What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အစားထုိးခံရျခင္း အစားထိုးခံရခြင်း(Zaw+Uni)

အဝတ္အစား ထုတ္လုပ္ေရာင္းခ်သူမ်ား ႀကံဳရသည့္ ေၾကာက္စရာျပႆနာတစ္ခုမွာ အစားထုိးခံရျခင္း ျဖစ္ပါတယ္။

ဝယ္ယူဝတ္ဆင္မယ့္သူတစ္ဦးမွာ သုံးစြဲရမယ့္ေငြက လုိသေလာက္ မရႏုိင္ဘူး။ ဒီေတာ့ တစ္ခုခုကုိ ဝယ္ရင္ တစ္ခုခုကုိ စြန္႔လႊတ္ရတယ္။ ႏွစ္မ်ဳိးစလုံးကုိ ဝယ္ခ်င္ေပမဲ့ မတတ္ႏုိင္ဘူး။ ဒီေတာ့ တစ္ခုကုိေတာ့ မဝယ္ဘဲ ေနလုိက္ရတယ္။ တျခားဟာတစ္ခုကုိ ဝယ္ဖုိ႔ ကုိယ္ထုတ္လုပ္ေရာင္းခ်ေနတာကုိ မဝယ္ဘဲ ေနၾကရင္ အဲဒီလုိ ျဖစ္တာကုိ အစားထုိးခံရျခင္းလုိ႔ ေခၚတယ္။
အဝတ္အစားကုိ ဝယ္မယ့္အစား အဝတ္အစား မဟုတ္တာကုိ ဝယ္လုိက္ရင္ အစားထုိးခံရတာလုိ႔ ဆုိၾကတယ္။
ေရာင္းခ်တဲ့ ေဈးကြက္အပုိင္းအကန္႔မွာ ရွိေနတဲ့ ဝယ္ယူသူတုိ႔ရဲ႕ လူမႈဆုိင္ရာ အခ်က္အလက္ေတြျဖစ္တဲ့ အသက္၊ ဝင္ေငြ၊ လိင္အမ်ဳိးအစား၊ ပညာေရး စတာေတြအေပၚမွာ မူတည္ၿပီး အစားထုိးခံရတဲ့ ေရခ်ိန္ အနည္းအမ်ား ကြဲျပားပါတယ္။

ဥပမာ သက္လတ္ပုိင္း ဝယ္ယူဝတ္ဆင္သူတစ္ဦးျဖစ္ၿပီး ပညာရည္ျမင့္မားတယ္။ အဲဒီ ပညာရည္ေၾကာင့္ လစာဝင္ေငြေကာင္းတယ္ဆုိရင္ အဝတ္အစားကုိ ဦးစားမေပးဘဲ တျခား အရည္အေသြးျမင့္မားတဲ့ ပစၥည္းမ်ဳိးေတြကုိ ဝယ္မယ္။ ေဈးႀကီးတဲ့ အဝတ္အစားကုိ ဝယ္ယူဝတ္ဆင္မွာ မဟုတ္ေပမဲ့ စမတ္ဖုန္းအေကာင္းစားကုိ ဝယ္သုံးမယ္။ အဲဒီလုိဆုိရင္ ေဈးႀကီးတဲ့ အဝတ္အစား မေရာင္းရေတာ့ဘဲ ေဈးႀကီးတဲ့ စဖတ္ဖုန္းက အစားထုိးတာ ခံလုိက္ရတာ ျဖစ္ပါတယ္။

အဲဒီလုိ အစားထုိးခံရတာဟာ အဖ်ားပုိင္းမွာ ျဖစ္ေပၚတာ ျဖစ္ေပမဲ့ အရင္းပုိင္းမွာ ရွိေနတဲ့ အဝတ္အစား ခ်ဳပ္လုပ္သူကုိ လာထိပါတယ္။ သူ႔ဆီ ေအာ္ဒါအပ္တာေတြ ေလ်ာ့က်သြားေစတယ္။ ဒီေတာ့ အဝတ္အစားခ်ဳပ္တဲ့သူဟာ ဘယ္အပုိင္းအကန္႔ေတြကုိ ခ်ဳပ္မွာလဲဆုိတာ ေရြးထားၿပီး ခ်ဳပ္ဖုိ႔ စက္ကိရိယာေတြ၊ ခ်ဳပ္တတ္တဲ့သူေတြ စုစည္းျပင္ဆင္တဲ့အခါ ကုိယ္လုပ္မယ့္ အပုိင္းအကန္႔ေတြမွာ ဘာေတြ ျဖစ္ေနသလဲဆုိတာ သိေအာင္ လုပ္ထားၿပီး ေျမာ္ျမင္ဖုိ႔ လုိပါတယ္။ ကုိယ္လုပ္ကုိင္မယ့္ အပုိင္းအကန္႔ေတြမွာ အစားထုိ္းခံရျခင္းေတြ မျဖစ္ေအာင္ ေရွာင္လြဲထားႏုိင္ရင္ ကုိယ့္ရဲ႕ ထုတ္ကုန္က တစ္ပန္းသာတယ္။
ဥပမာ စမတ္ဖုန္းတစ္မ်ဳိး ဝယ္ယူသူေတြ မ်ားေနရင္ ကုိယ္ခ်ဳပ္မယ့္ ဂ်က္ကက္မွာ အဲဒီဖုန္း ထည့္ဖုိ႔ အေလာ္ေတာ္ျဖစ္မယ့္ အိတ္ကုိ ႏွိပ္သီးနဲ႔ ပိတ္လုိ႔ရတဲ့ အိတ္ေထာင္ကုိ ထည့္ခ်ဳပ္ေပးထားမယ္။ နားၾကပ္ႀကိဳးထုတ္ဖုိ႔ အေပါက္ငယ္လည္း ပါေစမယ္။ အဲဒီလုိဆုိရင္ အဝတ္အစား ဝယ္မယ့္အစား ဖုန္းဝယ္ယူသူေတြဟာ ဖုန္းရဲ႕ တြဲဖက္ျပဳစရာအျဖစ္ အဲဒီ ဂ်က္ကက္ကုိပါ ဝယ္ၾကမယ္။
အဲဒီစိတ္ကူးကုိ AyeGear ကုမၸဏီမွ ထုတ္လုပ္တဲ့ ဂ်က္ကက္ေတြမွာ ေတြ႕ရတယ္။ စမတ္ဖုန္း ႏွစ္လုံးအျပင္ အုိင္ပက္ထည့္ဖုိ႔ပါ အိတ္ေတြ စီမံေပးထားတယ္။ ဂ်က္ကက္ရဲ႕ အတြင္းဘက္မွာ အိတ္ေတြ တပ္ေပးထားတာမုိ႔ ရာသီဥတုဒဏ္ မထိပါးေအာင္ ကာကြယ္ေပးထားတယ္။
အဲဒီလုိ ေဆာင္ရြက္တာေတြဟာ တစ္နည္းေျပာရရင္ သမား႐ုိးက် အဝတ္အစားမွာ အသုံးတကယ္တည့္တာ ျဖည့္ထည့္ၿပီး အဝတ္အစား ဝတ္ဆင္သူအဖုိ႔ တန္ဖုိးပုိရွိသြားေအာင္ လုပ္ထားတာ ျဖစ္ပါတယ္။
ခင္ဗ်ား ထုတ္လုပ္တဲ့ အဝတ္အစားက အစားထုိးခံရဖုိ႔ လြယ္ေနတယ္ဆုိရင္ တန္ဖုိးပုိရွိေအာင္ ႀကံဆၿပီး ျဖည့္ထည့္ေပးရမယ္။

Unicode

အစားထိုးခံရခြင်း
အဝတ်အစား ထုတ်လုပ်ရောင်းချသူများ ကြုံရသည့် ကြောက်စရာပြဿနာတစ်ခုမှာ အစားထိုးခံရခြင်း ဖြစ်ပါတယ်။ ဝယ်ယူဝတ်ဆင်မယ့်သူတစ်ဦးမှာ သုံးစွဲရမယ့်ငွေက လိုသလောက် မရနိုင်ဘူး။ ဒီတော့ တစ်ခုခုကို ဝယ်ရင် တစ်ခုခုကို စွန့်လွှတ်ရတယ်။ နှစ်မျိုးစလုံးကို ဝယ်ချင်ပေမဲ့ မတတ်နိုင်ဘူး။ ဒီတော့ တစ်ခုကိုတော့ မဝယ်ဘဲ နေလိုက်ရတယ်။ တခြားဟာတစ်ခုကို ဝယ်ဖို့ ကိုယ်ထုတ်လုပ်ရောင်းချနေတာကို မဝယ်ဘဲ နကြေရင် အဲဒီလို ဖြစ်တာကို အစားထိုးခံရခြင်းလို့ ခေါ်တယ်။
အဝတ်အစားကို ဝယ်မယ့်အစား အဝတ်အစား မဟုတ်တာကို ဝယ်လိုက်ရင် အစားထိုးခံရတာလို့ ဆိုကြတယ်။
ရောင်းချတဲ့ ဈေးကွက်အပိုင်းအကန့်မှာ ရှိနေတဲ့ ဝယ်ယူသူတို့ရဲ့ လူမှုဆိုင်ရာ အချက်အလက်တွဖြေစ်တဲ့ အသက်၊ ဝင်ငွေ၊ လိင်အမျိုးအစား၊ ပညာရေး စတာတွေအပေါ်မှာ မူတည်ပြီး အစားထိုးခံရတဲ့ ရေချိန် အနည်းအများ ကွဲပြားပါတယ်။

ဥပမာ သက်လတ်ပိုင်း ဝယ်ယူဝတ်ဆင်သူတစ်ဦးဖြစ်ပြီး ပညာရည်မြင့်မားတယ်။ အဲဒီ ပညာရည်ကြောင့် လစာဝင်ငွေကောင်းတယ်ဆိုရင် အဝတ်အစားကို ဦးစားမပေးဘဲ တခြား အရည်အသွေးမြင့်မားတဲ့ ပစ္စည်းမျိုးတွေကို ဝယ်မယ်။ ဈေးကြီးတဲ့ အဝတ်အစားကို ဝယ်ယူဝတ်ဆင်မှာ မဟုတ်ပေမဲ့ စမတ်ဖုန်းအကောင်းစားကို ဝယ်သုံးမယ်။ အဲဒီလိုဆိုရင် ဈေးကြီးတဲ့ အဝတ်အစား မရောင်းရတော့ဘဲ ဈေးကြီးတဲ့ စဖတ်ဖုန်းက အစားထိုးတာ ခံလိုက်ရတာ ဖြစ်ပါတယ်။

အဲဒီလို အစားထိုးခံရတာဟာ အဖျားပိုင်းမှာ ဖြစ်ပေါ်တာ ဖြစ်ပေမဲ့ အရင်းပိုင်းမှာ ရှိနေတဲ့ အဝတ်အစား ချုပ်လုပ်သူကို လာထိပါတယ်။ သူ့ဆီ အော်ဒါအပ်တာတွေ လျော့ကျသွားစေတယ်။ ဒီတော့ အဝတ်အစားချုပ်တဲ့သူဟာ ဘယ်အပိုင်းအကန့်တွေကို ချုပ်မှာလဲဆိုတာ ရွေးထားပြီး ချုပ်ဖို့ စက်ကိရိယာတွေ၊ ချုပ်တတ်တဲ့သူတွေ စုစည်းပြင်ဆင်တဲ့အခါ ကိုယ်လုပ်မယ့် အပိုင်းအကန့်တွေမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ သိအောင် လုပ်ထားပြီး မြော်မြင်ဖို့ လိုပါတယ်။ ကိုယ်လုပ်ကိုင်မယ့် အပိုင်းအကန့်တွေမှာ အစားထို်းခံရခြင်းတွေ မဖြစ်အောင် ရှောင်လွဲထားနိုင်ရင် ကိုယ့်ရဲ့ ထုတ်ကုန်က တစ်ပန်းသာတယ်။
ဥပမာ စမတ်ဖုန်းတစ်မျိုး ဝယ်ယူသူတွေ များနေရင် ကိုယ်ချုပ်မယ့် ဂျက်ကက်မှာ အဲဒီဖုန်း ထည့်ဖို့ အလော်တော်ဖြစ်မယ့် အိတ်ကို နှိပ်သီးနဲ့ ပိတ်လို့ရတဲ့ အိတ်ထောင်ကို ထည့်ချုပ်ပေးထားမယ်။ နားကြပ်ကြိုးထုတ်ဖို့ အပေါက်ငယ်လည်း ပါစေမယ်။ အဲဒီလိုဆိုရင် အဝတ်အစား ဝယ်မယ့်အစား ဖုန်းဝယ်ယူသူတွေဟာ ဖုန်းရဲ့ တွဲဖက်ပြုစရာအဖြစ် အဲဒီ ဂျက်ကက်ကိုပါ ဝယ်ကြမယ်။
အဲဒီစိတ်ကူးကို AyeGear ကုမ္ပဏီမှ ထုတ်လုပ်တဲ့ ဂျက်ကက်တွေမှာ တွေ့ရတယ်။ စမတ်ဖုန်း နှစ်လုံးအပြင် အိုင်ပက်ထည့်ဖို့ပါ အိတ်တွေ စီမံပေးထားတယ်။ ဂျက်ကက်ရဲ့ အတွင်းဘက်မှာ အိတ်တွေ တပ်ပေးထားတာမို့ ရာသီဥတုဒဏ် မထိပါးအောင် ကာကွယ်ပေးထားတယ်။
အဲဒီလို ဆောင်ရွက်တာတွေဟာ တစ်နည်းပြောရရင် သမားရိုးကျ အဝတ်အစားမှာ အသုံးတကယ်တည့်တာ ဖြည့်ထည့်ပြီး အဝတ်အစား ဝတ်ဆင်သူအဖို့ တန်ဖိုးပိုရှိသွားအောင် လုပ်ထားတာ ဖြစ်ပါတယ်။
ခင်ဗျား ထုတ်လုပ်တဲ့ အဝတ်အစားက အစားထိုးခံရဖို့ လွယ်နေတယ်ဆိုရင် တန်ဖိုးပိုရှိအောင် ကြံဆပြီး ဖြည့်ထည့်ပေးရမယ်။

Read 1024 times
Rate this item
(0 votes)