What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အနုပညာလက်ရာမြောက်သော Louis Vuitton ရဲ့ အိတ်ဒီဇိုင်းသစ်(၆)မျိုး မိတ်ဆက်

ဖက်ရှင်ကျကျ အိတ်ကလေးတွေ စုဆောင်းတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် အနုပညာလက်ရာမြောက်တဲ့ အိတ်လေးတွေကို ကြိုက်နှစ်သက်ကြတယ်ဆိုရင် Louis Vuitton ရဲ့ Artycapucines Bag collection လေးကတော့ ဆန်းသစ်တဲ့အနုပညာအရည်အသွေးကို ခံစား နိုင်တဲ့ ဖန်တီးမှုလေးတွေပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက Louis Vuitton ရဲ့ ပထမအကြိမ် Artycapucines Bag Collection လေးကို အနုပညာရှင် (၆) ဦးနှင့်အတူ ART & CULTURE – COLLABORATIONS လေးပြုလုပ်ခဲ့ပါတယ်။ ဒီနှစ်မှာလဲ အထင်ကရ ခေတ်ပြိုင် အနုပညာရှင် (၆) ဦး ဖြစ်တဲ့ “Beatriz Milhazes, Jean-Michel Othoniel, Josh Smith, Henry Taylor, Liu Wei, and Zhao Zhao” တို့နဲ့ တွဲဖက်ပြီး လက်ရာမြောက်တဲ့ ဒီဇိုင်း(၆)မျိုးကို limited collection လေးအဖြစ် ထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ။

 

 

Designed by artist BEATRIZ MILHAZES

ဘရာဇီးနိုင်ငံသူအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Beatriz Milhazes က သူမ ဇာတိနိုင်ငံရဲ့လူကြိုက်များတဲ့ အနုပညာကို inspire ယူပြီး အိတ်ပေါ်တွင် hypnotic paintings ကို ထည့်သွင်းပြီး အလှဆင်ဖန်တီးထားပါတယ်။ ပန်းပွင့်ပေါ်က အရောင်နဲ့ texture တွေကို မတူညီတဲ့သားရေအမျိုးအစား(၁၈)မျိုးနဲ့ ပေါင်းစပ် ဖန်တီးထားတာ တွေ့ရပါတယ်။ LV Logo သင်္ကတကိုလည်း ရွှေမှုန်နဲ့ဂျယ်ကို အသုံးပြုပြီး ဒီဇိုင်းနဲ့လိုက်ဖက်အောင် ဖန်တီးထားတာကိုလဲ တွေ့ရပါတယ်။

 

Designed by Artist LIU WEI

တရုတ်နိုင်ငံသား ပေကျင်းအခြေစိုက် 3D sculpture အနုပညာရှင်တစ်ဦး ဖြစ်တဲ့ LIU WEI က 2019 Venice Biennale ပြပွဲမှာ တွေ့ခဲ့ရတဲ့ ‘Microworld’ မှ geometric architectural ပုံစံကို inspire ယူပြီး ဖန်တီးထားတဲ့ အိတ်လေးတစ်လုံး ဖြစ်ပါတယ်။ ငွေရောင်သားရေနှင့် အမဲရောင်သားရေကို ငွေရောင်ဝက်အူနဲ့ တွဲဆက်ထားပါတယ်။ Black Plexiglas handles ကို အသုံးပြုထားတဲ့ အတွက်ကြောင့် retro-futuristic sense ကို ရစေတဲ့ sculptural creation အိတ်လေးတစ်လုံးအဖြစ် ဖန်တီးထားတာကို တွေ့ရပါတယ်။

 

Designed by Artist HENRY TAYLOR

ကလီဖိုးနီးယားနိုင်ငံသား အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ‘Henry Taylor’ က၂၀၁၅ မှာ ကွယ်လွန်သွားတဲ့ လော့စ်အိမ်ဂျယ်မြို့ရှိ မြေအောက်ပြတိုက်ကို တည်ထောင်သူ အာဖရိကန်-အမေရိကန်အနုပညာရှင် ‘Noah Davis’ ရဲ့သရုပ်ဖော်ထားသော ‘A Young Master’ ပန်းချီကားမှ လူငယ်တစ်ဉီးပုံကို3D,2D & laser printing techniques များဖြင့် ‘Artycapucines Bag’ ကိုဖန်တီးထားတာတွေ့ရပါတယ်။

 

Designed by Artist JEAN-MICHEL OTHONIEL

ပြင်သစ်အခြေစိုက်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Jean Michel Otlhoniel ကသူရဲ့ ‘Artycapucines Bag’ ကို ‘summerbasket’ တစ်မျိုးပုံစံအဖြစ်ကဗျာဆန်ဆန်သရုပ်ဖော်ထားတာတွေ့ရပါတယ်။ လက်ကိုင်ကိုသူ့ရဲ့ iconic လက်ရာဖြစ်တဲ့ပဲရစ်ဘူတာရုံအဝင်ကပန်းတီးစေ့အကြီးကြီးပုံများနဲ့ဖန်တီးထားတာတွေ့ရတဲ့အပြင်အိတ်ရဲ့ကိုယ်ထည်ကိုလည်းဖဲချည်ကို hand-embroidered နည်းနဲ့ပြုလုပ်ဖန်တီးထားတာကိုတွေ့ရှိရပါတယ်။

 

Designed by artist JOSH SMITH

အမေရိကန်နိုင်ငံနယူးယောက်မြို့အခြေစိုက်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ artist Josh Smith’s ရဲ့ ‘Artycapucines Bag’ ကလေးကိုတော့သူကိုယ်တိုင်ရဲလက်မှတ်ပုံနှိပ်စာလုံးပေါင်းကိုဖောင်းကြွအောင်အချက်ပေါင်း၃၈၀,၀၀၀ကျော်ပန်းထိုးထားပြီးတောက်ပတဲ့ရောင်စုံကာလာတွေကို အသုံးပြုဖန်တီးထားတာတွေ့ရပါတယ်။ အတွင်းဘက်မှာတော့သူ့ရဲ့ပန်းချီကား “Palm#3” ကိုprinted လုပ်ပြီးဖန်တီးထားတာတွေ့ရပါတယ်။ အိတ်ရဲ့လက်ကိုင်နဲ့ LV သင်္ကတကိုတော့သစ်သားကိုရွှေရောင်သတ္တုနဲ့ဝန်းရံပြီးပြုလုပ်ထားတာကြောင့်အိတ်ရဲ့အလှကိုပိုပြီးကျက်သရေရှိစေတာတွေ့ရပါတယ်။

 

Designed by Artist ZHAO ZHAO

တရုတ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့Zhao Zhao ရဲ့ ‘Artycapucines Bag’ကလေးကတော့သားရေအမျိုးအစား(၅)မျိုးကိုအသုံးပြုပြီးအစပေါင်း(၃၅၃)စနဲ့ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ အထူးပြုလုပ်ထားတဲ့ silkscreen ပုံနှိပ်စနစ်တွေ ၊ ဖောင်းကြွအောင်ကြိမ်နှုန်းမြင့်ပြုလုပ်တဲ့စနစ်တွေ ၊ 3D ပန်းထိုးစနစ်တွေနဲ့သားရေအမျိုးအစားငါးမျိုးကအစိတ်အပိုင်းသုံးရာကျော်ကိုပေါင်းစပ်ပြီးဖန်တီးထားပါတယ်။ သူ့ရဲ့အထင်ကရ iconic လက်ရာဖြစ်တဲ့ ‘In Extremis No.3’ ပန်းချီကားကိုပုံဖော်ထားတာပဲဖြစ်ပါတယ်။

 

Artycapucines Bags Collection 2020

 

Louis Vuitton Brand နဲ့အထင်ကရအနုပညာရှင်(၆)ဉီးတို့ ပူးပေါင်းဖန်တီးထုတ်လုပ်တဲ့ Artycapucines Bags Collection လေးမှာဒီဇိုင်းတစ်ခုစီအတွက်အရေအတွက်(၂၀၀) ကန့်သတ်ထားပါတယ်။ အောက်တိုဘာ (၃၀)ရက်နေ့မှစတင်ပြီးတစ်ကမ္ဘာလုံးရဲ့ LV online official store ဖြစ်တဲ့ www.louisvuitton.com မှာ US $ 8850 တန်ဘိုးနဲ့ထုတ်လုပ်ရောင်းချသွားမှာဖြစ်တဲ့အကြောင်း LV ရဲ့အိတ်ချစ်သူများအတွက် သတင်းကောင်းပါးလိုက်ရပါတယ်။

 

Myanmar Textile & Garment Guide

Ref: us.louisvuitton.com

Read 1038 times
Rate this item
(0 votes)