What's new
×
Warning
JUser: :_load: Unable to load user with ID: 845
Top 30 Most Valuable Spanish Brands
Zaw+Uni ကမ္ဘာ့အကြီးမားဆုံး အ၀တ်အစားလက်လီအရောင်းလုပ်ငန်း Zara ဟာ စပိန်မှာ တန်ဖိုးအကြီးမားဆုံး brand ဖြစ်တယ်လို့
Uni
ကမ္ဘာ့အကြီးမားဆုံး အဝတ်အစားလက်လီအရောင်းလုပ်ငန်း Zara ဟာ စပိန်မှာ တန်ဖိုးအကြီးမားဆုံး brand ဖြစ်တယ်လို့ BrandZ Top 30 Most Valuable Spanish Brands မှ ထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြထားပါတယ်။ အသွက်ဖက်ရှင်ကို ဦးဆောင်နေတဲ့ Zara ရဲ့ တန်ဖိုးကို ကန်ဒေါ်လာ ၂၅.၁ ဘီလျံရှိတယ်လို့ ဖော်ပြထားပါတယ်။ Zara မှာ စတိုးဆိုင်စုစုပေါင်း ၂,၂ဝဝ ကျော် ရှိပြီးနိုင်ငံပေါင်း ၉၃ နိုင်ငံမှာ ဖွင့်လှစ်ထားပါတယ်။
စပိန်နိုင်ငံမှာ ထိပ်တန်း ၃၀ brand တွေထဲမှာ အဝတ်အစားလုပ်ငန်း ၆ ခု ပါဝင်နေပါတယ်။ ●Zara အပြင် ပါဝင်ကြတဲ့ အဝတ်အစားလုပ်ငန်းတွေကတော့
●Massimo Dutti (ကန်ဒေါ်လာ ၂.၈ ဘီလျံ)
●Stradivarius (ကန်ဒေါ်လာ ၂.၈ ဘီလျံ)
●Bershka (ကန်ဒေါ်လာ ၂.၈ ဘီလျံ)
●Pull&Bear (ကန်ဒေါ်လာ ၂.၈ ဘီလျံ)
တို့ဖြစ်ပြီး အဲဒီ အဝတ်အစားလုပ်ငန်း လေးခုစလုံးကို Zara ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Inditex က ပိုင်ဆိုင်ပါတယ်။ ထိပ်တန်း ၃ဝ ထဲ ပါဝင်တဲ့ နောက်ထပ် အဝတ်အစား လုပ်ငန်းကတော့ ●Mango (ကန်ဒေါ်လာ ၂.၈ ဘီလျံ) ဖြစ်ပါတယ်။
2017 BrandZ Top 100 Most Valuable Global Brands မှာတော့ Zara က နံပါတ်(၃၄) ဖြစ်ပါတယ်။
စပိန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အထည်အလိပ်ထုတ်လုပ်မှု အများဆုံးနိုင်ငံစာရင်းမှာ စတုတ္ထနေရာမှာ ရှိနေပါတယ်။ အဲဒီ နောက်ခံကားချပ် ဝန်းကျင် ရှိနေပြီးဆန်းသစ်တီထွင်မှုများဖြင့် အထည်ချုပ်လုပ်ငန်းတွေကို လုပ်ကိုင်ကြတာမှာ လက်လီအရောင်းကို စွမ်းရည်မြင့်မားအောင် ကြံဆောင်လုပ်ကိုင်တဲ့အပြင် e-commerce ကိုလည်း အောင်အောင်မြင်မြင်လုပ်ကိုင်နိုင်တာမို့ ယခုလို တန်ဖိုးမြင့်မားတဲ့ brand တွေအဖြစ်ကို ရောက်ရှိကြပါတယ်။ ဝယ်ယူသူတွေကို ဒစ်ဂျစ်တယ်နဲ့ ဆိုရှယ်မီဒီယာတို့မှတစ်ဆင့် ထိတွေ့ပေးနေတဲ့အပြင် မိုဘိုင်းဖုန်းအက်ပ်နဲ့ ဈေးဝယ်နိုင်အောင်လည်း စီစဉ်ပေးထားတယ်။ Youtube မှာ အရည်အသွေးမြင့်မားတဲ့ ကြော်ငြာဗီဒီယိုတွေ တင်ဆက်တယ်။ ဝယ်ယူသူက စိတ်ကြိုက်ရွေးချယ်နိုင်အောင်လည်း အမျိုးအမည် အများအပြား ထုတ်လုပ်ပေးတယ်။ ဈေးနှုန်းကို လူလတ်တန်းစား တတ်နိုင်တဲ့ဈေး သတ်မှတ်ပေးထားပါတယ်။
Read 947 times
Rate this item
(0 votes)