What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Dua lipa ရဲ့ဖက်ရှင် အကြောင်း

ပေါ့ပ်လောကရဲ့ နတ်သမီးတစ်ပါးဖြစ်တဲ့ Dua Lipa ဟာ လန်ဒန်မှာ ကျင်းပတဲ့ Brit Awards ပွဲကို ပုံပြင်ထဲက မင်းသမီးလေးတစ်ပါးအလား ထင်မှတ်ရအောင် ၀တ်ဆင်လာခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် အဆိုကျော်ကောင်မလေး Dua Lipaဟာ ကော်ဇောနီထက်ကို the label ရဲ့ Spring 2018 Couture Collection က Giambattista Valli Gown ကိုဝတ်ဆင်လာခဲ့တာပါ။သူမရဲ့ ၀တ်စုံဟာ ပန်းဖျော့ရောင်ပါးပါးလေးဖြစ်ပြီးအထပ်ထပ် အလွှာလွှာတွေနဲ့ နောက်ကို ရှည်သွားအောင် ဖန်တီးထားတာဖြစ်ပါတယ်။ခါးနားမှာတော့ အနက်ရောင် ခါးပတ်တစ်ခုနဲ့ အလှဆင်ထားပြီး နောက်ဘက်က ကြည့်လိုက်ရင်လည်း ၀တ်စုံက တော်တော်လေး မိုက်တာ အမှန်ပါပဲ။ဝတ်စုံက အထပ်ထပ်အလွှာလွှာတွေနဲ့ ၀တ်ရတာ ခက်ခဲတယ်လို့ ထင်ရပေမယ့်လည်း Dua ကကော်ဇောနီပေါ်ကို အေးအေးဆေးဆေး ရောက်သွားခဲ့ပါတယ်။

 

ကော်ဇောနီပေါ်မှာတော့ နည်းနည်း ဖြန့်ပေးခဲ့ရပေမယ့် Dua ဟာ သူမကိုယ်သူမ လုံးဝယုံကြည်မှုအပြည့်နဲ့ပါပဲ။ဒီတစ်ခေါက်မှာတော့ ၀တ်စုံက မိန်းမလည်းဆန်ပြီး Princess လေးတစ်ယောက်လို ပုံဖော်ထားတာဆိုတော့ Dua ရဲ့ထုံးစံအတိုင်း Accessories တွေကို များများမသုံးထားတာ ထူးခြားချက်တစ်ခုဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပုံမှန်အားဖြင့် 90s Inspired လုပ်ထားတဲ့ အတွဲအစပ်တွေ၊Athleisure Fashion တွေနဲ့သာ တွေ့ရတဲ့ Dua Lipa မဟုတ်ဘဲ မင်းသမီးလေးလို ချစ်စဖွယ်ကောင်မလေးဖြစ်နေတဲ့ Dua Lipa ဖြစ်နေတာကိုတော့ သင်လက်ခံရမှာပါ။

28378265 495291004200194 7910503491511530099 nd28a1fcf189f5abae8fdc98b61f2074b

Dua lipa ရဲ့ ချစ်စရာကောင်းပီး လှပလှတဲ့ ၀တ်စုံနဲ့ ပုံစံတူ ၀တ်စုံလေးကို ၀တ်ဆင်ချင်သူလေးက ဖွေးဖွေးပါ။ဖွေးဖွေးက ponds ပစ္စည်းသစ်မိတ်ဆက်ပွဲမှာ ၀တ်ဆင်ခဲ့တာကို ဒီဝတ်စုံကြောင့် ဖေ့ဘုတ်တခွင်မှာ လဲ လှုပ်လှုပ်ရွရွတွေ ဖြစ်ခဲ့ပြန်ပါတယ်။ ဒီဇိုင်နာကဒီဇိုင်းခိုးချတယ်ဆိုပြီးတော့ပေါ့။ အမှန်တော့ နိုင်ငံတကာမှာလဲ ဒီဇိုင်းတူတာတွေ အများကြီးပါ တို့မြန်မာတွေ ကဒါမျိုးလိုက်ချုပ်နိုင်လို့ ပိုတောင်ဂုဏ်ယူရမှာပါ။ ဒီဇိုင်နာဖြိုးကို ကလည်း "ညီမလေး ဖွေးဖွေး က Designer Giambattista Valli ရဲ့ Dress လေးကို ကြိက်လို့ ဆိုပြီး ပွဲတက်ဖို့ချုပ်ခိုင်းလို့ သွားရမဲ့နေရာပေါ် မူတည်ပြီး ဂါဝန်ရဲ့Volume ကို လျှော့ပြီး ချုပ်ပေးထားပါတယ်လို့ ဒီဇိုင်နာ ဖြိုးကိုက သူ့ဖေ့ဘုတ်တွင်ရေးသားထားပါတယ်။"

29572997 1219431531526369 7462297791680344225 n29572293 1219431701526352 81869264349330959 n

ဝိုင်တစ်ခွက်လို ရီဝေေ၀ ခံစားချက် ပေးစွမ်းနိုင်သူ Dua တစ်ယောက် သူမရဲ့ ပြင်းရှရှ အသံရယ် သူမတူတဲ့ ဟန်ပန်တွေနဲ့ ကျွန်တော်တို့ နှလုံးသားကို အပိုက်သိမ်းလိုက်တယ်လေ။ သူမရဲ့ Music Videos တွေဟာ ဘာမှ အဆန်းအပြား ပြုလုပ် ပြင်ဆင်မထားပေမဲ့ လုံးဝအမိုက်စား ဖြစ်နေတတ်ပြီး ငယ်ရွယ်မှုနဲ့ လွတ်လပ်မှုကို အတိုင်းသား ခံစားနိုင်ပါတယ်။ ဒီလို ဆွဲဆောင်မှုတွေကြောင့်ပဲ Dua ရဲ့ အင်စတာဂရမ်ကို Followed လုပ်မိရကနေ သူမရဲ့ Fashion တွေနဲ့ပါ လုံးဝ လွတ်လမ်းမရှိ စွဲညှို့ခံလိုက်ရတာပါပဲ။ အဆိုကောင်းသလို ဖက်ရှင် အရာမှာလဲ အထာကျသူ တစ်ယောက်ပါပဲ Dua...ရဲ့ ဖက်ရှင်တွေ ဟာ ဆယ်ကျော်သက်တွေကြိုက်နှစ်သက်ကြပါတယ်။
ဆယ်ကျော်သက်အရွယ် Dua ဟာ ၁၉၉၅ သြဂုတ်လ ၂၂ ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်ပြီး ဂီတနဲ့ ပတ်သက်တဲ့ လမ်းကြောင်းကို အသက်၁၄ နှစ်တည်းက စတင်ခဲ့သူဖြစ်ပါတယ်။အစောပိုင်းနှစ်တွေမှာတော့ သူမကို Youtube မှာ CoverSong တွေဆိုတဲ့ကောင်မလေးတစ်ယောက်အနေနဲ့ လူသိခဲ့ပြီးတော့ ၂၀၁၅ မှာတော့ Warner Music Group က Dua နဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ ပွဲဦးထွက်စတူဒီယို အယ်လ်ဘမ်ကနေ New Rules,Be the One နဲ့IDGAF သီချင်းနဲ့ လူတွေပိုသတိထားမိလာခဲ့တာပါ။Dua ကိုသူမရဲ့ အသံခပ်သြသြကြောင့် လူတွေသတိထားမိသလို ဖက်ရှင်ပိုင်းအနေနဲ့ အထာကျသူတစ်ယောက်အဖြစ်လည်း ကျွန်မတို့လက်ခံရမှာဖြစ်ပါတယ်။Duaဟာ မိန်းမဆန်လွန်းတဲ့ဖက်ရှင်တွေနဲ့ တွေ့ရခဲသလို သူမရဲ့ Style တွေက Street ဆန်ဆန်ဘက်ကိုသွားတာ၊Bold&Strong ဆန်တဲ့ပုံစံမျိုးနွယ်တာ၊Slay girl ပုံစံမျိုးတွေ များပါတယ်။ဒါ့အပြင် သူမရဲ့ဖက်ရှင်အတွဲအစပ်တွေဟာ ခေတ်လူငယ်တစ်ယောက်အနေနဲ့အထာကျနေလွန်းသလို ကောင်မလေးတွေ အနေနဲ့ လိုက်ပြီး ဝတ်ကြည့်နိုင်တဲ့ ဖက်ရှင်တွေလည်း ပါဝင်နေပါတယ်။ဒါကြောင့် ဒီနေ့မှာတော့ Duaဆီက သိရမယ့် Style Lesson တွေကိုဖော်ပြပေးလိုက်ပါတယ်။

သူ့ဖက်ရှင် စတိုင်များအကြောင်းဖတ်ရှု့လိုလျှင် အောက်ကပုံကို ထိပြီးဖွင့်ကြည့်ကာဖတ်ရှုနီုင်ပါတယ်။

http://www.textiledirectory.com.mm/articles/item/653-dua-lipa.html

bc53d507c26770e8f294fcbf92ef0864 L

Read 1927 times
Rate this item
(0 votes)