What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နွေရာသီမှာ ဝတ်ဆင်လို့ရတဲ့ ချစ်စရာ ဖက်ရှင်များ

 နွေရာသီမှာ သင့်ရဲ့ ဖက်ရှင်တွေက ပူအိုက်မနေဘဲ ပေါ့ပေါ့ပါးပါးလေး ဖြစ်သင့်ပါတယ်။

နွေရာသီမှာ သင်ဝတ်ဆင်မယ့် ဖက်ရှင်ကလည်း အမြဲတမ်း ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းနေစေဖို့ အခုဖော်ပြမယ့် ဖက်ရှင်ကို ဝတ်ဆင်လိုက်ပါ။

၁။ ဂျင်းဘောင်းဘီတိုနဲ့ ရှပ်အင်္ကျီ

သင့်ကို ပေါ့ပါးလွတ်လပ်စေတဲ့ ဖက်ရှင်ထဲမှာ ဂျင်းဘောင်းဘီတိုနဲ့ ရှပ်အင်္ကျီဖက်ရှင်ကလည်း တစ်ခုအပါအဝင်ပါ။ ဒါ့ကြောင့် နွေရာသီမှာ ဒီလိုဖက်ရှင်ကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

8a3f42ae801efb502b806c78ed9db929

၂။ အသားပျော့ အင်္ကျီ နဲ့ ဘောင်းဘီအတို

 ဘောင်းဘီအတိုကို ပုခုံးအကျ အသားပျော့ အင်္ကျီနဲ့ တွဲဝတ်လို့ရပါတယ်။ သင့်ကို ပိုပြီးမိန်းကလေးဆန်စေပြီး ဖက်ရှင်ကျ ချစ်စရာကောင်းစေမှာဖြစ်ပါတယ်။

223b1959158ca7b05272a9ed3503ecf0

၃။ ဂျင်းရှပ်အင်္ကျီဖက်ရှင်

သင့်ရဲ့ နွေရာသီမှာ ပေါ့ပေါ့ပါးပါးရှိစေတဲ့ ဂျင်းရှပ်အင်္ကျီ ဖက်ရှင်ကို ဝတ်ဆင်ပေးလို့ရပါတယ်။ ဒီလို ဂျင်းရှပ်အင်္ကျီ အရှည်ကို ဒေါက်ဖိနပ်လေးနဲ့ တွဲဝတ်လိုက်ပါ။

8edd5585b2f5a7466feb0e54d2734b62

၎။ အသားပျော့အင်္ကျီရှည်နဲ့ ဘောင်းဘီစကတ်

အသားပျော့ အင်္ကျီအရှည်ကို စကတ်လို ဘောင်းဘီအတိုလေးနဲ့ ဝတ်ဆင်ပေးလို့ရပါတယ်။ သင့်ကိုလည်း ဖက်ရှင်ကျစေပြီး နွေရာသီမှာ အမိုက်စားဖြစ်စေမှာပါ။

3667e07900fab94218917227520bb1a4

၅။ ဂျင်းဘောင်းဘီတိုနဲ့ ရှပ် အင်္ကျီအရှည်

သင့်ရဲ့ ဂျင်းဘောင်းဘီအတိုကို ရှပ်အင်္ကျီအတိုနဲ့သာမက ရှပ်အင်္ကျီ လက်ရှည်နဲ့လည်း တွဲဝတ်ပေးလို့ရပါတယ်။

fc8b41c0a70a78d2f4531f46ec1ed1ad

၆။ ဂျင်းဘောင်းဘီအရှည်

နွေရာသီမှာ အတိုတွေပဲ မဟုတ်ဘဲ ဂျင်းဘောင်းဘီအရှည်ကိုပါ ဝတ်ဆင်လို့ရပါတယ်။ ပုခုံးအကျ အင်္ကျီလေးနဲ့ ဝတ်ဆင်ပေးနိုင်ပါတယ်။

dedfa94ffb4a4880a57c2ba9419051f3

၇။ Jumpsuit ဖက်ရှင်လေးတွေ

သင့်ရဲ့ နွေရာသီမှာ Jumpsuit ဖက်ရှင်လေးတွေကိုလည်း အမိုက်စားဝတ်ဆင်လို့ရပါတယ်နော်။

ef6d0abc54bcd4f66a3f46d8d547283e

Read 1001 times
Rate this item
(0 votes)