မိခင်တိုင်း သားသမီးလေးတွေကို ချစ်ကြတာ သဘာဝပါ။ မေမေ တွေရဲ့ သမီးလေးတွေကတော့ တီးတိုးတိုင်ပင်ဖော်လဲရ၊ ချစ်စရာကောင်းအောင်လဲ ချွဲတတ်တော့ ပိုချစ်ကြတာပေါ့။ မေမေနဲ့ မီးမီးလေးတွေ တီတီလေးနဲ့ တူမပေါက်စလေးတွေ ဆင်တူလေးတွေ ဝတ်ထားတဲ့အခါ လှနေအောင်လို့ ဆင်တူ ဖက်ရှင်လေးတွေကို မျှဝေ ပေးလိုက်ပါတယ်။