What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကလေးနို့တိုက်တဲ့ မေမေတို့အတွက် အဆင်ပြေလွယ်ကူစေတဲ့ဖက်ရှင်များ

ဈေးဝယ်ထွက်တာ၊ အပြင်သွားတာ၊ တခြားလူမှုရေးကိစ္စတွေသွားတဲ့အခါ လည်ပတ်ပုဝါလေးတွေက မေမေတို့ရဲ့ နွမ်းနယ်မှုကို ဖုံးကွယ်ပေးပြီး ခန့်ညားစေမှာဖြစ်ပါတယ်။

ကလေးမွေးပြီးမေမေတို့အနေနဲ့ နို့တိုက်လည်းလွယ်ကူအောင်၊ အပြင်သွားရင်လည်း အဆင်ပြေစေတဲ့ အဝတ်အစားလေးတွေကို ရွေးချယ်ဝတ်ဆင်ရအောင်နော်။ အပေါ်က ဘလောက်ပွပွလေးတွေနဲ့ ဂျင်းပင်လေးတွေတွဲဖက်ဝတ်ဆင်ရင်တော့ အပြည့်စုံဆုံးဖြစ်ပါလိမ့်မယ်။အကျီတွေ ဝယ်တဲ့အခါ အရမ်းပွပွကြီးတွေတော့ မဝယ်ပါနဲ့။ အကောင်းဆုံးကတော့ မွေးဖွားပြီးမှ သေချာရွေးချယ်ဝယ်ယူသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မွေးပြီးတဲ့အခါ ကိုယ်အလေးချိန်က မမွေးခင်က ကိုယ်အလေးချိန်နဲ့ မတူတော့ပါဘူး။

131caff3ced3de8020306bc78ecc0647 summer nursing outfits breastfeeding post baby fashion nursing

ကလေးမွေးပြီးချိန်ကိုယ်အလေးချိန်ဟာ ဗိုက်တစ်ခုထဲလျော့သွားမှာ မဟုတ်ပဲ၊ ပုခုံးပြင်နဲ့ လက်မောင်းတွေရင်ဘတ်တွေပါ ကျုံ့သွားမှာဖြစ်လို့ မမွေးခင်က ဝယ်ထားမယ်ဆိုရင် နောင်မှာ ဝတ်တဲ့အခါ ချောင်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် မွေးဖွားပြီး လပိုင်းလောက်ကြာပြီဆိုမှ ဝတ်ဖို့အကျီ င်္တွေကို ဝယ်ယူသင့်ပါတယ်။နောက်ပြီးမေမေတို့က ကလေးထိန်းရင် စမတ်ကျဖို့ဆိုရင် လည်ပတ်ပုဝါလေးတွေ ဆင်မြန်းကြည့်ပါ့လား။ ဈေးဝယ်ထွက်တာ၊ အပြင်သွားတာ၊ တခြားလူမှုရေးကိစ္စတွေသွားတဲ့အခါ လည်ပတ်ပုဝါလေးတွေက မေမေတို့ရဲ့ နွမ်းနယ်မှုကို ဖုံးကွယ်ပေးပြီး ခန့်ညားစေမှာဖြစ်ပါတယ်။ချည်သားဘောင်းဘီပွပွလေးတွေကို ဝယ်မယ်ဆိုရင်လည်း မေမေတို့အတွက် သက်သောင့်သက်သာဖြစ်စေသလို ဘယ်အချိန်ပဲဖြစ်ဖြစ် ဝတ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

Read 956 times
Rate this item
(0 votes)