What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာနိုင်ငံရှိ အကောက်ခွန် ကုန်လှောင်ရုံများ၏ အခန်းကဏ္ဍ ဆိုင်ရာ အစိုးရ-ပုဂ္ဂလိကဆွေးနွေးပွဲကျင်းပ

စီးပွားရေးပတ်ဝန်းကျင်တိုးတက်မှု - ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ အထည်ချုပ်နှင့်ထုတ်လုပ်မှုကဏ္ဍ ၊ထောက်ပံ့ပို့ဆောင်ရေး စီမံခန့်ခွဲမှုနှင့် မြန်မာနိုင်ငံရှိ အကောက်ခွန်ကုန်လှောင်ရုံများ၏ အခန်းကဏ္ဍ အစိုးရ-ပုဂ္ဂလိကကဏ္ဍဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

 

စီးပွားရေးပြုပြင်ပြောင်းလဲမှုများတွင်ပါဝင်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့်မြန်မာနိုင်ငံရှိ အကောက်ခွန် ကုန်လှောင်ရုံဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ ယနေ့ စက်တင်ဘာလ (၁၀)ရက်နေ့တွင် မြန်မာနိုင်ငံရှိ အကောက်ခွန် ကုန်လှောင်ရုံများ၏ အခန်းကဏ္ဍ ဆိုင်ရာ အစိုးရ-ပုဂ္ဂလိကဆွေးနွေးပွဲကို Video Conferencing ဖြင့် ကျင်းပခဲ့ပါသည်။

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ၊အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး ၊ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်၊ ကုန်သည်စက်မှုအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး DaNa Facility ၏ ကျွမ်းကျင်ပညာရှင် Dr.Robert Preece က အကောက်ခွန်သိုလှောင်ရုံ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။

 

ထောက်ပံ့ပို့ဆောင်ရေးနှင့် ကုန်ထုတ်လုပ်ရေးကဏ္ဍများတွင် ပြည်တွင်းနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လုပ်ဆောင်ရန် အတွက် ဆိပ်ကမ်းဝန်ဆောင်မှုများ၊ အကောက်ခွန် ကုန်လှောင်ရုံနှင့် ကုန်စည်ပို့ဆောင်ခြင်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်မည့်အခြေအနေများ၊ အကောက်ခွန်သိုလှောင်ရုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်နေခြင်း အခြေအနေနှင့် မူဝါဒဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

 

အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍနှစ်ရပ်လုံးတွင် ပါဝင်ပတ်သက်သူများအကြားထိရောက်သော ညှိနှိုင်းဆောင်ရွက်မှု ယန္တရားများတည်ထောင်ရန်နည်းလမ်းများကို မျှဝေ ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးသို့ အသင်းချုပ်အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများဖြစ်ကြသော ဦးမျိုးသန့်၊ဦးအေးထွန်း၊ ဦးအောင်စိုးသာ၊ ဒေါက်တာဝင်းစည်သူ၊ အစိုးရနှင့်သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

Read 849 times
Rate this item
(0 votes)