What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Thingyan Fashion For Men!

အမျိုးသမီးတွေ အတွက် သင်္ကြန်ဖက်ရှင်အကြောင်းလေး မရေးပေးခင် အမျိုးသားတွေအတွက် အရင် သင်္ကြန်ဖက်ရှင် collection လေး လုပ်ပေးချင် ပါတယ်နော်။

ဒီနှစ်သင်္ကြန်မှာ မဏ္ဍပ်ပဲထိုင်ထိုင် ကားနဲ့ပဲ လည်လည် အထာကျပြီး မိုက်နေအောင် အမျိုးသားတွေ အနေနဲ့ ဘယ်လိုဖက်ရှင်ကျွေး နိုင်တယ်ဆိုတာလေး မပြောခင် ခု ရွေးပေး ထားတာတွေက သင်္ကြန်အတွက် အခြေခံ အားဖြင့် ရွေးချယ်နိုင်တဲ့ အရာတွေဖြစ်တယ် ဆိုတာနဲ့ ကိုယ့်အိုင်ဒီယာကိုပါ ထပ်ပေါင်း ဆင်မြန်းနိုင်တယ်ဆိုတာပါ ပြောပါရစေ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့  ခုခေတ်စားနေတဲ့ ဒီဇိုင်းတွေကိုပါ ပေါင်း ထည့်ပေးထားပါတယ်နော်။

(၁) အကွက်တွေ ဆင်မြန်းပါ။
အကွက်တွေကတော့ ဘယ်တော့မှ ပစ်ပယ် ထားလို့မရတဲ့ အရာပါပဲ။ ဖလန်နယ်ကွက် လေးတွေကို တီရှပ်ပေါ် ရိုးရိုးထပ်ဝတ်ထား မယ်ဆိုရင်တောင် ဖက်ရှင်က တော်တော် မိုက်နေပါပြီ။ မဏ္ဍပ်ပေါ် သောင်းကျန်းရင်း တန်ပို တက်လာတဲ့အခါ ရှပ်အကွက်ကိုချွတ် ခါးမှာကောက်စည်းပစ် လိုက်နိုင်ပါသေး တယ်။ ဒါပြင် တစ်ချို့ဂျက်ကက်တွေကလည်း အကွက်ဒီဇိုင်းပုံစံလေးတွေ လာတာမို့ သင်္ကြန်အတွက် ကွက်တိပဲနော်။

29467899 1581832108603523 7431158799825398828 n

(၂) မရိုးနိုင်တဲ့ jean
ဘာဝတ်ရမှန်းမသိ အာရုံစားလာရင် jean jacketတွေ jean shirt တွေသာ ဆင်မြန်းသွား လိုက် မိုက်နေတာပါပဲ။ ဒါ့အပြင် jean jacket နဲ့ ဘောင်းဘီရောင် တစ်ရောင်တည်း ရွေးဝတ်ပြီး အထဲက တီရှပ်အဖြူဆိုရင် တောင် အရိုဆုံး နဲ့ အဆန်းဆုံး ဖက်ရှင်ဖြစ်နေပါ လိမ့်မယ်။

29472258 1581832201936847 9030865570260690956 n

(၃) ရေစိုဒီဇိုင်ဆန်းများ
တီရှပ်တွေ ရှပ်တွေထဲမှာမှ သင်္ကြန်နားနီးလို့ ပြန်ခေတ်စားလာတဲ့ မှိုတက်ဒီဇိုင်းတွေ (သို့) ရေစိုဒီဇိုင်းဆန်းတွေကိုလည်း သင်္ကြန်နဲ့ လိုက်ဖက်စွာ ရွေးချယ်နိုင်ပါသေးတယ်။

29468918 1581832315270169 4235125543390696491 n

(၄) ကာလာစုံjacketများ
လူတစ်ကိုယ်အကြိုက်တစ်မျိုး လို့ဆိုနိုင်တာမို့ တစ်ချို့ကာလာဆန်းဆန်း တောက်တောက် သင်္ကြန်ကာလာကြိုက်သူတွေ အတွက် ကာလာအဆန်းjacket မိုးကာသားတွေကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

29496494 1581832431936824 9185803912010223604 n

(၅) hoodie/track suit များ
ခုနောက်ပိုင်း track suit ဒီဇိုင်းသစ်တွေ အများကြီး ထွက်လာပြီနော်။ ဒါ့ပြင် hoodie တွေ bomber jacket တွေလည်း အထာကျတာမို့ ကြိုက်ရာဒီဇိုင်း ရွေးရုံပါပဲ။

29467921 1581832511936816 8695988027337947187 n

(၆) leather jacket များ

leather jacket နဲ့ biker jacket တွေကလည်း အမျိုးသားတွေ လျစ်လျူရှုထားလို့မရတဲ့ သင်္ကြန်ဖက်ရှင်တစ်ခုပါပဲနော်။

29468170 1581832608603473 3548760606619098362 n

(၇) floral ဒီဇိုင်းများ
ဒီနွေရာသီမှာ ခေတ်စားနေတဲ့ အပွင့်အခက် ဒီဇိုင်းတွေကတော့ သင်္ကြန်အထိပါ ဆက်ပြီး ပေါ်ပြူလာဖြစ်နေမှာမို့ ပေါ့ပေါ့ပါးပါး ဝတ်ချင် တဲ့သူတွေအတွက် အဆင်ပြေပါလိမ့်မယ်။

28828112 1581832671936800 2580279859421750116 o

ကဲ သင်္ကြန်အတွက် အရေးကြီးတဲ့ အရာတွေထဲက ဦးထုပ် မျက်မှန်တွေအပြင် ဖိနပ်ကိုလည်း ခုကတည်းက စဉ်းစားထား တာ ကောင်းပါတယ်နော်။ မျက်မှန်ကတော့ ကိုယ်တပ်နေကျ ဒီဇိုင်း ကိုင်းကိုသာ ရွေးပါ။ ခုခေတ်စားနေတဲ့ ဒီဇိုင်းမျိုးတွေ 1980ပြည့်နှစ်က ဒီဇိုင်းတွေ တပ်ရဲတယ် ဆိုလည်း မိုက်တယ်နော်။ ဖိနပ်ကတော့ ရေစိုခံ ကွင်းထိုးဖိနပ် မဟုတ်ရင် Sneaker တွေ ရွေးဝတ်နိုင်ပါတယ်လို့။

Read 2217 times
Rate this item
(0 votes)