What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Party Dressရွေးချယ်နည်းများ

ပါတီပွဲတစ်ခုအတွက် သင့်ရဲ့ဗီရိုကိုကြည့်ပြီး ငါဘာဝတ်သွားရမလဲ။ ပွဲကိုလာမယ့် သင့်သူငယ်ချင်းတွေရဲ့အလန်းစားဖက်ရှင်တွေအကြောင်းကို တွေးပြီး ငါတော့ ပွဲမှာ မလှတော့မှာပဲလို့ သင်စဉ်းစားမိပြီး စိတ်ဓါတ်ကျသွားလိမ့်မယ်။

ဒီလိုအခိုက်အတန့်က မိန်းကလေးတိုင်းမှာရှိပါတယ်။ ခုပြောပြပေးမယ့် အချက်လေးတွေမှာ သင်သိပြီးသားအကြောင်းအရာတွေပါကောင်းပါနေလိမ့်မယ်။ ဒါပေမယ့် ခုအချက်လေးတွေကို စုစည်းပြီး သင့်ပါတီဖက်ရှင်ကိုပြင်ဆင်သွားတဲ့နေရာမှာ ထည့်အသုံးချသွားနိုင်ရင် ဘယ်ပါတီပွဲမှာမဆို သင်ထွန်းလင်းနေမှာပါ။

1. ထင်းလင်းနေမယ့် အပေါ်ဝတ်တစ်ထည်ကို ရွေးချယ်ပါ။

5

သင့်ရဲ့အတွင်းဖက်ရှင်ဝတ်တစ်ခုတည်းကိုသာ အမိုက်စားပြင်ဆင်ပြီး အပြင်အပေါ်ထပ်ဝတ်စုံကို ဂရုမစိုက်တာမျိုးမလုပ်ပါနဲ့။ သူတို့ကိုလည်း အတွင်းထဲကအတိုင်း အမိုက်စားဖြစ်နေပါစေ။

2. မမျှော်လင့်ထားတဲ့ အလွှာအထပ်ပြင်ဆင်မှုကို ဖန်တီးသွားပါ။

6

သင့်အနေနဲ့ လူကြားထဲမှာထင်းလင်းချင်တယ်ဆိုရင် သင့်မှာရှိတဲ့ ဖက်ရှင်အမြင်ကို သာလွန်တဲ့နည်းလမ်းတစ်ခုနဲ့ ပြသနိုင်ရပါမယ်။ မထင်မှတ်ထားတဲ့ အလွှာအထပ်ပြင်ဆင်မှုနဲ့ သူတို့ကို အံ့အားသင့်စေလိုက်ပါ။

3. ထင်းပလိုက်၊ လင်းပလိုက်

2

ပါတီပွဲအတွက်သင်ပြင်ဆင်သွားမယ့် ဖက်ရှင်က အစွမ်းကုန်၊ မီးကုန်ယမ်းကုန်ဖြစ်နေရမယ်။ ပြောချင်တာက သားမွှေးသွားမလား၊ ဆီးကွင့်ဂါဝန်သွားမလား၊ ကျောက်စီထားတဲ့စကပ်နဲ့သွားမလား။ ဘာကိုရွေးချယ်ရွေးချယ် အတောက်ပဆုံး၊ အထွန်းလင်းဆုံးဖြစ်နေပါစေလို့ပြောချင်တာပါ။

4. ခေတ်ပေါ်နဲ့ အချိန်ကန့်သတ်ချက်မရှိခြင်းဆိုတဲ့ အရာနှစ်ခုကို ချိန်ညှိပါ။

4

အကောင်းဆုံးပါတီဝတ်စုံဆိုတာ အချိန်အကန့်အသတ်မရှိတဲ့ အပိုင်းအစကို ခေတ်ကာလတစ်ခုနဲ့ ချိန်ညှိပြသနိုင်တာကို ဆိုလိုပါတယ်။ ဇာ၊ ပိုးဖဲသားစတဲ့ အချိန်တိုင်းအဆင်ပြေမယ့် fabric ကို ခေတ်ပေါ်ဒီဇိုင်းနဲ့ပေါင်းစပ်ထားတဲ့ ၀တ်စုံလိုမျိုးပေါ့။

5. ရာသီစာကို ချီးမွမ်းပါ။

7

ဖန်စီပါတီပွဲမို့လို့ သင့်မှာရှိတဲ့နောက်ဆုံးပေါ်ရာသီစာကိုထုတ်မပြရဘူးလို့ မဆိုလိုဘူးနော်။ ဒါပေမယ့် ရှိသမျှ ရာသီစာအကုန်ပြဖို့ပြောချင်တာမဟုတ်ပါဘူး။ ဘာပြချင်မှန်းမသိ ဖြစ်သွားမှာဆိုးလို့ပါ။ ခုဆို ပလက်ဖောင်းကတ္တပါဘွတ်တွေက ဂါဝန်နဲ့ဆိုသိပ်အတွဲညီနေပါတယ်။

6. မညီညာခြင်းတွေကို တွဲစပ်သွားပါ။

 8

Mix and Match ဆိုတာ ဖက်ရှင်မိန်းကလေးများအနှစ်သက်ဆုံးကစားနည်းဖြစ်ပါတယ်။ bomber ဂျက်ကပ်ကို စကပ်ကားလေးနဲ့တွဲလိုက်တဲ့နည်းလမ်းကို ဥပမာယူပါ။ နှစ်ခုစလုံးက ကွဲပြားနေပေမယ့် ပေါင်းစပ်လိုက်တဲ့အခါ သစ်လွင်ခြင်းနဲ့ အထာကျခြင်းတို့ကို ရရှိစေပါလိမ့်မယ်။

7. Accessories များကို အနည်းဆုံးဝတ်ဆင်သွားပါ။

9

တစ်ကယ်လို့သင့်မှာ အမိုက်စားပါတီဝတ်စုံရှိနေပြီဆိုရင် သင့်ရဲ့ဖက်ရှင်ပရိသတ်ကို အခြားအရာတွေပေါ် မျက်စိမရောက်စေပါနဲ့နော်။

 

Source:Moda

Read 1133 times
Rate this item
(1 Vote)