What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဆယ်ကျော်သက်မိန်းကလေးတွေမှာ ရှိသင့်တဲ့ ဖက်ရှင်များ

ဆယ်ကျော်သက်မိန်းကလေးတွေမှာ ရှိသင့်တဲ့ ဖက်ရှင်များ google

ဆယ်ကျော်သက်အရွယ်တွေဆိုတာ ခေတ်စားတဲ့အဝတ်အစားတွေကို လိုက်စုဆောင်းနေရတာနဲ့တင်  ငွေတော်တော်ကုန်နေပါပြီ။ တကယ်တမ်း အပြင်သွားမဲ့အချိန်ကျရင် ဘယ်ဟာဝတ်သွားလို့သွားရမှန်း မသိဖြစ်တတ်ပါတယ်။

အဲ့လိုမဖြစ်ရအောင် Textileကနေ ယောင်းရဲ့ဗီဒိုထဲမှာ ဆောင်ထားသင့်တဲ့ ဖက်ရှင်တွေကို ပြောပြပေးချင်ပါတယ်နော်။


(1) Flattering Pair of Jeans(ဂျင်းဘောင်းဘီ)

ဒါကတော့ ဆယ်ကျော်သက် အရွယ်တွေမှာ မရှိမဖြစ်ပါနော်။ ဂျင်းဘောင်းဘီဟာဆိုရင် ယောင်းဝတ်ဆင်ရတဲ့ အဝတ်အစားတွေထဲက ယောင်းအတွက် အဆင်ပြေဆုံးဖြစ်ပါလိမ့်မယ်။

ဘယ်နေရာသွားသွား၊ ဘာနဲ့တွဲဝတ်ဝတ် အဆင်ပြေဆုံးအဝတ်အစားလည်းဖြစ်ပါတယ်။ ဂျင်းဘောင်းဘီဟာဆိုရင် အမြဲတမ်း ခေတ်စားနေမဲ့ ဖက်ရှင်စတိုင်လ်လည်းဖြစ်ပါတယ်။

 

1

 

(2) Basic T-Shirts (တီရှပ် များ)

တီရှပ်ဟာဆိုရင်လည်း ဆယ်ကျော်သက်အရွယ်တွေအတွက် ထသွားထလားဖြစ်စေ ၊ ကုတ်နဲ့ခံဝတ်သည့်ဖြစ်စေ အမြဲတမ်း စတိုင်လ်ကျနေမဲ့ ဖက်ရှင်ဖြစ်ပါတယ်။ အရောင်ကာလာတွေနဲ့ တီရှပ်ကိုလည်း ဝတ်ဆင်ပြီး အမြဲတမ်း လန်းနေနိုင်ပါတယ်။

ပြီးတော့ လည်ပင်းပုံစံက အမျိုးမျိုးရှိတာကြောင့် ကိုယ်ကြိုက်နှစ်သက်တဲ့ တီရှပ်ကို ဂျင်းဘောင်းဘီကို တွဲဝတ်ဆင်ခြင်းဖြင့် စတိုင်လ်ကျနေနိုင်ပါတယ်။

 

222

 

(3) Fitted Blazers(အပေါ်ထပ်ကုတ်)

ဒီကုတ်ဟာဆိုရင်တော့ ဆယ်ကျော်သက်အရွယ်တွေကို ပိုပြီးsmart ကျတဲ့ ဖက်ရှင်မျိုးဖြစ်စေမှာပါ။ အပြင်ပွဲတွေသွားလာရတဲ့အခါ ယောင်းကို ပိုပြီး စတိုင်လ်ကျစေမှာပါ။

 

3


(4) Ballet Flats(shoesအပါးလေးတွေ)

ဒါကတော့ ဆယ်ကျော်သက်မိန်းကလေးတွေအကြိုက် ဖြစ်မှာပါ။ ballet flats တွေဟာဆိုရင် ယောင်းကိုပို၍ လှစေပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ဖိနပ်တစ်ရံပါနော်။

4

 

(5) Everyday Studs(သေးငယ်တဲ့နားကပ်တွေ)

ဒါတွေကို ဆယ်ကျော်သက်အရွယ်မှာ ဝယ်လေ့ရှိကြတယ်ဆိုတော့ အထူးပြောစရာမလိုလောက်ပါဘူးနော်။ ဒီ accessory ဆိုတာတွေကတော့ ယောင်းတို့ကို ပို၍ ကြည့်ကောင်းစေမှာပါ။  

 

5

 

(6) Overcoats(Long coat)

ဒါတွေကို ရာသီတိုင်းဝတ်လို့မရပေမဲ့ တောင်ကြီး၊ကလော အစရှိတဲ့ အေးတဲ့နေရာဒေသတွေကို ခရီးသွားတဲ့နေရာမှာတော့ ယောင်းကို ပို၍ ကြည့်ကောင်းနေစေပါလိမ့်မယ်။

6

 

(7) A Cute Bag(ချစ်စရာကောင်းတဲ့ အိတ်တွေ )

ဒီလိုချစ်စရာကောင်းတဲ့အိတ်တွေကတော့ ယောင်းရဲ့ဖက်ရှင်စတိုင်လ်ကို ပိုပြီးကြည်ကောင်းလာစေမှာပါ။

 

7

 

Myanmar Textile & Garment Directory

အဝတ်အစားဆိုင်တွေကို သိချင်တယ်ဆိုရင်တော့ ဒါလေးကိုနှိပ်လိုက်ပါနော်

Read 1387 times
Rate this item
(0 votes)
Tagged under