What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖန်တီးသူတို့ရဲ့ အကယ်ဒမီဖက်ရှင် ဒီဇိုင်နာ အိကျော်ဇင် (VIVID)

မတ်လ(၂၃)ရက်နေ့ မှာ ကျင်းပပြုလုပ်မယ့် ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲကြီးတွင်ဒီဇိုင်နာအိကျော်ဇင် (VIVID)က ဘယ်သူတွေကို ဘယ်လို တွေ ချုပ်လုပ်ပေးမလဲ ။ဒီဇိုင်းတွေကို ဘယ်လို ထွင်မလဲနဲ့ ပတ်သတ်ပြီးမေးမြန်းထားတာက …………..

အမ ဒီနှစ်အကယ်ဒမီကို အိန္ဒြာကျော်ဇင်၊မေတိုးခိုင်၊မေဆူးမောင်၊နန်းထရေစီတို့ကို ချုပ်ပေးမှာပါ။

ဒီနှစ်တော့ အလက်လက်တွေနဲ့ တောက်ပနေအောင်စီးကွင့်တွေနဲ့ဝတ်စုံတွေကိုဖန်တီးချုပ်လုပ်သွားမှာပါ။ပေါ့ပေါ့ပါးပါးနဲ့ ရိုးရိုးလေး ဘဲ ဖန်တီးဖြစ်မယ်။

မကနှစ်တိုင်းညီမဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကိုဘဲ ချုပ်ပေးတာပေါ့။တာဝန်တော့ကြီးပါတယ်။ဘာလို့ဆို အကုန်လုံးကလှလှပပနဲ့ ဒီပွဲကို တက်ကြတာဆိုတော့ သူ့ကိုလဲလှစေချင်တဲ့စိတ်နဲ့ ခေါင်းထဲမှာ အမြဲတမ်းထည့်ထားပြီးတော့ အမြဲတမ်းအလှဆုံးချုပ်ပေးဖြစ်တာပေါ့။သူနဲ့မနဲ့ကအကြိုက်ခြင်းကလဲတူတယ်။ သူနဲ့ လိုက်တဲ့ ရိုးရိုးလေးဘဲ ကိုယ်လုံးပေါ်မှာလှတာလေးနဲ့ သေသေသပ်သပ်လေးနဲ့ ဖြစ်တဲ့ ဖက်ရှင်မျိုးကိုဘဲအမ ချုပ်ပေးဖြစ်ပါတယ်။

မနှစ်ကချုပ်ပေးဖြစ်တာကတော့ အမတို့အနေနဲ့ ကိုယ့်နိုင်ငံရဲ့ ရိုးရာချိတ်တွေတိမ်ကောစ ပြုလာတဲ့ အတွက် လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်ကတည်းက ချိတ်ရဲ့ ဒီဇိုင်းတွေကို ဖော်ထုတ်ခဲ့ကြပါတယ်။

ခုနှစ်မှာတော့ ဖက်ရှင်ရေစီးကြောင်းက ခေတ်ဟောင်းလမ်းကြောင်းပေါ်ကိုသွားနေပီဖြစ်တဲ့ အတွက်ကြောင့်အလက်လက်လေးတွေနဲ့ စီးကွင့်လေးတွေပြန်ခေတ်စားလာတဲ့ အတွက် အဲ့လိုလေးတွေဖန်တီးချုပ်ဖြစ်မှာပါ။

အမတို့မြန်မာပြည်မှာ ဒီဇိုင်နာတွေကလဲ အရမ်းများလာတယ်။အရမ်းလဲတော်လာကြတယ်။မင်းသမီးတွေကြည့်လိုက်ရင် အံ့မခန်းတကယ်ကို အရမ်းလှကြတယ်။အဲ့တော့ နောက်နှစ်တွေလဲပိုပြီးကြီုးစားရဦးမယ်။တနှစ်တနှစ် လူတိုင်းက ပိုပိုပြီးကြိုးစားပြီး ၀တ်စုံလေးတွေပိုပိုလှလာတော့ ကိုယ်လဲပိုပြီးကြိုးစားရဦးမယ်။အမကတော့ အမအိုင်ဒီယာနဲ့ အမ ခံစားချက်နဲ့ဘဲသွားတာပါဘဲ.။

ကိုယ်ဖန်တီးချုပ်ပေးတဲ့ အနုပညာရှင်တွေရဲ့ အကြိုက်တွေနဲ့ အမကိုယ်တိုင်ပြုလုပ်ထားတဲ့ လက်မှုလက်ရာလေးတွေနဲ့ ဖန်တီးချုပ်လုပ်သွားမှာပါ။

ဒီဇိုင်နာအိကျော်ဇင် (VIVID)ဟာ နှစ်တိုင်းအကယ်ဒမီအိန္ဒြာကျော်ဇင်ကိုသာချုပ်ပေးလေ့ရှိပြီး ဆိုင်လဲဖွင့်လှစ်ထားပါတယ်။ မကြာသေးခင်ကမှဂျပန်နိုင်ငံ HIROKO SHIMOTORI fashionနဲ့ ပူးပေါင်းပြီးဖက်ရှင်ရှိုးပွဲလဲ ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။

Read 1294 times
Rate this item
(0 votes)