What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Body အလိုက် လိုက်ဖက်တဲ့ ရေကူးဝတ်စုံ ရွေးချယ်နည်း

ကျန်းမာရေးအရကြောင့်ပဲ ဖြစ်ဖြစ်၊အားလပ်ရက် အပမ်းဖြေခရီးကြောင့်ပဲ ဖြစ်ဖြစ် ရေကူးမယ်ဆိုတဲ့ ပျိုမေတွေအတွက်လိုက်ဖက်တဲ့ ရေကူးဝတ်စုံ ရွေးချယ် နည်း ကို ပြောပြပေးချင်ပါတယ်။

ဒီလူက ဒီလို ရေကူးဝတ်စုံနဲ့ လိုက်ပြီး ကြည့်ကောင်းပေမယ့် ကိုယ်နဲ့ က လိုက်ချင်မှ လိုက်မှာပါ။ဒါကြောင့် မိမိ ခန္ဓာကို ယ် ပုံစံအလိုက် လိုက်ဖက်တဲ့ ရေကူးဝတ်စုံကို ဘယ်လို ရွေးရမလဲ ဆိုတာကို ပြောပြချင် ပါတယ်။

(၁)ရင်ပြားသူတွေ

ရင်ပြားတဲ့ သူတွေက လည်ပင်းအရမ်းဟိုက်တာ၊လည်အ၀ိုင်းပုံစံ ရေကူး ၀တ်စုံမျိုးနဲ့ မလိုက်ပါဘူး။ရင်ပြားတာကို ပိုသိသာအောင် လုပ်ပေးလိုက် သလိုဖြစ်သွားပါလိမ့်မယ်။ လည်အ၀ိုင်းမှာ ခေါက်တွန့် လေးတွေ ပါတဲ့ ရေကူး ၀တ်စုံမျိုးကို ရွေးပါ။

02 Best Swimsuits for Your Body ShapeJust In Time for Your Next Vacation 1024x683

(၂)တင်ပါးကြီးသူတွေ

ခန္ဓာကိုယ်အောက်ပိုင်း တင်ပါးကြီးသူတွေ၊၀၀ပြည့်ပြည့် လေးတွေ အနေ နဲ့ကတော့ အရောင်နုတာတွေကို မရွေးပါနဲ့။အရောင်ရင့်၊ အရောင်မှိုင်းေ တွ ကိုပဲ ရွေးချယ်ပါ။ဒီလိုလူမျိုးတွေကတော့ ပိန်တဲ့သူတွေလို အရမ်းဖော်လိုက်ရင် ရိုင်းသွားပါလိမ့်မယ်။ဒါကြောင့်နည်းနည်း လုံတာလေးကို ရွေးပါ။ခါးအမြင့် ဘောင်းဘီမျိုးနဲ့အပေါ်ကိုလည်း နည်းနည်းအပြည့် ဖုံးတာမျိုးကို ရွေးပါ။

03 Best Swimsuits for Your Body ShapeJust In Time for Your Next Vacation 1024x683

(၃)ပုံမှန် body

မကြီးလွန်း၊မသေးလွန်းပဲ ရှိသင့်ရှိထိုက်တာလေးတွေရှိတဲ့ body မျိုးဆိုရင်တော့ ကိုယ့်ရဲ့ ကောက်ကြောင်းတွေကို ပိုပေါ်လွင်ဖို့ အရောင်တောက်တောက် လေးေ တွကို ရွေးပေးသင့်ပါတယ်။အပေါ်ပိုင်းက ရင်ပြတ်ပုံစံဒီဇိုင်းမျိုးကို ၀တ်ရင်လည်း ကြည့်ကောင်းပါတယ်။အသားကိုနည်းနည်းဖော်ပြီး အော က်ပိုင်းကိုတော့ ခါးအောက်နည်းနည်းကျတဲ့ ဘောင်းဘီပုံမျိုး၊ကြိုးစတိုင်မျိုးနဲ့လည်း လိုက်ပါတယ်။

04 Best Swimsuits for Your Body ShapeJust In Time for Your Next Vacation 1024x683

(၄)၀၀လှလှတွေ(သစ်တော်သီးပုံ body)

ဝလို့ရေကူးဝတ်စုံမ၀တ်ရဘူးလို့ မသတ်မှတ်ထားသလို ၀တ်ရမှာလည်း မ၀ံ့မရဲ ဖြစ်စရာမလိုပါဘူး။သစ်တော်သီးပုံစံ body မျိုးအတွက်ကတော့ နည်းနည်း ထူပြီး အပွင့်ပါတာမျိုးကို ရွေးပါ။ခါးအမြင့်ဘောင်းဘီမျိုးကို ရွေးပေးပါ။နည်းနည်း လုံတာမျိုးကို ရွေးချယ်ပေးပါ။

05 Best Swimsuits for Your Body ShapeJust In Time for Your Next Vacation 1024x683

(၅)ပိန်ပိန်ရှည်ရှည်

body ကောက်ကြောင်းကို ဟန်ချက်ညီမျှဖို့နဲ့ ပိန်ပိန်ရှည်ရှည်ကြီး ဖြစ်မနေဖို့ အပေါ်နဲ့အောက်ကို ဆန့်ကျင်ဘက် အရောင် အနုနဲ့အရင့် တွဲ ၀တ်ကြည့် ပါ။ လည်အဟိုက် ပုံမျိုးနဲ့လည်း လိုက်ပါတယ်။

06 Best Swimsuits for Your Body ShapeJust In Time for Your Next Vacation 1024x683

Read 2093 times
Rate this item
(0 votes)