What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကျွမ်းကျင်လုပ်သားရှားပါးလာခြင်းနှင့်ကုန်ကျစရိတ်မြင့်ခြင်းကြောင့် ရိုးရာရက်ကန်းလုပ်ငန်းထုတ်လုပ်မှု ကျဆင်းလာ

ကျွမ်းကျင်လုပ်သားရှားပါးလာခြင်းနှင့်ကုန်ကျစရိတ်မြင့်ခြင်းကြောင့် ရိုးရာရက်ကန်းလုပ်ငန်းထုတ်လုပ်မှု ကျဆင်းလာ google

ရိုးရာရက်ကန်းလုပ်ငန်းများတွင် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်လာမှုနှင့် အတူ ကျွမ်းကျင်လုပ်သားရှားပါးခြင်းနှင့် ဈေးကွက်အခြေအနေ တို့ကြောင့်ထုတ်လုပ်မှုကျဆင်းလာကြောင်း သိရသည်။

အဆိုပါရိုးရာရက်ကန်းလုပ်ငန်းများသည် လုပ်ငန်းတွင်အသုံးပြုသော ချည်၊ဆိုးဆေးစသည့်သွင်းအားစုကုန် ကြမ်းဈေးနှုန်းမြင့်တက်ခြင်း၊လုပ်ခတိုးမြှင့်ပေးရခြင်း၊ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်လာခြင်းတို့ကို ရင်ဆိုင်နေရသည်။

ရွှေဘိုမြို့နယ်ရှိ ဂိုးလ်စတားဆိပ်ခွန်လုံချည်အမျိုးမျိုးရောင်းဝယ်ရေးမှဦးတိုးမြင့်က”ကုန်ကြမ်းဈေးတွေတအားမြင့် လာပေမယ့် ကုန်ချောဈေးကို တက်သင့်သလောက်မတက်နိုင်တော့တွက်ခြေမကိုက်တဲ့ အတွက်ထုတ်လုပ်မှုကိုလျော့ချလာကြတာပါ”ဟုပြောသည်။

ယင်းအပြင်ရက်ကန်းလက်မှုပညာသင်ယူချင်သူနည်းပါးလာခြင်း၊ရက်ကန်းလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်း ပြုသူလျော့ကျလာခြင်းတို့ကြောင့် ရက်ကန်းလုပ်ငန်းတွင်အလုပ်သမားနည်းပါးလာကာ ကျွမ်းကျင်လုပ်သားများရှားပါးလာခြင်းဖြစ်ကြောင်းသိရသည်။

ဦးတိုးမြင့်က”ကုန်ကြမ်းဈေးမမြင့်ဘဲထုန်လုပ်မှုကကုန်ချောဈေးနဲ့ တွက်ခြေကိုက်မယ်ဆိုရင် လုပ်ခတိုးမြှင့်တောင်းလည်းပေးနိုင်ပါတယ်။လုပ်ခပေးနိုင်ရင်တော့ လုပ်ချင်သူတွေလည်းများပြီး ကျွမ်းကျင်လုပ်သားရှားပါးမှုကိုလည်း ဖြေရှင်းနိုင်မှာပါ။ လက်ရှိမှာတော့ လုပ်ငန်းတွက်ခြေမကိုက်တာကြောင့် အခက်အခဲတွေတွေ့နေရတယ်”ဟု ပြောသည်။

ရက်ကန်းလုပ်ငန်းတွင်စက်အင်အားအသုံးပြုထုတ်လုပ်လိုသော်လည်း နည်းပညာစက်ကိရီယာအားနည်းခြင်းကြောင့် လိုအပ်ချက်များရှိနေသည်။ 

source: democracy today 

Read 1227 times
Rate this item
(0 votes)