What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘရာဝတ်ဆင်တဲ့အခါ သိထားသင့်တဲ့ နည်းလမ်းကောင်း (၈)ခု

ဘရာဟာာ အမျိုးသမီးတွေရဲ့ဗီရိုထဲမှာ မရှိမဖြစ်အရေးပါတဲ့ အရာဖြစ်ပါတယ်။ နေ့စဉ်နီးပါးဝတ်ဆင်ရတာကြောင့် သက်တောင့်သက်သာရှိပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေဖို့ အရေးကြီးလှပါတယ်။

ဒါကြောင့် ဘရာဝတ်ဆင်ရာမှာ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိစေမယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးချင်ပါတယ်။

၁။ ချွတ်ချော်မသွားပါစေနဲ့

Dont let your bra slip off min

ဘရာကြိုး ရင်သားပေါ် ဒါမှမဟုတ် ဝမ်းဗိုက်ပေါ် လျောကျခြင်းဟာ တကယ့်အနှောင့်အယှက် တစ်ခုပါပဲ။ ရင်သား အောက်ကနေ ဘရာ ကြိုးကို အနောက်ဘက်မှာချည်ပေးပါ။ ကဲဒါဆိုရင် ဘယ်လိုပဲလုပ်လုပ် ဘရာဟာ မရွေ့တော့ဘဲ တစ်နေရာထဲမှာပဲ ရှိနေမှာပါ။

၂။ ရင်သားပင့်တင်ပေးဖို့အတွက် ပြီးပြည့်စုံတဲ့ လျှို့ဝှက်ချက်

The secret of the perfect push up min

ဒီနည်းပညာဟာ ဓာတ်ပုံရိုက်တဲ့အခါ အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်တယ်။ ပုံမှန်ဝတ်နေကျ အလျားအလိုက် အနေထားအစား ကော်အသင့်ကပ်ထားပြီးသားအုံခွက်ကို ထောင့်ဖြတ်ပုံစံအတိုင်း အောက်ခြေဘက်မှ ကပ်ပေးပါ။ ရင်သားပင့်တင်ပေးချင်ရင်တော့ ဒီနည်းလမ်းကို အသုံးပြုပေးနိုင်ပါတယ်။

၃။ ကြိုး ပွတ်တိုက်ခြင်း

If the straps rub min

သင့်ရဲ့ခန္ဓာကိုယ် အရေပြားနဲ့ ပွတ်တိုက်မိမယ်ဆိုရင် ဆီလီကွန် pad ကို ကြိုးနှင့်အတူ ပူးတွဲ အသုံးပြုနိုင်ပါတယ်။ ဒါဟာ ဘရာကြိုးကြောင့် ဖြစ်ပေါ်တဲ့ နာကျင်မှုဒဏ်မှလည်း ကင်းဝေးစေနိုင်တယ်။

အဝတ်အထည်တွေ လျှော်ဖွတ်တဲ့အခါ ပြုလုပ်လေ့ရှိတဲ့ အမှားများ

၎။ ကြိုးမပါတဲ့ dress တွေက ပိုပြီး သက်တောင့်သက်သာ ရှိနိုင်ခြင်း

Make a strapless dress more comfortable min

ကြိုးမပါတဲ့ dress တွေကို ဝတ်ဆင်ရာမှာ မှန်ကန်တဲ့ ဘရာမျိုးကို ရွေးချယ်ဖို့ လိုအပ်တယ်။ ပုံမှာ ပြထားတဲ့အတိုင်း ဘရာနှင့်dress ကို တွဲပြီး ချုပ်ခြင်းအားဖြင့် သက်တောင့်သက်သာရှိပြီး ဝတ်ရတာ အဆင်ပြေစေပါတယ်။

၅။ ကြိုးကို ဘယ်လို ထိန်းညှိမလဲ?

How to adjust the straps min

လက်၂ချောင်းကို ကြိုးထဲထည့်ပြီး ညှိပေးခြင်းဟာ fit ဖြစ်နိုင်အောင် အကောင်းဆုံးပံ့ပိုးပေးမှုဖြစ်တယ်။ ဒီနည်းလမ်းလေးဟာ လွယ်ကူတာကြောင့် လုပ်ကြည့်ဖို့ မမေ့နဲ့နော်။

၆။ ပင့်တင်ခြင်း

To lift your breasts min

ရင်သားသေးသူတွေရော၊ ရင်သားမလှပတဲ့သူတွေအနေနဲ့ ရင်သားပင့်တင်ပေးဖို့ အကောင်းဆုံး နည်းလမ်းကတော့ နောက်ကျောဘက်မှာ ဘရာကြိုးကို ကြက်ခြေခတ်ပုံစံ တပ်ပေးပါ။

၇။ ကွာဟမှုဖြစ်ခြင်း

If youve got gaps min

ရှပ်အင်္ကျီ ဝတ်ဆင်တဲ့အခါ ကြယ်သီးကြားထဲကနေ ဘရာကို မမြင်စေဖို့အတွက် ကြယ်သီးကြားက ရှပ်ရဲ့အောက်ခြေဖျားမှာ double တိပ်နဲ့ ကပ်ပေးပါ။ ဒါဆိုရင်တော့ အင်္ကျီကြားက ဟတာတွေလည်း မဖြစ်ပေါ်နိုင်တော့ဘူးပေါ့။

၈။ ဘရာများကို မှန်ကန်စွာ သိမ်းဆည်းခြင်း

A comfortable way of storing bras min

ဘရာတွေကို သိမ်းဆည်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ချိတ်နဲ့ အသုံးပြုပြီး သိမ်းဆည်းခြင်းပါပဲ။ ဒီလို လုပ်ခြင်းအားဖြင့် ဘရာပုံပန်းသဏ္ဍန်လည်းမပျက်နိုင်တော့ပါဘူး။

 

Author:TDA

Read 8836 times
Rate this item
(2 votes)