What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Guide to fashion cloth process

zaw+uni
အထည္စမ်ားကုိ ျဖတ္ေတာက္ၿပီး ခ်ဳပ္လုပ္၍ အ၀တ္အထည္ ထုတ္လုပ္တာ အထည္ခ်ဳပ္လုပ္ငန္းရဲ႕ အေျခခံအလုပ္လုိ႔ ဆုိရပါမယ္။ အဲဒီလုိ ခ်ဳပ္လုပ္တဲ့ အဆင့္ကုိ ေရာက္လာဖုိ႔ လုပ္ရကုိင္ရတဲ့ အဆင့္ဆင့္ေတြ ရွိေနတယ္။ အဲဒီအဆင့္ေတြက ထုတ္လုပ္မယ့္ ဖက္ရွင္ထည္ရဲ႕ ဂုဏ္နဲ႔ အရည္အေသြးကုိ အဆုံးအျဖတ္ေပးပါတယ္။

အရင္ဆုံး အေျဖရွာၾကရတာက ဒီဇုိင္းနဲ႔ စတုိင္လ္။ ဘာေတြ ေခတ္စားေနသလဲ။ ဘာေတြ လန္းေနသလဲ။ ဘာေတြ ဂြမ္းေနသလဲ။ ဘာေတြ ေခတ္စားလာႏုိင္သလဲ။ ေလ့လာအေျဖရွာၿပီး ဒီဇုိင္းကုိ စဥ္းစားဆုံးျဖတ္ၾကတယ္။ အဲဒီဒီဇုိင္းကုိ တကယ့္အ၀တ္အထည္ ျဖစ္လာပုံ ပုံဆြဲၾကည့္တယ္။ ပုံၾကမ္းထုတ္တယ္။ နမူနာ တစ္ထည္ႏွစ္ထည္ ခ်ဳပ္ၾကည့္တယ္။ ျပင္ဆင္မြမ္းမံစရာေတြ ျပင္ဆင္ေပးတယ္။

02 sketch
ဒီဇုိင္းရၿပီဆုိရင္ အဲဒီဒီဇုိင္းကုိ ဘယ္လုိအထည္သားနဲ႔ ခ်ဳပ္မွာလဲဆုိတာ စဥ္းစား ဆုံးျဖတ္ရတယ္။ စတုိင္လ္မွာ အထည္သားက အခရာပဲ။ အထည္သားမတူရင္ ရလာမယ့္ အ၀တ္အစားကလည္း ကြဲျပားတယ္။ အဲဒါေၾကာင့္လည္း နာမည္ႀကီး အမွတ္တံဆိပ္ေတြဟာ သုံးမည့္ အထည္သားကုိ စိတ္ႀကိဳက္သတ္မွတ္ခ်က္ေတြနဲ႔ မွာယူၿပီး အထည္ခ်ဳပ္ၾကတာ ျဖစ္ပါတယ္။ ႀကံဳရာက်ရာ အထည္သားနဲ႔ဆုိ နာမည္က်မယ္။ အခုလုိ မွာယူတဲ့အထည္သားနဲ႔ ခ်ဳပ္ေတာ့ အမ်ားနဲ႔မတူ တစ္မူထူးမယ္။
အထည္သားေတြ မွာၾကားတာမွာ နာမည္ႀကီးတဲ့ ေဈးခင္းကေတာ့ တ႐ုတ္ျပည္ ေတာင္ပုိင္းမွာ ရွိတဲ့ ေက်ာင္းဒ (zhongda) ေဈးခင္း ျဖစ္ပါတယ္။ အထည္သား အမ်ဳိးအစား အကုန္လုံးကုိ ရႏုိင္တဲ့ေနရာတစ္ခု ျဖစ္လုိ႔ ဖက္ရွင္လုပ္ငန္းႀကီးေတြ အထည္သား မွာယူၾကတဲ့ေနရာ ျဖစ္ပါတယ္။

03 fabric
ေယဘုယ်အားျဖင့္ အထည္သားေတြကုိ ႏွစ္မ်ဳိးခြဲလုိ႔ရတယ္။ တစ္မ်ဳိးက ရက္ထည္ (woven)၊ ေနာက္တစ္မ်ဳိးက ဇာထုိးထည္ (Knit jersey)။ ဇာထုိးထည္ဆုိတာက တီရွပ္၊ ပုိလုိရွပ္၊ အားကစား၀တ္စုံ၊ ေျခအိတ္ရွည္ စတာေတြ ခ်ဳပ္ရင္သုံးတဲ့ အထည္သားပါ။
အ၀တ္အစားဖက္ရွင္က အထည္သားနဲ႔ အပ္ခ်ည္တုိ႔ျဖင့္ ကိစၥမၿပီးပါဘူး။ အေဆာင္ အေယာင္ အရံထည္ေတြ လုိတယ္။ ၾကယ္သီး၊ ဇာပန္းထည္၊ ႀကိဳးအလွ၊ ခါးပတ္၊ ခါးပတ္ကြင္း၊ ဖဲႀကိဳးအလွ၊ ဇစ္၊ အလပ္စတစ္ စတာေတြကုိ ထုတ္ထားတဲ့ ဒီဇုိင္းမွာ ပါတဲ့အတုိင္း မွာယူစုေဆာင္းရပါတယ္။

04 accessories
ဒီဇိုင္းအတုိင္း အ၀တ္အစားကုိ ခ်ဳပ္ဖုိ႔ ပက္တင္ Pattern နဲ႔ အရြယ္အစားသတ္မွတ္ခ်က္ ခ်မွတ္ေပးရပါတယ္။ အဲဒါမွ ၀တ္ဆင္တဲ့အခါ ေကာက္ညႇင္းထုတ္လုိ က်ပ္မေနဘဲ အေလာ္ေတာ္ ျဖစ္ေနမယ္။ မီးပုံပ်ံလုိ ပြမေနဘဲ ၾကည့္ေကာင္းမွာ ျဖစ္ပါတယ္။ ပက္တင္နဲ႔ အရြယ္အစား လြဲရင္ အဲဒီအ၀တ္အစား ဂြမ္းၿပီ။

05 pattern

06 label
ထုတ္လုပ္ေရာင္းခ်တဲ့ အ၀တ္အစားမွာ ဂုဏ္ရွိဖုိ႔ အမွတ္တံဆိပ္ကတ္ျပားကုိ လွတပတ တြဲေပးရတယ္။ အဲဒါမွ အ၀တ္အစားထုတ္တဲ့ လုပ္ငန္းရဲ႕ အမွတ္တံဆိပ္ကုိ ရင္ထဲစြဲေနေအာင္ မွတ္မိမယ္။
ၿပီးေတာ့ တင္ပုိ႔ေရာင္းခ်မယ့္ ႏုိင္ငံမွ ျပ႒ာန္းထားတဲ့အတုိင္း အ၀တ္အစားအေၾကာင္း ေဖာ္ျပခ်က္ ေလဘယ္ကုိ ခ်ဳပ္တပ္ေပးရမွာမုိ႔ ေလဘယ္ကုိ လည္း မွာယူထားရမွာ ျဖစ္ပါတယ္။

07 embodry
တခ်ဳိ႕ဒီဇုိင္းေတြက ေဆးဆုိးပန္း႐ုိက္ၿပီးသား အထည္သားျဖင့္ ခ်ဳပ္ရင္ အဆင္မေျပဘူး။ အဆင္းအကြက္ေတြက ျဖစ္ခ်င္တုိင္း ျဖစ္ေနရင္ ဒီဇုိင္းပညာရွင္ရဲ႕ စိတ္ကူးကုိ အက်ည္းတန္ေစတယ္။ ဒီေတာ့ ဒီဇုိင္းထုတ္၊ ပက္တင္နဲ႔ အရြယ္အစားေတြ S M L Xl စသျဖင့္ သတ္မွတ္ေပးၿပီးခ်ိန္က်မွ အထည္သားမွာ ပန္း႐ုိက္ၿပီး ခ်ဳပ္လုိက္တဲ့အခါ အံကုိက္ျဖစ္ေနေစမယ့္ အဆင္းအကြက္ ရေအာင္ လုပ္ၾကတယ္။ ကရိကထ အလြန္မ်ားတာ ျဖစ္ေပမဲ့ အဲဒီလုိ လုပ္ျခင္းျဖင့္ အမွတ္တံဆိပ္ရဲ႕ ဖက္ရွင္ထည္ ဂုဏ္တင့္ပါတယ္။ ဒီအတြက္ ပန္း႐ုိက္တဲ့ နည္းလမ္းအသြယ္သြယ္မွာ ဆီေလ်ာ္ရာကုိ ေရြးခ်ယ္ သုံးစြဲၾကပါတယ္။ silkscreen, puff, digital စသျဖင့္ နည္းလမ္းေတြ ရွိေနပါတယ္။ ေလဆာျဖင့္ ပန္း႐ုိက္တာလည္း ရွိပါတယ္။

07 Black Tie dye07 light blue wash


ဖက္ရွင္ထည္ကုိ အလွဆင္တာမွာ ပန္းထုိးတာကုိလည္း လုပ္ၾကတယ္။ ခ်ည္နဲ႔ ပုံေဖာ္တာမုိ႔ ေဖာင္းၾကြေနတာမုိ႔ အလွပုိတင့္ေစတယ္။ ၿပီးေတာ့ တာရွည္ခံတယ္။ အ၀တ္အစား တည္တံ့သေရြ႕ ပန္းထုိးထားတာကလည္း တည္တံ့ပါတယ္။
လုိအပ္တာေတြ လုပ္ကုိင္ၿပီး အထည္သားကုိ ျဖတ္ေတာက္ခ်ဳပ္လုပ္ၿပီးတဲ့အခါ အထူးျပဳလုပ္ခ်က္ေတြ လုပ္တာမ်ဳိး ရွိပါတယ္။ ေက်ာက္ပြတ္တာ ေဆးဆုိးတာေတြ လုပ္ပါတယ္။ အ၀တ္အစားရဲ႕ တခ်ဳိ႕ေနရာမွာ အေဟာင္းအႏြမ္းလုိ အေရာင္က်ေနၿပီး အခ်ဳိ႕ေနရာမွာ အေရာင္ရင့္ေနတယ္။

08 Tie dye
ခ်ဳပ္ၿပီးရင္ ပုိလီအိတ္နဲ႔ သတ္မွတ္ခ်က္အတုိင္း စနစ္တက် ထုပ္ပုိးေပးရတယ္။ ေရလုံအိတ္ျဖင့္ တစ္ထပ္ထုပ္ပုိးေပးတာမ်ဳိးလည္း ရွိတယ္။ ၿပီးမွာ စကၠဴပုံးထဲ အစီအရီ ထည့္ၿပီး ပိတ္တယ္။ ဘားကုတ္ ကပ္တယ္။ ၿပီးရင္ ေပးပုိ႔ရမယ့္ဆီကုိ ပုိ႔ေပးပါတယ္။

 

Guide to fashion cloth process
အထည်စများကို ဖြတ်တောက်ပြီး ချုပ်လုပ်၍ အဝတ်အထည် ထုတ်လုပ်တာ အထည်ချုပ်လုပ်ငန်းရဲ့ အခြေခံအလုပ်လို့ ဆိုရပါမယ်။ အဲဒီလို ချုပ်လုပ်တဲ့ အဆင့်ကို ရောက်လာဖို့ လုပ်ရကိုင်ရတဲ့ အဆင့်ဆင့်တွေ ရှိနေတယ်။ အဲဒီအဆင့်တွေက ထုတ်လုပ်မယ့် ဖက်ရှင်ထည်ရဲ့ ဂုဏ်နဲ့ အရည်အသွေးကို အဆုံးအဖြတ်ပေးပါတယ်။
အရင်ဆုံး အဖြေရှာကြရတာက ဒီဇိုင်းနဲ့ စတိုင်လ်။ ဘာတွေ ခေတ်စားနေသလဲ။ ဘာတွေ လန်းနေသလဲ။ ဘာတွေ ဂွမ်းနေသလဲ။ ဘာတွေ ခေတ်စားလာနိုင်သလဲ။ လေ့လာအဖြေရှာပြီး ဒီဇိုင်းကို စဉ်းစားဆုံးဖြတ်ကြတယ်။ အဲဒီဒီဇိုင်းကို တကယ့်အဝတ်အထည် ဖြစ်လာပုံ ပုံဆွဲကြည့်တယ်။ ပုံကြမ်းထုတ်တယ်။ နမူနာ တစ်ထည်နှစ်ထည် ချုပ်ကြည့်တယ်။ ပြင်ဆင်မွမ်းမံစရာတွေ ပြင်ဆင်ပေးတယ်။
ဒီဇိုင်းရပြီဆိုရင် အဲဒီဒီဇိုင်းကို ဘယ်လိုအထည်သားနဲ့ ချုပ်မှာလဲဆိုတာ စဉ်းစား ဆုံးဖြတ်ရတယ်။ စတိုင်လ်မှာ အထည်သားက အခရာပဲ။ အထည်သားမတူရင် ရလာမယ့် အဝတ်အစားကလည်း ကွဲပြားတယ်။ အဲဒါကြောင့်လည်း နာမည်ကြီး အမှတ်တံဆိပ်တွေဟာ သုံးမည့် အထည်သားကို စိတ်ကြိုက်သတ်မှတ်ချက်တွေနဲ့ မှာယူပြီး အထည်ချုပ်ကြတာ ဖြစ်ပါတယ်။ ကြုံရာကျရာ အထည်သားနဲ့ဆို နာမည်ကျမယ်။ အခုလို မှာယူတဲ့အထည်သားနဲ့ ချုပ်တော့ အများနဲ့မတူ တစ်မူထူးမယ်။
အထည်သားတွေ မှာကြားတာမှာ နာမည်ကြီးတဲ့ ဈေးခင်းကတော့ တရုတ်ပြည် တောင်ပိုင်းမှာ ရှိတဲ့ ကျောင်းဒ (zhongda) ဈေးခင်း ဖြစ်ပါတယ်။ အထည်သား အမျိုးအစား အကုန်လုံးကို ရနိုင်တဲ့နေရာတစ်ခု ဖြစ်လို့ ဖက်ရှင်လုပ်ငန်းကြီးတွေ အထည်သား မှာယူကြတဲ့နေရာ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် အထည်သားတွေကို နှစ်မျိုးခွဲလို့ရတယ်။ တစ်မျိုးက ရက်ထည် (woven)၊ နောက်တစ်မျိုးက ဇာထိုးထည် (Knit jersey)။ ဇာထိုးထည်ဆိုတာက တီရှပ်၊ ပိုလိုရှပ်၊ အားကစားဝတ်စုံ၊ ခြေအိတ်ရှည် စတာတွေ ချုပ်ရင်သုံးတဲ့ အထည်သားပါ။
အဝတ်အစားဖက်ရှင်က အထည်သားနဲ့ အပ်ချည်တို့ဖြင့် ကိစ္စမပြီးပါဘူး။ အဆောင် အယောင် အရံထည်တွေ လိုတယ်။ ကြယ်သီး၊ ဇာပန်းထည်၊ ကြိုးအလှ၊ ခါးပတ်၊ ခါးပတ်ကွင်း၊ ဖဲကြိုးအလှ၊ ဇစ်၊ အလပ်စတစ် စတာတွေကို ထုတ်ထားတဲ့ ဒီဇိုင်းမှာ ပါတဲ့အတိုင်း မှာယူစုဆောင်းရပါတယ်။
ဒီဇိုင်းအတိုင်း အဝတ်အစားကို ချုပ်ဖို့ ပက်တင် Pattern နဲ့ အရွယ်အစားသတ်မှတ်ချက် ချမှတ်ပေးရပါတယ်။ အဲဒါမှ ဝတ်ဆင်တဲ့အခါ ကောက်ညှင်းထုတ်လို ကျပ်မနေဘဲ အလော်တော် ဖြစ်နေမယ်။ မီးပုံပျံလို ပွမနေဘဲ ကြည့်ကောင်းမှာ ဖြစ်ပါတယ်။ ပက်တင်နဲ့ အရွယ်အစား လွဲရင် အဲဒီအဝတ်အစား ဂွမ်းပြီ။
ထုတ်လုပ်ရောင်းချတဲ့ အဝတ်အစားမှာ ဂုဏ်ရှိဖို့ အမှတ်တံဆိပ်ကတ်ပြားကို လှတပတ တွဲပေးရတယ်။ အဲဒါမှ အဝတ်အစားထုတ်တဲ့ လုပ်ငန်းရဲ့ အမှတ်တံဆိပ်ကို ရင်ထဲစွဲနေအောင် မှတ်မိမယ်။
ပြီးတော့ တင်ပို့ရောင်းချမယ့် နိုင်ငံမှ ပြဋ္ဌာန်းထားတဲ့အတိုင်း အဝတ်အစားအကြောင်း ဖော်ပြချက် လေဘယ်ကို ချုပ်တပ်ပေးရမှာမို့ လေဘယ်ကို လည်း မှာယူထားရမှာ ဖြစ်ပါတယ်။
တချို့ဒီဇိုင်းတွေက ဆေးဆိုးပန်းရိုက်ပြီးသား အထည်သားဖြင့် ချုပ်ရင် အဆင်မပြေဘူး။ အဆင်းအကွက်တွေက ဖြစ်ချင်တိုင်း ဖြစ်နေရင် ဒီဇိုင်းပညာရှင်ရဲ့ စိတ်ကူးကို အကျည်းတန်စေတယ်။ ဒီတော့ ဒီဇိုင်းထုတ်၊ ပက်တင်နဲ့ အရွယ်အစားတွေ S M L Xl စသဖြင့် သတ်မှတ်ပေးပြီးချိန်ကျမှ အထည်သားမှာ ပန်းရိုက်ပြီး ချုပ်လိုက်တဲ့အခါ အံကိုက်ဖြစ်နေစေမယ့် အဆင်းအကွက် ရအောင် လုပ်ကြတယ်။ ကရိကထ အလွန်များတာ ဖြစ်ပေမဲ့ အဲဒီလို လုပ်ခြင်းဖြင့် အမှတ်တံဆိပ်ရဲ့ ဖက်ရှင်ထည် ဂုဏ်တင့်ပါတယ်။ ဒီအတွက် ပန်းရိုက်တဲ့ နည်းလမ်းအသွယ်သွယ်မှာ ဆီလျော်ရာကို ရွေးချယ် သုံးစွဲကြပါတယ်။ silkscreen, puff, digital စသဖြင့် နည်းလမ်းတွေ ရှိနေပါတယ်။ လေဆာဖြင့် ပန်းရိုက်တာလည်း ရှိပါတယ်။
ဖက်ရှင်ထည်ကို အလှဆင်တာမှာ ပန်းထိုးတာကိုလည်း လုပ်ကြတယ်။ ချည်နဲ့ ပုံဖော်တာမို့ ဖောင်းကြွနေတာမို့ အလှပိုတင့်စေတယ်။ ပြီးတော့ တာရှည်ခံတယ်။ အဝတ်အစား တည်တံ့သရွေ့ ပန်းထိုးထားတာကလည်း တည်တံ့ပါတယ်။
လိုအပ်တာတွေ လုပ်ကိုင်ပြီး အထည်သားကို ဖြတ်တောက်ချုပ်လုပ်ပြီးတဲ့အခါ အထူးပြုလုပ်ချက်တွေ လုပ်တာမျိုး ရှိပါတယ်။ ကျောက်ပွတ်တာ ဆေးဆိုးတာတွေ လုပ်ပါတယ်။ အဝတ်အစားရဲ့ တချို့နေရာမှာ အဟောင်းအနွမ်းလို အရောင်ကျနပြေီး အချို့နေရာမှာ အရောင်ရင့်နေတယ်။
ချုပ်ပြီးရင် ပိုလီအိတ်နဲ့ သတ်မှတ်ချက်အတိုင်း စနစ်တကျ ထုပ်ပိုးပေးရတယ်။ ရေလုံအိတ်ဖြင့် တစ်ထပ်ထုပ်ပိုးပေးတာမျိုးလည်း ရှိတယ်။ ပြီးမှာ စက္ကူပုံးထဲ အစီအရီ ထည့်ပြီး ပိတ်တယ်။ ဘားကုတ် ကပ်တယ်။ ပြီးရင် ပေးပို့ရမယ့်ဆီကို ပို့ပေးပါတယ်။

Read 1351 times
Rate this item
(0 votes)