What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရှောင်ကျဉ်သင့်တဲ့ အ၀တ်အစား ၅မျိုး

ကိုယ့်ကို တစ်ဖက်သူက မြင်လိုက်တာနဲ့ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာ တန်းပြီးသိနိုင်ဖို့ ဖက်ရှင်က ပံ့ပိုးပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဖက်ရှင်ကျကျ ၀တ်စားဆင်ယင်တဲ့အခါမှာ ရှောင်ကျဉ်သင့်တဲ့ အ၀တ်အစား ၅ မျိုးကို ပြောပြချင်ပါတယ်။

၁။ Junk Clothing

ပျက်စီးနေပြီးသား ပွန်းပဲ့နေပြီးသား အ၀တ်အစားတွေကို ၀တ်ဆင်ခြင်း ၀ယ်ယူခြင်းကနေရှောင်ကျည်ပါ။ တခါတလေ ဗီဒိုထဲမှာ သိမ်းထားတဲ့ ကိုယ်အရမ်းကြိုက်တဲ့အ၀တ်အစားက ကြွက်ကိုက်ခံရတာမျိုး ခြစ်မိသွားတာမျိုး မီးပူတိုက်မိလို့ အပူကပ်သွားတာမျိုးဆိုရင် မ၀တ်သင့်တော့ပါဘူး။

ဒါ့အပြင် ရေလျှော်ရလွန်းလို့ မွဲခြောက်ခြောက် စကတ်တွေ ဖိနပ်တွေ ၀တ်ဆင်ခြင်းကနေ ရှောင်ကျည်သင့်ပါတယ်။ ကိုယ့်ကိုလည်း အရောင်မှိန်စေပြီး လှပတင့်တယ်မှုလည်းမရှိပါဘူး။

၂။ လုံးဝမ၀တ်ဖြစ်တဲ့အ၀တ်အစား (သို့) ၁ ခါပဲဝတ်ဖြစ်ခဲ့တဲ့အ၀တ်အစား

ဖြစ်တတ်ပါတယ်။ ကိုယ်ဝယ်လိုက်ပေမဲ့ တစ်ခါပဲဝတ်လို့ရတာမျိုး လုံးဝမ၀တ်ဖြစ်တဲ့အ၀တ်အစားမျိုးကို ၀ယ်ယူခြင်းကနေ ရှောင်ကျဉ်ပါ။ ကိုယ့်ရဲ့ လှပတင့်တယ်မှုကို ပေါ်လွင်ခြင်းမရှိတဲ့အ၀တ်အစားမျိုးကို မ၀ယ်တာအကောင်းဆုံးပါပဲ။ တကယ်လို့ တနေရာရာသွားဖို့အတွက် ရည်ရွယ်ထားတယ်ဆိုရင်တော့ သေချာသိမ်းထားပါ။ တချိန်ချိန်မှာ အသုံးလိုလာပါလိမ့်မယ်။

၃။ ကိုယ်နဲ့ မတော်တဲ့အ၀တ်အစားများ

ကိုယ်အရမ်းကြိုက်လို့ဝယ်ထားပေမဲ့ ကိုယ့်အသားအရောင်နဲ့မလိုက်တာ ကိုယ်ကပိန်လွန်းပြီး အ၀တ်အစားက ကြီးနေတာ ရှည်လွန်းနေတာ တိုလွန်းနေတာ စတဲ့စတဲ့ အ၀တ်အစားမျိုးကို ၀ယ်ယူခြင်း ၀တ်ဆင်ခြင်းကနေ ရှောင်ကျဉ်သင့်ပါတယ်။

၎။ အိမ်နေရင်းအ၀တ်အစားများ

ဒီအ၀တ်အစားတွေကို အမြင်မှာ လုံးဝမ၀တ်ဆင်သင့်ပါဘူး။ မွဲခြောက်ခြောက် တီရှပ် နဲ့ ရောဂကျင့်ရာမှာ ၀တ်တဲ့ ဘောင်းဘီမျိုးကို တွဲဖက်ဝတ်ဆင်ပြီး မသွားသင့်ပါဘူး။ တခြားသူ သင့်ကိုမြင်တဲ့အခါ အရမ်းကိုပျင့်ရိနေတယ်လို့ ခံစားရပါလိမ့်မယ်။

၅။ ကိုယ်ကြိုက်တဲ့အ၀တ်အစားကို တချိန်လုံးဝတ်ဆင်ခြင်း

ကိုယ့်ရဲ့ ၀တ်စားဆင်ယင်မှုပုံစံကို အမြဲပြောင်းလဲသင့်ပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ အကြိုက်တွေပြောင်းသွားတတ်သလို ၀တ်စားဆင်ယင်မှုပုံစံကိုလည်း ပြောင်းလဲလိုက်တာအကောင်းဆုံးပါ။ ကိုယ်ကြိုက်တဲ့ အ၀တ်အစားကို ဘယ်သွားသွား တခါလာလည်းဒါ တစ်ခါလာလည်းဒါဆိုတာမျိုး မ၀တ်သင့်ပါဘူး။

Read 1319 times
Rate this item
(0 votes)