What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Brother မှ အထည်ချုပ်ပရင်တာအသစ်ကို ထုတ်ဖော်ပြသ

Brother မှ အထည်ချုပ်ပရင်တာအသစ်ကို ထုတ်ဖော်ပြသ fibre2fashion

Brother At Your Side သည် အထည်ချုပ်ပရင်တာမှ အဝတ်အစားများကို တိုက်ရိုက်ထုတ်ပေးနိုင်တဲ့ နောက်ဆုံးပေါ် ပရင်တာ Brother GTX pro ကို ပြသခဲ့ပါတယ်။

 

GTX pro မှာ Brother မှ ဦးဆောင်တီထွင်တဲ့ နည်းပညာများနဲ့ ပေါင်းစပ်ထားတဲ့ အဆင့်မြင့် တိုက်ရိုက် အထည်ချုပ်ပရင်တာ ဖြစ်ပါတယ်။ ပရင်တာအသစ်မှာ အလိုအလျောက် သန့်ရှင်းရေးလုပ်ငန်းစဉ်များလည်း ထည့်သွင်းထားသဖြင့် ကုန်ထုတ်လုပ်မှုကို သိသိသာသာ တိုးမြှင့်စေပါတယ်။

 

လက်ရှိမှာ GTX pro ကို ကုမ္ပဏီက အသိအမှတ်ပြုထားတဲ့ အရောင်းကိုယ်စားလှယ်များတွင် ဝယ်ယူရရှိနိုင်ပါတယ်။ လွန်ခဲ့သောလ အနည်းငယ်က GTX pro Bulk ကို စတင် ထုတ်လုပ်ပြီးနောက် အောင်မြင်မှုများ ရခဲ့တယ်လို့လည်း သိရပါတယ်။

 

ထိုပရင်တာအသစ်သည် အသစ်တီထွင်ထားသော အဖြူရောင် print head နည်းပညာကို အသုံးပြု၍ အတွင်းပိုင်းမှင်လည်ပတ်မှုနှင့်အတူ သန့်ရှင်းရေးအတွက် အဖြူရောင်မှင်အနည်းငယ်သာ ရရှိနိုင်ပါတယ်။ အခု ဒီဇိုင်းသစ်တွင် အဖြူရောင်ပုံနှိပ်ခေါင်းရဲ့ features များမှာ ယခင်မော်ဒယ်များနှင့် နှိုင်းယှဉ်လျှင် nozzle များများ ပါရှိပါတယ်။

 

ဒီလို “fast mode” လျင်မြန်တဲ့နှုန်းနဲ့အတူ ချိန်ညှိထားသောကြောင့် ထိုပေါင်းစပ်မှုရဲ့ ရလဒ်ကတော့ ၁၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်စွာ ပုံနှိပ်နိုင်တယ်လို့ သိရပါတယ်။ ထိုပရင်တာထဲတွင် ပြုပြင်ထိန်းသိမ်းမှုအကောင်းဆုံးလုပ်ငန်းစဉ်များကိုပါ ထည့်သွင်းခဲ့ပါတယ်။ အလိုအလျောက် သန့်ရှင်းရေးလုပ်ငန်းစဉ်များကြောင့် ကုန်ထုတ်စွမ်းအားကိုလည်း သိသိသာသာ တိုးပွားစေပါတယ်။

 

၎င်းပရင်တာတွင် Oeko Tex Passport နှင့် GOTS 5.0 အသိအမှတ်ပြု Innobella အထည်အလိပ်များ ပုံနှိပ်ရာတွင်လည်း အသုံးပြုနိုင် ပါတယ်။ သူ့မှာ Height Sensor ပါတဲ့အတွက်ကြောင့် အထည်အလိပ်များ ပိုမိုပြီး ထုတ်လုပ်နိုင်ပါတယ်။

 

ထိုနည်းပညာအသစ်မှာ platen အရမ်းနိမ့်လျှင် မှင်အခိုးအငွေ့များ လျှော့ချရန်နှင့် အရည်အသွေးမြင့်မားသော ပုံနှိပ်အရည်အသွေးကို ရရှိရန်အတွက် စစ်ဆေးနိုင်ပါတယ်။

 

ပရင်တာတွင် ဘောင်းဘီ၊ ဖိနပ်နှင့် ဦးထုပ်ကဲ့သို့သော အထည်အမျိုးမျိုးကို လွယ်ကူစွာ ပုံနှိပ်နိုင်ပါတယ်။ ထို့အပြင် လူနေမှု ပတ်ဝန်းကျင်များအတွက် သင့်လျော်တဲ့ ဒီဇိုင်း၊ အရွယ်အစားနဲ့အတူ တူညီတဲ့ မှင်အမျိုးအစားတွေနဲ့ ပရင်တာတွင် ဝါဂွမ်းမှ ပိုးထည် သို့မဟုတ် polyester အထိ အမျိုးမျိုးသောပစ္စည်းများအားလုံးကို ပုံနှိပ်ထုတ်လုပ်နိုင်တယ်လို့လည်း သိရပါတယ်။

 

Ref: fibre2fashion

Read 879 times
Rate this item
(0 votes)