What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီနှစ်ဆောင်းတွင်းမှာ ခေတ်အစားဆုံးဖြစ်နေတဲ့ ဆွယ်တာ ဒီဇိုင်းသစ်

ဖက်ရှင်(fashion)ဆိုသည်မှာ တစ်လနဲ့ တစ်လ၊ ရာသီတစ်ခုနဲ့တစ်ခု၊ တစ်နှစ်နဲ့တစ်နှစ်တောင် ခေတ်စားတာချင်း မတူကြပါဘူး။ အခု ဆောင်းတွင်းကာလလည်း ရောက်ပြီဆိုတော့ winter fashion တွေထဲ မပါမဖြစ်ကတော့ ဆွယ်တာလေးတွေပါပဲ။

လက်တလောမှာတော့ style အရမ်းကျတဲ့ ပျိုမေတွေကြားထဲ ခေတ်စားနေတဲ့ sweater လေးတစ်ခုရှိပါတယ်။

 

အဲဒီဆွယ်တာလေးရဲ့ ပုံစံကတော့ ဒီလိုပါ။ အပေါ်ပိုင်းပဲကြည့်မယ်ဆိုရင်တော့ ရိုးရိုးသာမန်ဆွယ်တာလေးလိုပဲ ထင်ရပေမယ့်လို့ ခန္ဓာကိုယ်ဝင်စရာနေရာ လုံးဝမရှိတဲ့ ဆွယ်တာလေးဖြစ်နေခဲ့ပါတယ်။ ဆိုလိုတာ ဆွယ်တာတစ်ထည်လုံးမှာ လည်ပင်းနဲ့ လက်မောင်းနေရာတွေပဲ စွတ်စရာရှိနေတာပါ။ ရင်ဘတ်၊ ဗိုက်နဲ့ ခါးပိုင်းမှာတော့ ဘာမှကို မရှိတာပေါ့။

Image

 

လက်နဲ့လည်ပင်းအအေးဓာတ်ကိုပဲ လုံအောင်ကာပေးနိုင်မယ့် ဆွယ်တာလေးကိုတော့ Zara က ထုတ်လုပ်ထားခဲ့တာပါ။ Zara brand ဖြစ်တာကြောင့် ဒီဆွယ်တာတစ်ဝက်လေးကိုလည်း ဒေါ်လာ ၂၉ ဒေါ်လာနဲ့ တင်ရောင်းနေခဲ့တာပါ။ ပျိုမေတွေကတော့ အောက်က ရင်ဘတ်လေး နည်းနည်းဟိုက်တဲ့ ကြိုးတစ်ချောင်းလေးကို ခံပြီးဝတ်ကာ fashion ကျနေပေမယ့်လို့ ခေတ်ရဲ့ fashion တွေကို လိုက်မမှီတဲ့အင်တာနက်ပေါ်က လူတစ်စုကတော့ ထိုဒီဇိုင်းနဲ့ပတ်သက်ပြီး တော်တော်လေးကို ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။

Image 3 of KNIT ARM WARMER SWEATER from Zara

 

လက်ဆွယ်တာလား၊ Zara က ဘာပုံတွေ ထုတ်နေတာလဲ၊ ဒီဆွယ်တာကို ဘယ်အရူးက ဝတ်မှာလဲ စသဖြင့် Twitter မှာ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေ ဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Zara website မှာတော့ ဒီဆွယ်တာလေးဟာ ထုတ်ထုတ်ချင်းမှာတင် ရောင်းအားဆက်တိုက်တက်ခဲ့ပြီး အခုဆိုရင် out of stock တောင်ဖြစ်သွားပါပြီ။

Image 1 of KNIT ARM WARMER SWEATER from Zara

 

Myanmar Textile & Garment Guide

Source: zara.com

Read 798 times
Rate this item
(0 votes)