What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကျန်းမာရေးကို တဖြည်းဖြည်းထိခိုက်စေနိုင်တာကြောင့် ရှောင်ရှားသင့်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ

လူတွေသတိမထားမိပဲ နေ့စဉ်လုပ်နေမိတဲ့အရာတွေဟာ တဖြည်းဖြည်းချင်း ကျန်းမာရေးကို ဆိုးဝါးလာနိုင်တဲ့ အရာတွေ ရှိနေတတ်ပါတယ်။ ဒီထဲမှာမှ အမျိုးသမီးတွေအနေနဲ့ ကိုယ် အသုံးပြုနေတဲ့ ဖက်ရှင်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေဟာ ကိုယ့်ရဲ့ကျန်းမာရေးကို ထိခိုက်လာတာတွေ ရှိတတ်ပါတယ်နော်။

ဒါကြောင့် ကျန်းမာရေးအတွက် ဆိုးကျိုးများတဲ့ ဖက်ရှင်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများကို ဖော်ပြပေးလိုက်ပါတယ်။

 

ကျပ်လွန်းတဲ့ skinny jeans တွေ

Skinny jeans with side stripes - YAYA

 

ခုခေတ်မှာ skinny jeans ဆိုတာကတော့ ဖက်ရှင်အတွက် မပါမဖြစ် ဝတ်ဆင်လေ့ ရှိတဲ့ ဘောင်းဘီတွေဖြစ်သလို အသက်အရွယ်မရွေးဝတ်ဆင်တတ်ကြတဲ့ အရာတစ်ခုပါ။ ဒီလို skinny jeans တွေက ဖက်ရှင်ကျတာ မှန်ပေမယ့်လို့ တင်းကျပ်လွန်းတဲ့ skinny jeans တွေက ကျန်းမာရေးကို ဆိုးဝါးစေပါတယ်။ တင်းကျပ်လွန်းတဲ့ ဘောင်းဘီတွေကို ဝတ်တဲ့အခါမှာ အာရုံခံစားမှုဆိုင်ရာကို ထိခိုက်စေပြီး သွေးလည်ပတ်မှုကို အဟန့်အတားဖြစ်စေပါတယ်။ နောက်ပြီး တင်းကျပ်လွန်းတာကြောင့် အရေပြားမှာ မှိုနဲ့ ဘက်တီးရီးယားကူးစက်မှုတွေ ဖြစ်ပေါ်စေ နိုင်ပါတယ်။

 

ဒေါင့်မြင့်ဖိနပ်တွေ

EU31=US1.5=UK12 - AstarShoes

 

ဒါကတော့ တော်တော်များများ သိပြီးသားဖြစ်မယ့်အချက်လို့ ထင်ပါတယ်။ ဒေါက်မြှင့်ဖိနပ်တွေဟာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ သိပေမယ့်လို့ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒေါက်မြှင့်ဖိနပ်တွေနဲ့တော့ မကင်းကွာနိုင်ပါဘူး။ ဒါကြောင့် မကြာခဏ စီးတာမျိုး မဟုတ်ပဲ တစ်ခါတစ်လေမှသာ ဒေါက်မြှင့်ဖိနပ်ကို စီးသင့်ပါတယ်။ အမြဲတမ်းလိုလို ဒေါက်မြှင့်ဖိနပ်စီးခြင်းက ခန္ဓာကိုယ်ကို ထိန်းမတ်နေရတဲ့အတွက် ခြေထောက်ကို ထိခိုက်စေပါတယ်။

 

ပါးလွန်းတဲ့ ဖိနပ်အပါးလေးတွေ

 

ဒေါက်မြှင့်ဖိနပ် စီးတာ မကောင်းသလို ပါးလွန်းတဲ့ ဖိနပ်အပါးတွေ အမြဲတမ်း စီးခြင်းဟာလည်း ခြေထောက်ကို ထိခိုက်စေပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်ရဲ့ဖိအားကို ခြေထောက်က ခုခံရတဲ့အတွက် ခြေထောက်ထိခိုက်မှုတွေနဲ့ ခြေဖနောင့် ကွဲအက်နာကျင်ခြင်းတွေကို ခံစားရစေပါတယ်။

 

တင်းကျပ်လွန်းတဲ့ bra တွေ ဝတ်ဆင်ခြင်း

 

တချို့တွေက အတွင်းခံအင်္ကျီတွေကို အရမ်းကြီး တင်းကျပ်ကျပ် ဝတ်ရတာမျိုးကို ကြိုက်တတ်ကြပါတယ်။ ဒါက ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အဲဒီ့ရဲ့နောက်ဆက်တွဲပြသနာတွေက လည်ပင်း၊ ကျောနဲ့ ပခုံးနာကျင်ခြင်းတွေကို ဖြစ်ပေါ်စေတာပါပဲ။ နောက်ပြီး အရေပြားအဖုအပိန့်ထွက်တာတွေနဲ့ ယားယံတာတွေပါ ဖြစ်ပေါ်စေနိုင်ပါတယ်။

 

ပိုက်ဆံအိတ်အကြီးတွေ

madewell transport tote monogram 3a9efb

 

ပိုက်ဆံအိတ်အကြီးကြီးတွေ ကိုင်တာကလည်း ကျန်းမာရေးကို ထိခိုက်စေပါတယ်နော်။ ဘာကြောင့်လဲ ဆိုတော့ ပိုက်ဆံအိတ် အကြီးကြီးကိုင်တဲ့အခါမှာ ပစ္စည်းတွေ အများကြီး သယ်ဖြစ်လာပါတယ်။ ပိုက်ဆံအိတ်ထဲမှာ ဆန့်တာပဲဆိုပြီး ပစ္စည်းတိုင်းလိုလိုက ပိုက်ဆံအိတ်ထဲမှာပဲ ထည့်ဖြစ်တဲ့အခါ အလေးချိန်များတဲ့ အိတ်ကြီးကို သွားလာတဲ့နေရာတိုင်း သယ်သွားနေသလို ဖြစ်နေပါတယ်။ ဒါက ပခုံးနဲ့ ကျောတွေကို နာကျင်စေပြီး အဆစ်တွေနာကျင်ခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။

 

Myanmar Textile & Garment Guide

Source:AM

Read 793 times
Rate this item
(0 votes)