What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စက္ခ်ဳပ္သမ ေန႔စဥ္မွတ္တမ္းမ်ား စက်ချုပ်သမ နေ့စဉ်မှတ်တမ်းများ

(zaw+uni) ဘဂၤလားေဒ့ရွ္၊ ကေမၻာဒီးယားနဲ႔ အိႏိယတုိ႔မွာ အထည္ခ်ဳပ္လုပ္သားမ်ားကုိ Microfinance Opportunities (MFO) အဖြဲ႕အစည္းမွ ေလ့လာၿပီး

Interactive Reports on the Garment Worker Diaries အမည္ျဖင့္ အစီရင္ခံစာ ထုတ္ျပန္ခဲ့တယ္။ 

Microfinance Opportunities (MFO)ဟာ အျမတ္အစြန္းမရွာတဲ့ ႏုိင္ငံတကာအဖြဲ႕ အစည္းျဖစ္ၿပီး ဝင္ေငြနိမ့္က်တဲ့ အိမ္ေထာင္စုမ်ားရဲ႕ ေငြေရးေၾကးေရး လက္ေတြ႕အမွန္ေတြကုိ နားလည္ဖုိ႔နဲ႔ ဝယ္ယူသုံးစြဲသူေတြကုိ အာ႐ုံစုိက္တဲ့ ဖြံ႕ၿဖိဳးေရးေျဖရွင္းပုံမ်ားကုိ နားလည္ဖုိ႔ ဦးတည္ခ်က္ ထားရွိ္ပါတယ္။ ယခု အစီရင္ခံစာမွာ အသင့္ခ်ဳပ္ၿပီး အဝတ္အစား RMG Ready Made Garment ေတြကုိ ထုတ္လုပ္ေပးရတဲံ လုပ္သားေတြရဲ႕ ဘဝစတုိင္လ္ကုိ ေလ့လာၿပီး တင္ျပေပးထားပါတယ္။ အခုလုိ လုပ္ေဆာင္တာမွာ Fashion Revolution နဲ႔ C&A Foundation တုိ႔ ပူးေပါင္းပါဝင္ထားၾကပါတယ္။

Fashion Revolution ဟာ အျမန္အစြန္းမရွာတဲ့ ကမၻာတစ္လႊား လႈပ္ရွားမႈကုိ အဖြဲ႕မ်ားျဖင့္ လုပ္ကုိင္ၾကၿပီး ႏုိင္ငံေပါင္း ၁ဝဝ ေက်ာ္မွာ သက္ဝင္လႈပ္ရွားလ်က္ ရွိပါတယ္။ Fashion Revolutionရဲ႕ လႈ႔ံေဆာ္မႈေတြဟာ ဖက္ရွင္လုပ္ငန္းနယ္ပယ္မွာ စနစ္တက် ေျပာင္းလဲတုိးတက္မႈေတြ ျဖစ္ေပၚေစဖုိ႔အတြက္ ျဖစ္ၿပီး ဖက္ရွင္ ထုတ္လုပ္ျဖန္႔ျဖဴးကြင္းဆက္တစ္ေလွ်ာက္ ပြင့္လင္းျမင္သာမႈ ရွိဖုိ႔ လုိအပ္ခ်က္အေပၚ စူးစုိက္ထားပါတယ္။

C&A Foundation ဟာ ေကာ္ပုိရိတ္ ေဖာင္ေဒးရွင္းတစ္ခု ျဖစ္ၿပီး ဖက္ရွင္လုပ္ငန္းနယ္ပယ္ တုိးတက္ေကာင္းမြန္ေစဖုိ႔အတြက္ ေျပာင္းလဲႏုိင္ဖုိ႔ အေကာင္းဆုံးနည္းလမ္းေတြကုိ လက္တြဲေဖာ္အဖြဲ႕အစည္းေတြနဲ႔အတူ လုပ္ကုိင္ပါတယ္။ ရခုိင္ျပည္နယ္ အေရးအခင္းေၾကာင့္ ေဖေဖာ္ဝါရီလဆန္းပုိင္းမွာ ျမန္မာႏုိင္ငံအတြက္ အေထာက္အပံ့မ်ားကုိ ဆုိင္းငံ့ခဲ့ပါတယ္။

Garment Worker Diaries အစီရင္ခံစာမွာ အထည္ခ်ဳပ္လုပ္သားတုိ႔ရဲ႕ ေန႔စဥ္ဘဝေတြကုိ ပုံေဖာ္ေပးထားတယ္။ သူတုိ႔ရဲ႕ ပုံမွန္ဝင္ေငြ၊ ေငြသုံးစြဲပုံအက်င့္ေတြကုိ တင္ျပထားတဲ့အျပင္ ဘဝရဲ႕ အတက္အက်ေတြမွာ သူတုိ႔ ဘယ္လုိရင္ဆုိင္ေျဖရွင္းၾကတယ္ဆုိတာေတြကုိ တင္ျပေပးထားတယ္။ လုပ္ခလစာ နည္းပါးျခင္းနဲ႔ စီးပြားေရး မေရရာမေသခ်ာျခင္းတုိ႔ ေပါင္းစပ္ထားတဲ့ အခက္အခဲကုိ ရင္ဆုိင္ေက်ာ္လႊားၿပီး ဆက္လက္ရွင္သန္ၾကတဲ့ သူတုိ႔ရဲ႕ ဘဝဇာတ္ေၾကာင္းေတြကုိ ပုံေဖာ္ေပးထားတယ္။
အခုလုိ တင္ျပဖုိ႔အတြက္ သူတုိ႔ရဲ႕ အိမ္မွာ ဘယ္လုိ္ ေနထုိင္ၾကသလဲ၊ အလုပ္ခြင္မွာ အေျခအေန ဘယ္လုိရွိသလဲ ဆုိတာေတြကုိ ေလ့လာခ့ဲတယ္။ ႏုိင္ငံ ၃ ခုကုိ ေလ့လာခဲ့တာမွာ တစ္ႏုိင္ငံနဲ႔ တစ္ႏုိင္ငံ ေနထုိင္မႈ အေျခအေနေတြ၊ လုပ္ငန္းခြင္ အေျခအေနေတြ အေတာ္ကြာျခားေနတာကုိ သိခဲ့ရပါတယ္။


● ဘဂၤလားေဒ့ရွ္ အထည္ခ်ဳပ္လုပ္သားေတြဟာ ၾကမ္းတမ္းတဲ့ အေျခအေနေတြကုိ ရင္ဆုိင္ေနရတယ္။ အျမတ္ထုတ္ခံရျခင္း အဆုိးဝါးဆုံး ျဖစ္ေနတယ္။ ပ်မ္းမွ်အားျဖင့္ တစ္ပတ္ကုိ အလုပ္ခ်ိန္ နာရီ ၆ဝလုပ္ကုိင္ၾကၿပီး လုပ္ခ တစ္နာရီ ၂၈ တာကာ( ကန္ေဒၚလာ ၁ ေဒၚလာနီးပါး) ရရွိၾကတယ္။ အလုပ္လုပ္ခ်ိန္ေတြရဲ႕ ၆၄ ရာခုိင္ႏႈန္းမွာ
ရရွိတဲ့ တစ္နာရီစာလုပ္ခက တစ္နာရီအတြက္ အနည္းဆုံးလုပ္ခ သတ္မွတ္ခ်က္ထက္ ေလ်ာ့ၿပီး ရၾကတယ္။ ဒီေတာ့ အလုပ္ခ်ိန္ မ်ားမ်ားစားစား ပုိလုပ္ရေပမဲ့ လုပ္ခရတာက ပုိေလွ်ာ့ခ်ခံေနရတဲ့သေဘာ ျဖစ္ေနတယ္။ ဝင္ေငြကုိ အိမ္ေထာင္ဦးစီး အမ်ဳိးသားက ခ်ဳပ္ထိန္းထားတယ္။ စားစရာ၊ အိမ္ငွားခတုိ႔ကုိ သုံးစြဲတယ္။ ပုိတဲ့ေငြနဲ႔ အိမ္ေထာင္စု ဘဝအရည္အေသြး ပုိေကာင္းဖုိ႔အတြက္ သုံးစြဲၾကတယ္။

● ကေမၻာဒီးယားမွာ အထည္ခ်ဳပ္လုပ္သားေတြဟာ သူတုိ႔ရဲ႕ ဝင္ေငြ မ်ားမ်ားရဖုိ႔ အခ်ိန္ပုိ မ်ားမ်ားဆင္းၿပီး လုပ္ကုိင္ၾကရတယ္။ ပ်မ္းမွ်အားျဖင့္ တစ္ပတ္ကုိ ၄၈ နာရီ လုပ္ကုိင္တယ္။ တစ္နာရီစာ ဝင္ေငြက ၃၅ဝဝရီရယ္(ကန္ေဒၚလာ ႏွစ္ေဒၚလာခြဲသာသာ) ရရွိၾကတယ္။ အနည္းဆုံး လုပ္ခလစာကုိ ရရွိၾကၿပီး အခ်ိန္ပုိ လုပ္ကုိင္တဲ့ နာရီေတြအတြက္ ထပ္ေဆာင္းၿပီး ရရွိၾကေသာ္လည္း ေငြေၾကးက်ပ္တည္းမႈ သူတုိ႔မွာ ရွိေနၾကတယ္။ အာဟာရ ျပည့္မီေအာင္ မစားျဖစ္တဲ့ ရက္ေတြရွိၿပီး က်န္းမာေရး ေစာင့္ေရွာက္မႈအတြက္ ေငြသုံးစြဲႏုိင္မႈ အကန္႔အသတ္ ရွိေနတယ္။

အိႏိယမွ အထည္ခ်ဳပ္လုပ္သားေတြမွာ ျပည္ပတင္ပုိ႔ရန္ ခ်ဳပ္လုပ္တဲ့ စက္႐ုံေတြမွာ လုပ္ကုိင္ၾကသူေတြဟာ အနည္းဆုံး လုပ္ခလစာနဲ႔ အထက္ကုိ ရရွိၾကတယ္။ ပင္စင္ အစီအစဥ္ ရွိတယ္။ အစုိးရရဲ႕ အာမခံ အစီအစဥ္ေတြမွာ ပါဝင္ၾကတယ္။ ပ်မ္းမွ်အားျဖင့္ တစ္ပတ္ကုိ ၄၆ နာရီ လုပ္ကုိင္ၾကၿပီး တစ္နာရီ အလုပ္လုပ္တာအတြက္ ဝင္ေငြက ႐ူပီ ၄ဝနီးပါး(ကန္ေဒၚလာ ၂ ေဒၚလာခြဲနီးပါး) ရရွိၾကတယ္။ စူပါလုိ႔ အတုိေကာက္ေခၚေဝၚတဲ့ စူးပါဗုိက္စာ အလုပ္ၾကပ္ေတြရဲ႕ ႏႈတ္အားျဖင့္ ဆူပူႀကိမ္းေမာင္းတာကုိ ခံရေလ့ရွိတယ္။ အမ်ဳိးသမီး စက္ခ်ဳပ္သမေတြဟာ သူရတဲ့ ဝင္ေငြထက္ ခင္ပြန္းသည္ရဲ႕ ဝင္ေငြကုိ ပုိအားကုိးအားထားျပဳၿပီး အိမ္စရိတ္ကုိ ဖူလုံေစရတယ္။

unicode

 စက်ချုပ်သမ နေ့စဉ်မှတ်တမ်းများ

ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားနဲ့ အိနိယတို့မှာ အထည်ချုပ်လုပ်သားများကို Microfinance Opportunities (MFO) အဖွဲ့အစည်းမှ လေ့လာပြီး Interactive Reports on the Garment Worker Diaries အမည်ဖြင့် အစီရင်ခံစာ ထုတ်ပြန်ခဲ့တယ်။
Microfinance Opportunities (MFO)ဟာ အမြတ်အစွန်းမရှာတဲ့ နိုင်ငံတကာအဖွဲ့ အစည်းဖြစ်ပြီး ဝင်ငွေနိမ့်ကျတဲ့ အိမ်ထောင်စုများရဲ့ ငွေရေးကြေးရေး လက်တွေ့အမှန်တွေကို နားလည်ဖို့နဲ့ ဝယ်ယူသုံးစွဲသူတွေကို အာရုံစိုက်တဲ့ ဖွံ့ဖြိုးရေးဖြေရှင်းပုံများကို နားလည်ဖို့ ဦးတည်ချက် ထားရှိ်ပါတယ်။ ယခု အစီရင်ခံစာမှာ အသင့်ချုပ်ပြီး အဝတ်အစား RMG Ready Made Garment တွေကို ထုတ်လုပ်ပေးရတဲံ လုပ်သားတွေရဲ့ ဘဝစတိုင်လ်ကို လေ့လာပြီး တင်ပြပေးထားပါတယ်။ အခုလို လုပ်ဆောင်တာမှာ Fashion Revolution နဲ့ C&A Foundation တို့ ပူးပေါင်းပါဝင်ထားကြပါတယ်။

Fashion Revolution ဟာ အမြန်အစွန်းမရှာတဲ့ ကမ္ဘာတစ်လွှား လှုပ်ရှားမှုကို အဖွဲ့များဖြင့် လုပ်ကိုင်ကြပြီး နိုင်ငံပေါင်း ၁ဝဝ ကျော်မှာ သက်ဝင်လှုပ်ရှားလျက် ရှိပါတယ်။ Fashion Revolutionရဲ့ လှုံ့ဆော်မှုတွေဟာ ဖက်ရှင်လုပ်ငန်းနယ်ပယ်မှာ စနစ်တကျ ပြောင်းလဲတိုးတက်မှုတွေ ဖြစ်ပေါ်စေဖို့အတွက် ဖြစ်ပြီး ဖက်ရှင် ထုတ်လုပ်ဖြန့်ဖြူးကွင်းဆက်တစ်လျှောက် ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်ချက်အပေါ် စူးစိုက်ထားပါတယ်။

C&A Foundation ဟာ ကော်ပိုရိတ် ဖောင်ဒေးရှင်းတစ်ခု ဖြစ်ပြီး ဖက်ရှင်လုပ်ငန်းနယ်ပယ် တိုးတက်ကောင်းမွန်စေဖို့အတွက် ပြောင်းလဲနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတွေကို လက်တွဲဖော်အဖွဲ့အစည်းတွေနဲ့အတူ လုပ်ကိုင်ပါတယ်။ ရခိုင်ပြည်နယ် အရေးအခင်းကြောင့် ဖေဖော်ဝါရီလဆန်းပိုင်းမှာ မြန်မာနိုင်ငံအတွက် အထောက်အပံ့များကို ဆိုင်းငံ့ခဲ့ပါတယ်။

Garment Worker Diaries အစီရင်ခံစာမှာ အထည်ချုပ်လုပ်သားတို့ရဲ့ နေ့စဉ်ဘဝတွေကို ပုံဖော်ပေးထားတယ်။ သူတို့ရဲ့ ပုံမှန်ဝင်ငွေ၊ ငွေသုံးစွဲပုံအကျင့်တွေကို တင်ပြထားတဲ့အပြင် ဘဝရဲ့ အတက်အကျတွေမှာ သူတို့ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြတယ်ဆိုတာတွေကို တင်ပြပေးထားတယ်။ လုပ်ခလစာ နည်းပါးခြင်းနဲ့ စီးပွားရေး မရေရာမသေချာခြင်းတို့ ပေါင်းစပ်ထားတဲ့ အခက်အခဲကို ရင်ဆိုင်ကျော်လွှားပြီး ဆက်လက်ရှင်သန်ကြတဲ့ သူတို့ရဲ့ ဘဝဇာတ်ကြောင်းတွေကို ပုံဖော်ပေးထားတယ်။
အခုလို တင်ပြဖို့အတွက် သူတို့ရဲ့ အိမ်မှာ ဘယ်လို် နေထိုင်ကြသလဲ၊ အလုပ်ခွင်မှာ အခြေအနေ ဘယ်လိုရှိသလဲ ဆိုတာတွေကို လေ့လာခဲ့တယ်။ နိုင်ငံ ၃ ခုကို လေ့လာခဲ့တာမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နေထိုင်မှု အခြေအနေတွေ၊ လုပ်ငန်းခွင် အခြေအနေတွေ အတော်ကွာခြားနေတာကို သိခဲ့ရပါတယ်။


● ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်သားတွေဟာ ကြမ်းတမ်းတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတယ်။ အမြတ်ထုတ်ခံရခြင်း အဆိုးဝါးဆုံး ဖြစ်နေတယ်။ ပျမ်းမျှအားဖြင့် တစ်ပတ်ကို အလုပ်ချိန် နာရီ ၆ဝလုပ်ကိုင်ကြပြီး လုပ်ခ တစ်နာရီ ၂၈ တာကာ( ကန်ဒေါ်လာ ၁ ဒေါ်လာနီးပါး) ရရှိကြတယ်။ အလုပ်လုပ်ချိန်တွေရဲ့ ၆၄ ရာခိုင်နှုန်းမှာ
ရရှိတဲ့ တစ်နာရီစာလုပ်ခက တစ်နာရီအတွက် အနည်းဆုံးလုပ်ခ သတ်မှတ်ချက်ထက် လျော့ပြီး ရကြတယ်။ ဒီတော့ အလုပ်ချိန် များများစားစား ပိုလုပ်ရပေမဲ့ လုပ်ခရတာက ပိုလျှော့ချခံနေရတဲ့သဘော ဖြစ်နေတယ်။ ဝင်ငွေကို အိမ်ထောင်ဦးစီး အမျိုးသားက ချုပ်ထိန်းထားတယ်။ စားစရာ၊ အိမ်ငှါးခတို့ကို သုံးစွဲတယ်။ ပိုတဲ့ငွေနဲ့ အိမ်ထောင်စု ဘဝအရည်အသွေး ပိုကောင်းဖို့အတွက် သုံးစွဲကြတယ်။

● ကမ္ဘောဒီးယားမှာ အထည်ချုပ်လုပ်သားတွေဟာ သူတို့ရဲ့ ဝင်ငွေ များများရဖို့ အချိန်ပို များများဆင်းပြီး လုပ်ကိုင်ကြရတယ်။ ပျမ်းမျှအားဖြင့် တစ်ပတ်ကို ၄၈ နာရီ လုပ်ကိုင်တယ်။ တစ်နာရီစာ ဝင်ငွေက ၃၅ဝဝရီရယ်(ကန်ဒေါ်လာ နှစ်ဒေါ်လာခွဲသာသာ) ရရှိကြတယ်။ အနည်းဆုံး လုပ်ခလစာကို ရရှိကြပြီး အချိန်ပို လုပ်ကိုင်တဲ့ နာရီတွေအတွက် ထပ်ဆောင်းပြီး ရရှိကြသော်လည်း ငွေကြေးကျပ်တည်းမှု သူတို့မှာ ရှိနကြေတယ်။ အာဟာရ ပြည့်မီအောင် မစားဖြစ်တဲ့ ရက်တွေရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုအတွက် ငွေသုံးစွဲနိုင်မှု အကန့်အသတ် ရှိနေတယ်။

အိနိယမှ အထည်ချုပ်လုပ်သားတွေမှာ ပြည်ပတင်ပို့ရန် ချုပ်လုပ်တဲ့ စက်ရုံတွေမှာ လုပ်ကိုင်ကြသူတွေဟာ အနည်းဆုံး လုပ်ခလစာနဲ့ အထက်ကို ရရှိကြတယ်။ ပင်စင် အစီအစဉ် ရှိတယ်။ အစိုးရရဲ့ အာမခံ အစီအစဉ်တွေမှာ ပါဝင်ကြတယ်။ ပျမ်းမျှအားဖြင့် တစ်ပတ်ကို ၄၆ နာရီ လုပ်ကိုင်ကြပြီး တစ်နာရီ အလုပ်လုပ်တာအတွက် ဝင်ငွေက ရူပီ ၄ဝနီးပါး(ကန်ဒေါ်လာ ၂ ဒေါ်လာခွဲနီးပါး) ရရှိကြတယ်။ စူပါလို့ အတိုကောက်ခေါ်ဝေါ်တဲ့ စူးပါဗိုက်စာ အလုပ်ကြပ်တွေရဲ့ နှုတ်အားဖြင့် ဆူပူကြိမ်းမောင်းတာကို ခံရလေ့ရှိတယ်။ အမျိုးသမီး စက်ချုပ်သမတွေဟာ သူရတဲ့ ဝင်ငွေထက် ခင်ပွန်းသည်ရဲ့ ဝင်ငွေကို ပိုအားကိုးအားထားပြုပြီး အိမ်စရိတ်ကို ဖူလုံစေရတယ်။

 

Read 917 times
Rate this item
(0 votes)