What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ရဲ့အဝတ်ဗီရိုထဲကနေ ရှင်းလင်းဖယ်ရှားသင့်တဲ့ အရာများ

မိန်းကလေးတော်တော်များများဟာ ဖက်ရှင်အသစ်တွေထွက်လာပြီဆိုတာနဲ့ ဝယ်ချင်ကျတဲ့သူတွေမလား။ တစ်ခါတလေ ကိုယ်ဝယ်လိုက်တဲ့ အရာတွေဟာ အသုံးမတည့်ဘဲ ဗီရိုထဲမှာပဲရှိနေပြီး ထုတ်မဝတ်ဖြစ်တာများကြတယ်။

ကိုယ်နဲ့လိုက်ဖက်မှုရှိပြီး မှန်ကန်တဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် အဝတ်အစားတစ်ခုကို ဝယ်ရာမှာဘဲဖြစ်ဖြစ်၊ ဝတ်ဆင်တဲ့ အခါမှာဘဲဖြစ်ဖြစ် ဘယ်လိုအရာမျိုးကို ရွေးချယ်သင့်ပြီး ဘယ်အရာတွေကို ရှင်းလင်းဖယ်ရှားသင့်လဲဆိုတာကို ပြောပြပေးပါမယ်။

1.လူတိုင်းနီးပါးပိုင်ဆိုင်တဲ့အရာ

1
ဘွတ်ဖိနပ်အရှည်တွေဟာ နေရာတိုင်းမှာ ဝတ်ဆင်ဖို့ဆိုတာ အဆင်မပြေပါဘူး။ ဒီလို ဖိနပ်တွေကို ရွေးချယ်မဲ့အစား ပေါ့ပါးပြီး နေ့တိုင်းစီးလို့ အဆင်ပြေစေမယ့် ရှုးဖိနပ်လေးတွေကို ဝတ်ဆင်သင့်ပါတယ်။

2.သင့်ရဲ့ခန္ဓာကိုယ်ကိုပေါ်လွင်စေမယ့် အဝတ်အစားကိုရွေးချယ်ပါ

2
မပြည့်စုံတဲ့ သင့်ရဲ့ခန္ဓာကိုယ်ကို ဖုံးကွယ်နိုင်တဲ့ အဝတ်အစားကိုရွေးပါ။ ခန္ဓာကိုယ်ကို မြင်သာစေမယ့် အဝတ်အစားမျိုးမရွေးချယ်သင့်ပါဘူး။ mimi dress တွေဟာ လှပပြီးဖက်ရှင်ကျပေမဲ့ သင့်ရဲ့ခန္ဓာကိုယ်အချိုးအစားကို မပေါ်လွင်စေပါဘူး။ ဒီဝတ်စုံတွေဟာ သင့်ရဲ့အမြင်ကို မလှပနိုင်အောင်ပြုလုပ်ပေးနိုင်တယ်။ အဲ့ဒီအစား သင့်ရဲ့ခန္ဓာကိုယ်ကို ဖုံးအုပ်ပေးပြီး ပေါ်လွင်တဲ့ maxi dress လိုမျိုးရွေးချယ်သင့်ပါတယ်။

3.အမှတ်တရပစ္စည်းအနေနဲ့ ထုတ်လုပ်ထားတဲ့ တီရှပ်

3
ဒီလို တီရှပ်မျိုးတွေဟာ ဈေးသွားတဲ့အခါတွေနှင့် အိမ်မှာ ဝတ်ဆင်ဖို့အတွက်ပဲပိုကောင်းပါတယ်။ အဲ့ဒီအစား ပြောင်တီရှပ်လေးတွေကို ရွေးချယ်ဝတ်ဆင်ပါ။

4.အသက်အရွယ်နဲ့ သင့်တော်မယ့်အဝတ်အစား

4
ပွရောင်းရောင်းစကပ်အတိုတွေဟာ အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေအနေနဲ့ ကြည့်ရတာမလိုက်ဖက်လှပါဘူး။ pencil စကပ်တွေဟာ သင့်ကို ကြည့်ကောင်းစေမှာအမှန်ပါပဲ။ သင့်ရဲ့ဗီရိုထဲမှာ ဆယ်ကျော်သက်နဲ့တူတဲ့ အဝတ်အစားတွေအစား သင့်အသက်အရွယ်နဲ့ လိုက်ဖက်မယ့်အရာတွေနဲ့ ပြောင်းလဲလိုက်ပါ။

5.အရောင်မှေးမှိန်တဲ့ အဝတ်အစားများ

5
အဖြူရောင်ရှပ်အင်္ကျီကို အနက်ရောင်စကပ်နဲ့တွဲဝတ်မယ်။ sneaker ဖိနပ်နဲ့ဆို မလိုက်ဖက်ဘူး။ သင့်ရဲ့ဖိနပ်နဲ့ အိတ်ကို လိုက်ဖက်အောင်ရွေးချယ်ရမယ်။ အဲ့လိုမျိုး ကန့်သတ်ထားတဲ့ ဖက်ရှင်စည်းကမ်းတွေရှိတယ်။ ဒီလို ကန့်သတ်ထားတာတွေဟာ ခေတ်မရှိတော့ပါဘူး။ သင့်ကိုကြည့်ကောင်းစေဖို့ မတူညီတဲ့အရာတွေကို ပေါင်းစပ်လိုက်ပါ။ ဒီအတွက် မစိုးရိမ်ပါနဲ့။ ဒါဟာ သင့်အတွက် အတွေ့အကြုံကောင်းတစ်ခုပါပဲ။

6.အတွင်းခံအမျိုးအစားတွေကို မှားယွင်းစွာရွေးချယ်ခြင်း

6
အမျိုးသမီးတိုင်း ဘရာရွေးချယ်ရာမှာ မှန်ကန်စွာ ရွေးချယ်တတ်ဖို့ လိုအပ်တယ်။ ပထမဆုံးသင်ဝတ်ဆင်လိုက်တဲ့အခါ ပေါ့ပါးပြီး သက်တောင့်သက်သာရှိရမယ်။သင်နဲ့အံ့ဝင်ခွင်ကျ ဖြစ်စေမယ့် ဘရာကိုရွေးချယ်ရပါမယ်။

7.ခန္ဓာကိုယ်ကို ထုတ်ဖော်တဲ့အဝတ်အစားတွေ

7
သင့်ရဲ့ခန္ဓာကိုယ်ကို ထုတ်ဖော်တဲ့ အဝတ်အစားတွေက မသင့်လျော်ပါဘူး။ အဲ့ဒီအစား စတိုင်ကျပြီး လုံခြုံစေတဲ့ အဝတ်အစားမျိုးကို ရွေးချယ်ပါ။

 

Author:TDA

Read 1175 times
Rate this item
(1 Vote)