What's new

×

Warning

JUser: :_load: Unable to load user with ID: 845


"62nd India International Garment Fair” ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်နိုင်

"62nd India International Garment Fair” ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်နိုင် Google

        "62nd India International Garment Fair” ပြပွဲကို ၁၆-၁-၂၀၁၉ ရက်နေ့ကနေ ၁၈-၁-၂၀၁၉ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ Greater Noida မြို့၊India Expo Mart မှာ သုံးရက်ကြာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

        အဆိုပါ ပြပွဲဟာ နှစ်စဉ် တစ်နှစ် (၂) ကြိမ် ဇန်နဝါရီလနဲ့ ဇူလိုင်လမှာ ကျင်းပတဲ့ အိန္ဒိယအထည်အလိပ်ပြပွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များလဲ ပါဝင်တက်ရောက်ပြသနိုင်ပါတယ်။

        ဒီပြပွဲဟာ အိန္ဒိယမှ တင်ပို့ရောင်းချသူများကို ကမ္ဘာ့အဆင့်မီ စီးပွားရေးပလက်ဖောင်းတစ်ခု ပံ့ပိုးပေးခြင်း ၊ Ready - made Garments & Fashion Accessories ဝယ်ယူနေတဲ့ ကမ္ဘာ့အနှံ့က အဓိက buyers များကို လိုအပ်တဲ့ sourcing များနှင့်တွေ့ဆုံပေးခြင်း၊ ပြပွဲမှာ head – to – toe ဖက်ရှင်ပစ္စည်းများ ၊ အရည်အသွေးမြင့် အမျိုးသားဝတ်၊အမျိုးသမီးဝတ်၊ကလေးဝတ်နှင့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ ပါဝင်ပြသခြင်း၊ Buyer Screening ကော်မတီ မှ ရွေးချယ်ခံရတဲ့ buyers များကို (၃) ညတာ ဟိုတယ်တည်းခိုခွင့် ပံ့ပိုးပေးခြင်း အစီအစဉ်များ ပါဝင်မှာဖြစ်ပါတယ်။

        အဆိုပါပြပွဲမှာ ပါဝင်ပြသလိုတဲ့ ကုန်သည်စက်မှုအသင်းချုပ်က အသင်းသားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အနေဖြင့် ဝယ်ယူသူများအဖြစ် တက်ရောက်လိုပါက www.indiaapparelfair.com မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

        အသေးစိတ်အချက်အလက်တွေကို ထပ်မံ သိရှိလိုပါက အသင်းသားရေးရာဌာန/ပြပွဲဌာနစိတ် ဖုန်း ၀၁ - ၂၃၁၄၃၄၄ (Ext - ၃၀၁) သို့မဟုတ် အီးမေးလ် itpc. This email address is being protected from spambots. You need JavaScript enabled to view it. ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Source: ကုန်သည်စက်မှုအသင်းချုပ်

Read 6426 times
Rate this item
(1 Vote)