What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စက်ချုပ်တတ်ရုံနဲ့ ဒီဇိုင်နာမဖြစ်နိုင်ဘူးလို့ဆိုသူ ဒီဇိုင်နာကေသီ(Elina) နှင့် အင်တာဗျူး

ငယ်စဉ်ထဲက စက်ချုပ်ပညာသင်ကြားရင်း ဒီဇိုင်ဖြစ်လာတဲ့ ဒီဇိုင်နာ ကေသီ(elina)ကဒီဇိုင်းတွေupdate ဖြစ်ဖို့ ဘာတွေလိုအပ်၊ ဒီဇိုင်းနာကောင်းဖြစ်ဖို့ဘယ်လိုအချက်တွေလိုအပ် လဲအပြင် ဒီဇိုင်းအကြောင်းများကို မေးမြန်းထားပါတယ်။

- ဘယ်အချိန်ကစပြီးဒီဇိုင်းတွေကို စိတ်ဝင်စားခဲ့တာလဲ။

ကေသီ ကကလေးဘ၀ထဲက စိတ်ဝင်စားခဲ့တယ်။ ၇တန်းမှာတော့ စက်ချုပ်ပညာသင်ကြားခဲ့ပါတယ်။

- ဒီဇိုင်းပညာကိုဘယ်မှာလေ့လာသင်ယူခဲ့လဲ။

ဒီဇိုင်းပညာထက် ကေသီ စက်ချုပ်ပညာကို အရင်ဆုံးသင်ကြားခဲ့ပါတယ်။ ကေသီ တို့ဘာသာရေးအဖွဲ့အစည်းကဖွင့်လှစ်ထားတဲ့ ပညာဒါနသင်တန်းတွေမှာ ကေသီ တက်ရောက်ခဲ့ပါတယ်။ပြီးတော့ ကေသီ နောက်ပိုင်း ဆရာမတွေဆရာတွေဆီမှာလဲ သင်ကြားခဲ့တယ်။ ကေသီ ရဲ့ဦးလေးကလဲ ပညာတွေအများကြီး သင်ကြားပေးခဲ့ပါတယ်။ လက်ဆောင်စာအုပ်တွေလဲ အများကြီး လက်ဆောင်ပေးခဲ့တယ်။ပေးတဲ့စာအုပ်လက်ဆောင်တွေကို လဲလေ့လာခဲ့တယ်။

28313108 1952946598066251 1392858472 n

 

- ဒီဇိုင်နာအလုပ်က ကိုယ့်အတွက်ဘယ်လောက်အရေးပါလဲ။

ဒီဇိုင်နာအလုပ်က ကိုယ့်အတွက်ဘယ်လောက်အရေးပါလဲဆို ကေသီ ရဲ့ ဘ၀လို့တောင်ပြောလို့ရတယ်။အမ ဒီအလုပ်ကိုရူးသွပ်ခဲ့တယ်။ ကေသီ ၀ါသနာပါတာလဲဖြစ်တယ်။ အသက်မွေးဝမ်းကြောင်းလဲဖြစ်တဲ့ အတွက် ကေသီ အတွက် အရမ်းအရေးပါတဲ့ အလုပ်တခုပါ။

- ဒီဇိုင်းနာကောင်းဖြစ်ဖို့ဘယ်လိုအချက်တွေလိုအပ်ပါလဲ။

ဒီဇိုင်းနာကောင်းဖြစ်ဖို့ဘယ်လိုအချက်တွေလိုအပ်လဲဆိုရင် အဓိကက တွေးခေါ်မှုလိုအပ်တယ်။ စက်ချုပ်ပညာကို သေသေချာချစနစ်တကျသင်ကြားဖို့လိုအပ်တယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ tailorရယ် designer ရယ်ဆိုပြီးတော့ ခွဲခြားထားတာမရှိဘဲနဲ့ အားလုံးကဒီဇိုင်နာဆိုပြီး တစ်တန်းထဲသုံးနေတာတွေ့ရတယ်။အဲ့တာလေးတွေခွဲခြားစေချင်တယ်။

26239016 1904329646261280 928909018900113217 n 1

 

- ဒီနေ့အချိန်မှာ ဒီဇိုင်းအသစ်အဆန်းအမျိုးမျိုး မြင်တွေ့နေရပါတယ်။ဘယ်လိုဒီဇိုင်းမျိုးကရေရှည်တည်တံ့တဲ့ ဒီဇိုင်းဖြစ်မယ်ထင်ပါလဲ။

ဒီဇိုင်းတခုကရေရှည်တယ်ဆိုတာထက် ကိုပြောရရင် ဒီဇိုင်းဆိုတာထက်ကို ဖက်ရှင်နဲ့ စတိုင်ဆိုပြီးရှိတယ်။ဖက်ရှင်ကကျတော့ မတည်မြဲဘူး။ပေါ်ပင်ဆိုတဲ့ သဘောမျိုးပေါ့။လူတွေကိုရုတ်တရက် အရမ်းဖမ်းစားနိုင်တယ်။ပြီးရင်ကွယ်ပျောက်သွားနိုင်တယ်။စတိုင်ကျတော့ ဘယ်တော့မှမရိုးဘူး။အမြဲတည်တံ့တယ်။ဒီဇိုင်းပိုင်းကိုပြောရရင်တော့ ဖက်ရှင်နဲ့ စတိုင်ကို နားလည်ဖို့အရမ်းအရေးကြီးတယ်။တည်မြဲတယ်ဆိုတဲ့ ဒီဇိုင်းဆိုတာထက်ကို ဒီဇိုင်းနဲ့ ဖက်ရှင်က လည်ပတ်နေတယ်။ဥပမာပြောရရင် ၁၉၅၀-၁၉၆၀မှာ ခေတ်စားခဲ့တဲ့ ဒီဇိုင်းတွေဟာ အခုဒီဘက်ခေတ်မှာလဲပြန်ခေတ်စားမှာဘဲ။ဖက်ရှင်ကလှည့်ပတ်နေတယ်။စတိုင်ကတနေရာမှာဘဲ တည်တံ့နေတယ်။

- ဒီဆိုင်ရဲ့ အားသာချက်ကဘာများဖြစ်မလဲ။

အဓိကကတော့ အမဆီကိုလာတဲ့customer နဲ့ အမြဲတိုင်ပင်ပြီးချုပ်လုပ်တယ်။ ကေသီ အပ်ထည်တွေကို အများကြီးလက်ခံထားတာမျိုးမဟုတ်တဲ့ အတွက် တဦးတယောက်ချင်းစီကို  သေချာဒီဇိုင်းဆွဲပေးပြီး သေချာလုပ်ပေးပါတယ်။အမသင်တန်းပေးတယ်။သင်တန်းလေးတခုနဲ့ နေရာလေးတခုရထားတယ်။

- ဒီဇိုင်းသစ်တခုဖန်တီးတဲ့ အခါစိတ်ကူးနဲ့လက်တွေ့တထပ်တည်းကျရဲ့လား။ ကွဲလွဲသွားတာမျိုးရှိလား။

ဒီဇိုင်းသစ်တခုဖန်တီးတဲ့ အခါစိတ်ကူးနဲ့လက်တွေ့တထပ်တည်းကျတဲ့ အခါလဲရှိတယ်။မကျတဲ့အခါလဲရှိတယ်။ ကေသီ တို့နိုင်ငံမှာတခါတလေ ကေသီ တို့ လိုချင်တဲ့ ပုံစံ အမတို့လိုချင်တဲ့ပစ္စည်းက မရတာလေးတွေရှိတယ်။ ပြည်ပအထိသွားဝယ်ရတာတွေရှိတယ်။အဲ့လိုအခါမျိုးကျရင်တော့ စိတ်ကူးနဲ့ လက်တွေ့ကွဲလွဲသွားတာလေးတွေရှိတယ်။

28233075 1952948111399433 1226142479 n

- ဒီဇိုင်းတွေupdate ဖြစ်ဖို့ ဘာတွေလိုအပ်လဲ။

ဒီဇိုင်းတွေupdate ဖြစ်ဖို့ ဘာတွေလိုအပ်လဲဆိုရင် အများကြီးလိုအပ်တယ်လို့အမကတော့ခံယူတယ်။ဘာလို့လဲ ဆို ကေသီ တို့နိုင်ငံမှာက စက်လေးချုပ်တတ်လိုက်တာနဲ့ ဒီဇိုင်နာဆိုပြီးတန်းပြီး ကိုယ့်ကိုယ်ကို ခံယူထားတဲ့ သူတွေအရမ်းများတယ်။အဲ့လိုလူတွေကို အမက ဒီကနေစကားလေးတခွန်းပြောချင်တယ်။ဒီဇိုင်နာလား၊tailor လား၊apparel လား ၊apparel ဆိုလို့ရှိရင်လဲ ကိုယ်က ၀တ်စုံကိုဖန်တီးသူဆိုတာကိုသိရမယ်။   ဖက်ရှင် ဒီဇိုင်နာဆိုလို့ရှိရင်လဲ ဆံဖျားကနေ ခြေဖျားထိကို တာဝန်ယူနိုင်ရမယ်။အဲ့လိုမျိုးမှသာလျှင် ကိုယ့်ကိုယ်ကို ဒီဇိုင်နာလို့သတ်မှတ်လို့ရမယ်။

- Customer တွေကိုအမှတ်တရစကားပြောပေးပါ။

အားပေးကြပါလို့။ကြိုးစားနေပါတယ်လို့။ဒီနေ့ elina(ကေသီ) နဲ့ မနက်ဖြန် elina (ကေသီ)မတူအောင်ကြိုးစားနေပါတယ်။ကိုယ့်ကိုယ်ကိုလဲ တိုးတက်အောင်အမြဲကြိုးစားနေပါတယ်လို့။

Read 10561 times
Rate this item
(4 votes)