What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ခန္ဓာကိုယ် အချိုးအစားအလိုက် လှပတင့်တယ်စေမယ့် ညနေခင်း ၀တ်စုံများ

မည်သည့် ခန္ဓာကိုယ် အချိုးအစားမျိုး ပိုင်ဆိုင်ထားစေကာမူ သင့်အတွက် အပျံစား လှပစေနိုင်မယ့် ၀တ်စုံတစ်စုံကတော့ ရှိနေမြဲပဲ ဖြစ်ပါတယ်။

သို့သော်ငြားလည်း ယင်းသို့ ပြည့်စုံလိုက်ဖက်မယ့်ဝတ်စုံကို ရှာပုံတော်ဖွင့်ရာမှာတော့ ၀တ်စုံအမျိုးအစားကို သိရှိရဖို့အရေး မျိုးစုံလှစွာသော အ၀တ်အစားများကို စမ်းသပ် ၀တ်ဆင်ကြည့်ပြီး အပြစ်အနာအဆာတွေမှတစ်ဆင့် ရှာဖွေရွေးချယ်နေမဲ့အစား အောက်ပါ အချက်အလက်တွေကို သင့်စတိုင်လ် ရွေးချယ်မှုနဲ့ စိုးရိမ်သောကတွေက လွတ်မြောက်ဖို့ အသုံးပြုသင့်ပါတယ်။ ဒါကြောင့် သင့်အတွက် ပြီးပြည့်စုံတဲ့ အလှနတ်ဘုရားမအဖြစ် ပို့ဆောင်ပေးနိုင်မယ့် စတိုင်လ်လျှို့ဝှက်ချက်လေးတွေကို ယခုပဲ လေ့လာ လိုက်သင့်ပါတယ်။

၁။ တဖြောင့်တည်း ခန္ဓာကိုယ်သမားများအတွက် (A-line Dress)

10095933 ORG MAIN

သင်ဟာ တဖြောင့်တည်းနီးပါးမျှသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ် ဆိုရင်တော့ A-line Dress တွေဟာ သင့်အတွက် beyond perfect ပဲ ဖြစ်ပါတယ်။ A-line Dress တွေဟာ မည်သည့် ခန္ဓာကိုယ် အချိုးအစားပေါ်မဆို ခါးကို ပုံပေါ်စေတဲ့အတွက် တကယ်လို့ သင်ဟာ သင့်ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြရှိတတ်သူ ဆိုပါက ခါးနေရာကို သိမ်နေစေပြီး အောက်ပိုင်းကို ပြည့်ကားနေစေမယ့် အဆိုပါ ၀တ်စုံမျိုးကို ရွေးချယ်ခြင်းဖြင့် ခါးကို အလွယ်ကလေး ဖန်တီးနိုင်ပြီး သဲနာရီပုံစံ ခန္ဓာကိုယ် အချိုးအစားကိုလည်း ရရှိစေနိုင်ပါလိမ့်မယ်။

၂။ သစ်တော်သီးပုံစံ ခန္ဓာကိုယ်သမားများအတွက် (Empire Waist)

af124c554c60f329b0aeebd525cff5c1

တကယ်လို့ သင်ဟာ သစ်တော်သီးပုံစံ ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားသူ ဆိုရင်တော့ သင်နဲ့ အံကိုက်ဖြစ်မယ့် ၀တ်စုံမျိုးကို ရှာဖွေဝယ်ယူရခြင်းမှာ အတော်အတန်တော့ အခက်တွေ့နိုင်ပါလိမ့်မယ်။ သင်ဟာ တင်ပါးနေရာကို အဓိက အာရုံစိုက်လိုပြီး ရှိရင်းစွဲထက် ပိုမိုဖွံ့ထွားတဲ့ တင်ပါးမျိုး ရယူချင်တယ် ဆိုရင်တော့ Empire Waist အမျိုးအစားတွေက ကွက်တိဖြစ်စေပါလိမ့်မယ်။ သစ်တော်သီးပုံစံ ခန္ဓာကိုယ်ပိုင်ရှင်တွေ အလို ချင်ဆုံး ဖြစ်ကြမယ့် ရင်ကို ပင့်တင်မို့မောက်စေပြီး ခါးလေးကို သွယ်လျလှပနေစေအောင် ဤ၀တ်စုံမျိုးက ကူညီ ပေးပါလိမ့်မယ်။

၃။ သဲနာရီပုံစံ ခန္ဓာကိုယ်သမားများအတွက် (Warp Dress)

10096129 GREY MAIN

လူအများစု လိုချင်တပ်မက်စွာ ရှာဖွေနေကြတဲ့ ခန္ဓာကိုယ် အချိုးအစားမျိုးကို ပိုင်ဆိုင်ထားတဲ့ အတွက် ဂုဏ်ယူပါတယ်။ သင့်ရဲ့ အမို့အမောက်၊ အကွေ့အ၀ိုက်တွေကို ပေါ်လွင်လှပစေဖို့အတွက် Warp Dress တွေကို ရွေးချယ်သင့်ပါတယ်။ Warp Dress ရဲ့ အဓိက ဆောင်ရွက်ချက်ကတော့ ခါးပတ်လည်မှာ ရစ်ပတ်သိုင်းခြုံပြီး သင့်ရဲ့ အကွေ့အကောက်တွေကို ပြသစေတာပဲဖြစ်ကာ ဗွီပုံသဏ္ဌာန် လည်ပင်းပေါက်ကို ရွေးချယ်ခြင်းအားဖြင့် သင့်ရင်အစုံကို ထင်ရှားပေါ်လွင်စေပါလိမ့်မယ်။

၎။ ပန်းသီးပုံ ခန္ဓာကိုယ်သမားများအတွက် (Empire Waist)

E2383 silver lace top plunge neckline evening dress l

ပန်းသီးပုံ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားကြတဲ့ အမျိုးသမီးအများစုဟာ dress တွေအတွက် ဈေးဝယ် ထွက်ရမှာကို အလွန်မုန်းတီးလေ့ ရှိကြပါတယ်။ သို့ပေမဲ့ ဒါဟာ ပြဿနာကြီးတစ်ရပ်တော့ မဖြစ်သင့်ပါဘူး။ Empire Waist Dress တွေဟာ ပန်းသီးပုံ ခန္ဓာကိုယ်ပိုင်ရှင်များနဲ့ အလိုက်ဖက်ဆုံး ဖြစ်ပြီး သင့်ကိုယ်ပေါ်မှာ ၀ဲပျံလွင့်မျောနေစေကာ သင်စိုးရိမ်ပူပန်နေတဲ့ အစိတ်အပိုင်းအားလုံးကို လှပသေသပ်စွာ ဖုံးကွယ်ပေးထား နိုင်ပါတယ်။ ဒါ့အပြင် သင့်ရင်အစုံကို လှပစွာ ဖော်ပြပေးနိုင်သေးတာကြောင့် ရွေးချယ်ချင်စရာ dress အမျိုးအစား ပဲ ဖြစ်ပါတယ်။

၅။ ရင်သားကြီးသူများအတွက် (Semi-Fitted)

fd1490 essentials ladies dress black 1

အထူးသဖြင့် dress တွေ ရွေးချယ်ဝတ်ဆင်ရတဲ့အခါ ရင်သားကြီးသူတွေအတွက် စဉ်းစားခန်း ဖွင့်ရမယ့် အချိန် ရောက်လာပါတယ်။ အကြောင်းကတော့ dress ပုံစံအများစုဟာ ရင်သားအလှကို အသားပေး ဖော်ပြ ပေးထားတတ်ကြတာကြောင့်ပဲ ဖြစ်ပါတယ်။ သင့်ပိုင်ဆိုင်မှုကို ၀ံ့ဝံ့ကြွားကြွား ဖော်ပြမလား၊ လည်ပင်းပေါက်ပုံစံ ရွေးချယ်ပြီး ဖုံးကွယ်မလား၊ သို့တည်းမဟုတ် semi-fitted dress မျိုးပဲ ၀တ်ဆင်မလားဆိုတာ စဉ်းစားဆုံးဖြတ်ပါ။ Semi-fitted dress မျိုးဟာ သင့်ရင်သားရဲ့ လောင်းရိပ်မိနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းနေရာတွေကို ကောင်းစွာ ပြသပေးနိုင်မယ့် ၀တ်စုံမျိုးပဲ ဖြစ်ပါတယ်။

၆။ အရပ်ပုသူများအတွက် (Simple Silhouette)

SIMPLE SILHOUETTE DRESS BLACK

အရပ်ပုတဲ့ ပျိုမေများအတွက် ရွေးချယ်စရာကတော့ ရိုးရှင်းတဲ့ dress လေးတွေပါပဲ။ Accessories ဆင်မြန်းဖို့အတွက်လည်း အလွန် လွယ်ကူစေပါတယ်။ ဒါ့အပြင် အရပ်ပုတဲ့ မိန်းကလေးအများစုဟာ ဒေါက်ဖိနပ် လှလှလေးတွေကို ကြိုက်နှစ်သက်တတ်ကြတဲ့အတွက် ရိုးရှင်းတဲ့ dress မျိုးကို ၀တ်ဆင်ခြင်းအားဖြင့် ငေးကြည့် စေရမယ့် ဒေါက်မြင့်လှလှလေးကို စီးခွင့်ရစေနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်အပြင် အခြားသော accessories များကိုလည်း တင့်တယ်ကျက်သရေရှိစွာ ဆင်မြန်းနိုင်ပြီး သင့်ရဲ့ အရပ်ကို သတိမထားမိစေဘဲ သင် ဘယ်လောက် ကြည့်ကောင်းလှပနေသလဲ ဆိုတာကိုပဲ လူတွေ အာရုံစိုက်မိနေပါလိမ့်မယ်။

၇။ ပိန်ပိန်သေးသေး ပျိုမေများအတွက် (Shift Dress)

2334202 422382

သင်ဟာ ရှေးခေတ် သင်တိုင်းပုံစံ ၀တ်စုံတွေနဲ့ အခြားသော ခေတ်ဟောင်းပုံစံ ၀တ်စုံတွေကို ၀တ်ဆင်ခွင့် ရရှိတဲ့ အနည်းငယ်မျှသာ အမျိုးသမီးများထဲမှာ ပါဝင်နေတဲ့အတွက် ကျေနပ်ဂုဏ်ယူလိုက်ပါ။ အဆိုပါ ၀တ်စုံ ပုံစံတွေဟာ သင့်အတွက် ပြုလုပ်ပေးထားတာပါ။ အမို့အမောက်ရှိကြတဲ့ အမျိုးသမီးများနဲ့ ဤ၀တ်စုံမျိုးဟာ သိပ်မလိုက်ဖက်လှပါဘူး။ သေးသေးသွယ်သွယ် အမျိုးသမီးတွေအနေနဲ့ ယုံကြည်မှုအပြည့်နဲ့ ဆင်မြန်းလိုက်ပါ။

အထက်ဖော်ပြပါ ၀တ်စုံများကတော့ သင့်ခန္ဓာကိုယ် အချိုးအစားအလိုက် လှပတင့်တယ်စေမယ့် ညနေခင်း ၀တ်စုံများ ရွေးချယ်မှုကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ပွဲတက်ညနေခင်းလေး လှပသာယာနိုင်ပါစေ။

source:fashion

Read 1232 times
Rate this item
(0 votes)