What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကန်ဒေါ်လာ တစ်သိန်းသုံးသောင်းခွဲ တော်ဝင်နန်းထိုက် သတို့သမီးဝတ်စုံ

ဗြိတိန် ရွှေနန်းတော်မှ Prince Harry နဲ့ နောက်ထပ် နှစ်ပတ်အကြာ မေလ ၁၉ ရက်မှာ လက်ထပ်ထိမ်းမြားတော့မယ်။


သတိုးသား Harry က အသက် ၃၃ နှစ်၊ သတို့သမီး Meghan က အသက် ၃၆ နှစ်ဖြစ်သဖြင့် အသက် ၃ နှစ်ကွာခြားပါတယ်။
သတို့သမီး Meghan Markle အတွက် သတို့သမီး ၀တ်စုံ ချုပ်လုပ်တာကို အချိန်မကျသေးခင်မှာ လူသိမခံဘဲ လျှို့ဝှက်ထားခဲ့ပြီး

ယခုတော့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါပြီ။
သတို့သမီးဝတ်စုံကို ဗြိတိန်ဖက်ရှင်တိုက် Ralph & Russo မှ ဒီဇိုင်းထုတ် ချုပ်လုပ်တယ်လို့ dailymail မှာ သတင်းဖော်ပြထားပါတယ်။
သတို့သမီး ၀တ်စုံအတွက် ကုန်ကျစရိတ်ကို သတို့သားဘက်မှ အကုန်အကျခံပါတယ်။
ကုန်ကျစရိတ်မှာ ပေါင် တစ်သိန်း(ကန်ဒေါ်လာ ၁၃၅၀၀၀) ဖြစ်ပါတယ်။
ဈေးအရမ်းများသည်ဟု ထင်စရာရှိသော်လည်း ကျွမ်းကျင်လက်မှုပညာသည်များဖြင့် နာရီပေါင်း ရာချီကြာအောင် ချုပ်လုပ်ထားပြီး

တစ်ထည်လုံးနီးပါး လက်ချုပ်ဖြင့် ချုပ်ထားတာမို့ ဈေးကြီးရတာ ဖြစ်ပါတယ်လို့ Ralph & Russo ဖက်ရှင်တိုက်မှ ရှင်းပြထားပါတယ်။

Ralph & Russo သတို့သမီး ၀တ်စုံ SS16

http://www.textiledirectory.com.mm/articles/item/984-ralph-russo-ss16.html

Meghan Markle Ralph Russo wedding dress 955581

 

 

Read 1396 times
Rate this item
(0 votes)