ
ဆီလီကွန်ဘရာတွေကို မကြာခဏ လျှော်ဖွပ်ပေးဖို့လည်း လိုပါတယ်။ ဆီလီကွန်ဘရာမှာ ချွေးတွေရှိနေမယ်ဆိုရင် ဘတ်တီးရီးယားပိုးမွှားများ ကပ်ငြိနေနိုင်တဲ့အတွက် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ပါတယ်။ ဒါ့ကြောင့် ဆပ်ပြာအပျော့ စားကိုအသုံးပြုပြီး ရေနွေးနွေးလေးနဲ့ မကြာခဏ လျှော်ဖွပ်သင့်ပါတယ်။
(၅) အလျော့အတင်းလုပ်နိုင်တဲ့ဆီလီကွန်ဘရာကိုရွေးချယ်ပါ
တချို့ဆီလီကွန်ဘရာတွေက အလျော့အတင်းလုပ်လို့မရတဲ့အတွက် မိမိရင်သားဆိုဒ်နဲ့ တော်တာကိုပဲ ရွေးချယ်ရတဲ့ အခါမျိုးရှိပါတယ်။ အကောင်းဆုံးကတော့ အလျော့အတင်းလေးလုပ်လို့ရတဲ့ ဆီလီကွန်ဘရာကိုသာ ရွေးချယ်သင့် ပါတယ်။ ဒါမှ သက်တောင့်သက်သာဖြစ်တဲ့ ခံစားချက်ကို ရရှိနိုင်မှာပါ။
source:myanmarplatform

Read 1412 times
Rate this item
(0 votes)