What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသား၊ အမျိုးသမီးတိုင်း လေ့လာသဘောသင့်တဲ့ ၀တ်စားဆင်ယင်မှုဆိုင်ရာ စည်းမျဉ်း (၁၀) ချက်

စည်းစနစ်ကျကျ၊ သေသေသပ်သပ်မရှိဘဲ ၀တ်စားဆင်ယင်ထားသူတစ်ယောက်ဟာ လူအများရဲ့မျက်လုံးထဲမှာ ထင်သာမြင်သာရှိလွန်းလှပါတယ်။

လူတစ်ယောက်ရဲ့ဝတ်စားဆင်ယင်မှုဟာ ထိုသူတစ်ဦး၏ပုံရိပ်ရဲ့ အရေးကြီးတဲ့တစ်စိတ်တစ်ပိုင်းတစ်ခုဖြစ်လို့ မည်သည့်အပြစ်အနာအဆာမဆို သတိထားမိနိုင်ပါတယ်။ အထူးသဖြင့် လူတစ်ဦးတစ်ယောက်နဲ့ ပထမဦးဆုံးအကြိမ်သွားရောက်တွေ့ဆုံတော့မယ်ဆိုရင် ပိုလို့တောင်သတိထားရမှာဖြစ်ပါတယ်။ဒါကြောင့် အခုဖော်ပြပေးချင်တဲ့ ၀တ်စားဆင်ယင်မှုဆိုင်ရာ အခြေခံစည်းမျဉ်းလေးတွေကို သိထားမယ်ဆိုရင် အချိန်တိုင်းပြီးပြည့်စုံနေတော့မှာပါ။

၁။ အနောက်တိုင်းဝတ်စုံ

အနောက်တိုင်းဝတ်စုံ ၀တ်ဆင်တော့မယ်ဆိုရင် ကုတ်အင်္ကျီရဲ့အလယ်ကြယ်သီးက အမြဲတမ်းတပ်ထားရမှာဖြစ်ပြီး အပေါ်ကြယ်သီးကတော့ သင့်စိတ်ပေါ်မူတည်ပါတယ်။ အောက်ခြေရှိကြယ်သီးကိုတော့ ဘယ်တော့မှမစေ့ပါနဲ့။

1 10

၂။ ရှပ်အင်္ကျီ သို့မဟုတ် ဘလောက်စ်အင်္ကျီ

အကယ်၍ ရှပ်အင်္ကျီ သို့မဟုတ် ဘလောက်စ်အင်္ကျီဝတ်ဆင်တော့မယ်ဆိုရင် ကြယ်သီးနှစ်လုံးထက်ပိုပြီး မဖြုတ်ပါနှင့်။

2 9

၃။ လည်စည်း (နက်ကတိုင်)

သင်ဝတ်ဆင်ထားတဲ့ လည်စည်းရဲ့ထိပ်ဖျားဟာ ခါးထိရောက်ရမှာဖြစ်ပြီး အနည်းငယ်လောက်လေး အလည်ရောက်စေပါ။

4 7

၎။ အတို သို့မဟုတ် အဟိုက်

ဒီလိုဖက်ရှင်မျိုးတွေကို ၀တ်ဆင်တော့မယ်ဆိုရင် နှစ်ခုလုံးရောမပ၀တ်ပါနဲ့။ အတိုသပ်သပ်၊ အဟိုက်သပ်သပ် ခွဲခြားပြီး သီးသန့်စီဝတ်ဆင်ပေးပါ။

5 8

၅။ ရုံးတွင်းဖက်ရှင်

အကယ်၍ကုတ်အင်္ကျီမပါဘဲ ရှပ်အင်္ကျီကိုဝတ်ဆင်ထားတယ်ဆိုရင် လည်စည်းဝတ်ထားစရာမလိုပါဘူး။

6 6

၆။ လည်ပင်းအဟိုက်အနက်

သင်ရုံးကိုဝတ်ဆင်တဲ့ ရှပ်အင်္ကျီလည်ပင်းဟာ လည်ပင်းညှပ်ရိုးမှ ၄ လက်မထက်ပိုပြီး မဟိုက်ရပါဘူး။

7 6

၇။ ခါးပတ်

ရှပ်အင်္ကျီကို ဘောင်းဘီခါးအတွင်း ထည့်ဝတ်လိုပါက ခါးပတ်ကိုပါ တွဲဖက်ဝတ်ဆင်ပါ။

8 5

၈။ ခါးတိုအက်ႌ

အင်္ကျီနဲ့ဘောင်းဘီကြားက အသားကိုမဖော်ပြသင့်လို့ လိုအပ်ပါက အတွင်းတစ်ထပ်ရောယှက်ဝတ်ဆင်ပါ။

9 3

၉။ အပွင့်ဒီဇိုင်းများ

ပန်းပွင့်ဒီဇိုင်းတွေ အများကြီးပါတာကို မ၀တ်ပါနဲ့။ အရောင်မတူဘဲ ဒီဇိုင်းမတူတဲ့ဖက်ရှင်နှစ်ခုကို ပေါင်းစပ်ပေးနိုင်ပါတယ်။

12 3

၁၀။ ကြိုးတစ်ချောင်းအင်္ကျီများ

ရုံးဝတ်သည့် လက်ပြတ်ဘလောက်စ်အင်္ကျီများသည် သင့်ရဲ့ပခုံးများကို ဖုံးပေးနိုင်ပေမယ့် ကြိုးတချောင်းအင်္ကျီတွေကတော့ အရေးကြီးအခြေအနေများ၊ အထက်လူကြီးများနှင့်တွေ့ဆုံရသည့်အခါများတွင် အဆင်မပြေပါဘူး။

14 3

source:my style

Read 20403 times
Rate this item
(2 votes)