What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အစိုးရ ထောက်ပံ့ကြေး တောင်းခံသဖြင့် Victoria Beckham ဝေဖန်ခံရ

Victoria Beckham သည် သူမ၏ ဖက်ရှင်တိုက်မှ ဝန်ထမ်း ၃၀ ဦးအတွက်

ပြည်သူ့ဘဏ္ဍာမှ အစိုးရထောက်ပံ့ကြေး လျှောက်ထားသဖြင့် အပြင်းအထန် ဝေဖန်ခံရပြီး နောက်ဆုံး၌ လျှောက်ထားခြင်းကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့သည်။

"ကျမတို့ အစိုးရထံမှလစာထောက်ပံ့ကြေးတွေ မယူတော့ပါဘူး။ lockdown စစချင်းမှာ ရှယ်ယာရှင်တွေနဲ့ အကြီးတန်း စီမံရေးရာတို့က ဝန်ထမ်းတွေအတွက် အစိုးရထောက်ပံ့ကြေး အနည်းငယ် ရယူဖို့ သဘောတူခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက lockdown ဘယ်လောက်အထိ ကြာမှာလဲဆိုတာ ကျမတို့ မသိနိုင်ဘူး၊ လုပ်ငန်းကို ဘယ်လောက်အထိ ထိခိုက်မှာလဲ ဆိုတာကိုလည်း မသိနိုင်ဘူး။ ကျမအဖွဲ့ ဖူလုံဖို့ဟာ ကျမအတွက် အရေးကြီးနေခဲ့ပါတယ်" ဟု Victoria Beckham က ပြောပြသည်။

"lockdown ထဲကို နေ့ချင်းညချင်း ရောက်ရှိပြီးသွားချိန်မှာ ကုမ္ပဏီက ကျမတို့ရဲ့ ဝန်ထမ်းတွေကို ကာကွယ်ဖို့ အတတ်နိုင်ဆုံး ကြိုးပမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခု ကျမတို့ ပြန်လည်သုံးသပ်ပြီး ပြန်စဉ်းစားပါတယ်။ အဲဒီမှာ ကုမ္ပဏီ ရှေ့ဆက်ဖို့ ပိုကောင်းတဲ့ နည်းလမ်းတွေ ရှိနေတယ်။ ခက်ခဲတဲ့ အချိန်တွေ ရှိခဲ့တယ်။ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ကြရတယ်။ ကျမတို့ အမြဲတမ်းတော့ မှန်မနေနိုင်ပါဘူး။ အခု ကျမတို့ ပြောချင်တာ ကျမတို့တတွေ ကျမတို့ရဲ့ လုပ်ငန်းနဲ့ ကျမတို့ရဲ့ ဝန်ထမ်းတွေကို ကာကွယ်ပေးဖို့ ကြိုးစားနေပါတယ်"

Victoria Beckham ၏ ဖက်ရှင်တိုက်မှ ဝန်ထမ်း ၁၂၀ ဦးတို့သည် အစိုးရလစာထောက်ပံ့ကြေးကိုသာ အနည်းဆုံး နှစ်လ ရရှိလိမ့်မည်ဖြစ်ကြောင်း အသိပေးစာကို ရရှိခဲ့ကြသည်။
Victoria Beckham ၏ ချမ်းသာမှု အသားတင်တန်ဖိုးမှာ ပေါင် ၃၃၅ သန်း ဖြစ်သည့်အပြင် lockdown တွင် မိသားစုနှင့်အတူ အမ်းနနားသည့် အိမ်ကြီးအိမ်ကောင်းမှာ အတူနေထိုင်ပုံများအား လူမှုကွန်ယက်တွင် ဓာတ်ပုံများ ထင်ခဲ့သည်။ သို့ဖြစ်ရာ အစိုးရထောက်ပံ့ငွေ ပေါင် တစ်သိန်းခွဲနီးပါး လျှောက်ထားသည့် သတင်းထွက်ပေါ်လာသည့်အခါ ဝေဖန်မှုများ ပြင်းထန်ပြီး ပွဲဆူသွားခဲ့သည်။

Victoria Beckham ဖက်ရှင်တိုက်သည် Neo Investment Holdings ထံမှ လွန်ခဲ့သည့် သုံးနှစ်က ရင်းနီးမြှုပ်နံမှု ရယူးခဲ့ပြီး ကုမ္ပဏီ၏ အစုရှယ်ယာ ၄၇ ရာခိုင်နှုန်းကို Beckham တို့ လင်မယားက ပိုင်ဆိုင်သည်။ ဖက်ရှင်တိုက်သည် ဖက်ရှင်လောကတွင် နာမည်ကောင်း ရရှိထားသော်လည်း အမြတ်မှာ ပြောပလောက်အောင် မရရှိသေးချေ။

Guardian

အစိုးရ ေထာက္ပံ့ေၾကး ေတာင္းခံသျဖင့္ Victoria Beckham ေဝဖန္ခံရ

Victoria Beckham သည္ သူမ၏ ဖက္ရွင္တိုက္မွ ဝန္ထမ္း ၃၀ ဦးအတြက္ ျပည္သူ႔ဘ႑ာမွ အစိုးရေထာက္ပံ့ေၾကး ေလွ်ာက္ထားသျဖင့္ အျပင္းအထန္ ေဝဖန္ခံရၿပီး ေနာက္ဆုံး၌ ေလွ်ာက္ထားျခင္းကို ႐ုပ္သိမ္းဖို႔ ဆုံးျဖတ္ခဲ့သည္။
"က်မတို႔ အစိုးရထံမွလစာေထာက္ပံ့ေၾကးေတြ မယူေတာ့ပါဘူး။ lockdown စစခ်င္းမွာ ရွယ္ယာရွင္ေတြနဲ႔ အႀကီးတန္း စီမံေရးရာတို႔က ဝန္ထမ္းေတြအတြက္ အစိုးရေထာက္ပံ့ေၾကး အနည္းငယ္ ရယူဖို႔ သေဘာတူခဲ့ၾကပါတယ္။ အဲဒီအခ်ိန္တုန္းက lockdown ဘယ္ေလာက္အထိ ၾကာမွာလဲဆိုတာ က်မတို႔ မသိႏိုင္ဘူး၊ လုပ္ငန္းကို ဘယ္ေလာက္အထိ ထိခိုက္မွာလဲ ဆိုတာကိုလည္း မသိႏိုင္ဘူး။ က်မအဖြဲ႕ ဖူလုံဖို႔ဟာ က်မအတြက္ အေရးႀကီးေနခဲ့ပါတယ္" ဟု Victoria Beckham က ေျပာျပသည္။

"lockdown ထဲကို ေန႔ခ်င္းညခ်င္း ေရာက္ရွိၿပီးသြားခ်ိန္မွာ ကုမၸဏီက က်မတို႔ရဲ႕ ဝန္ထမ္းေတြကို ကာကြယ္ဖို႔ အတတ္ႏိုင္ဆုံး ႀကိဳးပမ္းဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ အခု က်မတို႔ ျပန္လည္သုံးသပ္ၿပီး ျပန္စဥ္းစားပါတယ္။ အဲဒီမွာ ကုမၸဏီ ေရွ႕ဆက္ဖို႔ ပိုေကာင္းတဲ့ နည္းလမ္းေတြ ရွိေနတယ္။ ခက္ခဲတဲ့ အခ်ိန္ေတြ ရွိခဲ့တယ္။ ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်ခဲ့ၾကရတယ္။ က်မတို႔ အၿမဲတမ္းေတာ့ မွန္မေနႏိုင္ပါဘူး။ အခု က်မတို႔ ေျပာခ်င္တာ က်မတို႔တေတြ က်မတို႔ရဲ႕ လုပ္ငန္းနဲ႔ က်မတို႔ရဲ႕ ဝန္ထမ္းေတြကို ကာကြယ္ေပးဖို႔ ႀကိဳးစားေနပါတယ္"

Victoria Beckham ၏ ဖက္ရွင္တိုက္မွ ဝန္ထမ္း ၁၂၀ ဦးတို႔သည္ အစိုးရလစာေထာက္ပံ့ေၾကးကိုသာ အနည္းဆုံး ႏွစ္လ ရရွိလိမ့္မည္ျဖစ္ေၾကာင္း အသိေပးစာကို ရရွိခဲ့ၾကသည္။
Victoria Beckham ၏ ခ်မ္းသာမႈ အသားတင္တန္ဖိုးမွာ ေပါင္ ၃၃၅ သန္း ျဖစ္သည့္အျပင္ lockdown တြင္ မိသားစုႏွင့္အတူ အမ္းနနားသည့္ အိမ္ႀကီးအိမ္ေကာင္းမွာ အတူေနထိုင္ပုံမ်ားအား လူမႈကြန္ယက္တြင္ ဓာတ္ပုံမ်ား ထင္ခဲ့သည္။ သို႔ျဖစ္ရာ အစိုးရေထာက္ပံ့ေငြ ေပါင္ တစ္သိန္းခြဲနီးပါး ေလွ်ာက္ထားသည့္ သတင္းထြက္ေပၚလာသည့္အခါ ေဝဖန္မႈမ်ား ျပင္းထန္ၿပီး ပြဲဆူသြားခဲ့သည္။

Victoria Beckham ဖက္ရွင္တိုက္သည္ Neo Investment Holdings ထံမွ လြန္ခဲ့သည့္ သုံးႏွစ္က ရင္းနီးျမႇဳပ္နံမႈ ရယူးခဲ့ၿပီး ကုမၸဏီ၏ အစုရွယ္ယာ ၄၇ ရာခိုင္ႏႈန္းကို Beckham တို႔ လင္မယားက ပိုင္ဆိုင္သည္။ ဖက္ရွင္တိုက္သည္ ဖက္ရွင္ေလာကတြင္ နာမည္ေကာင္း ရရွိထားေသာ္လည္း အျမတ္မွာ ေျပာပေလာက္ေအာင္ မရရွိေသးေခ်။

Guardian

Read 1270 times
Rate this item
(0 votes)