What's new

×

Warning

JUser: :_load: Unable to load user with ID: 845


DIY ပခုံးပျောက် အကျီင်္လေး

ချစ်သူရဲ့တီရှပ်တစ်ထည်ကနေ လှပတဲ့ ပခုံးပျောက်အကျီ (off shoulder top) တစ်ထည်ဖြစ်ဖို့……ချစ်သူဆီက တီရှပ်တထည်ယူလိုက်ပါနော်။

ဒီနေ့မှာတော့ ချစ်သူ ဆီက တီရှပ်တစ်ထည်နဲ့ DIY ပခုံးပျောက်အကျီ (off shoulder top) လုပ်နည်း ပြောပြပါမယ်။ ချစ်ချစ်ရဲ့အငွေ့အသက်တွေပါတဲ့ off shoulder top လေးပေါ့ ။

DIY ကအရမ်းလွယ်တော့ သူ့ကို ကိုယ်တိုင် DIY လုပ်ခိုင်းကွာ။ မလုပ်ပေးရင် စိတ်ကောက်ကွာ။ အချစ်စမ်းနည်းတစ်မျိုးပေါ့ ပျော်ဖို့ကောင်းမှာပါ။ ချစ်သူမရှိတဲ့ Single လေးတို့ကလည်း အားမငယ်ပါနဲ့။ ကိုယ်မကြိုက်လို့မဝတ်ဘဲ သိမ်းထားတဲ့ တီရှပ်တွေ ရှိရုံနဲ့ DIY off shoulder တစ်ထည် ရနိုင်ပါတယ် ။ ခုတလော off shoulder top တွေ ပျိုမေတို့အသည်းစွဲ ဖြစ်လာတယ်ဟုတ်။

Off shoulder top လေးတွေက အရမ်းချစ်စရာကောင်းတော့ အသည်းလည်း စွဲချင်စရာနော်။ ဂျင်းဘောင်းဘီအတိုလေးတွေနဲ့ဖြစ်ဖြစ် စကပ်လှလှလေးတွေနဲ့ ဖြစ်ဖြစ် ဝတ်လိုက်ရင် ကလေးဆန်ပြီး ချစ်စရာကောင်းသွားရော။ သူငယ်ချင်းတွေ ခရီးထွက်တဲ့အခါ off shoulder  ဂါဝန်လေးဝတ်၊ ဦးထုပ်လေးဆောင်း၊ဘေးလွယ်အိတ်သေးသေးလေးလွယ်၊ ကြိုးသိုင်း ဖိနပ်လှလှလေးစီး ဘယ်လောက်ချစ်စရာကောင်းလဲ ကမ်းခြေသွားဖို့အတွက်လည်း အိုကေဘဲပေါ့….ဒါကြောင့်အခုဘဲ DIY လုပ်ကြည့်ရအောင်!!

ဘာတွေလိုအပ်မလဲ?
ဆိုဒ်လွန် Over size တီရှပ်တစ်ထည်၊ အပ်နဲ့အပ်ချည်၊ချိတ်၊ ကပ်ကြေး၊ သားရေကြိုး၊
ကျန်တာကတော့ ပေတံတို့ တီရှပ်မှာအမှတ်အသားလုပ်ဖို့ ခဲတံဖြစ်ဖြစ်ပေါ့။ ပုံမှာတော့ ပေတံအစား စာအုပ်နဲ့ လုပ်ပြထားတယ်။ Ready ဆို စမယ်နော်..

အဆင့် ၁
ကိုယ်ထည်အတွက် တီရှပ်ကို ညှပ်မယ်ဆို မညှပ်ခင် အရင်းဆုံးဝတ်ကြည့်ပါ။ အရင်ဆုံး တီရှပ်ကနေ off shoulder top ရဲ့ လက်နှစ်ဖက်အတွက် ပုံမှာပြထားတဲ့အတိုင်း ညှပ်ယူပါ။

411 300x169 3361 300x169 11

အဆင့် ၂
 ဒါမှ ကိုယ်လိုချင်တဲ့ length ကို သိရမှာ စိတ်ကျေနပ်လို့ ခဲတံနဲ့အမှတ်အသားလုပ်ပြီးပြီဆိုရင်တော့ တီရှပ်ကို ညှပ်လို့ရပါပြီ။

101 300x169 4491 300x169 22

 

အဆင့် ၃
လက်နှစ်ဖက်လည်း ရပြီ ကိုယ်ထည်လည်း ရပြီဆိုရင်တော့ အင်္ကျီဝတ်လို့ရအောင် အရင်ဆုံး ပေကြိုးလေးနဲ့ ကိုယ်ထည်လေးနဲ့ လက်မောင်းတို့ကို တိုင်းပါ။ ပြီးလျှင်သားရေကြိုးထည့်ဖို့ပဲ ကျန်တော့တယ်။  ရင်ဘတ်နဲ့ လက်မောင်းတို့အတိုင်း သားရေကြိုးကိုဖြတ်ထားပါ။

111 300x169 55121 300x169 66

အဆင့်၎
သားရေကြိုးထည့်ဖို့ အင်္ကျီကို ထပ်မချုပ်ရအောင် နဂို ရှိပြီးသား တီရှပ်ရဲ့ချုပ်ရိုးထဲကို သားရေကြိုးထည့်ပါ ။
အချိန်ကုန်သက်သာတယ်ဟုတ်။ ချိတ်ကို သားရေကြိုးမှာ ချိတ်ပြီး ချုပ်ရိုးကြောင်းထဲကိုထည့်ပါ။ သားရေကြိုးကို တင်းတင်းလေးဖြစ်နေဖို့သတိထားနော်။ ချောင်ပြီး ကျွတ်ကျမှာစိုးလို့။

141 300x169 66

အဆင့်၅
သားရေကြိုးတွေထည့်ပြီးပြီဆိုရင်တော့ လက်နှစ်ဖက်ကို အင်္ကျီကိုယ်ထည်နဲ့တွဲချုပ်လို့ ရပါပြီ။ခိုင်ခိုင်လေးချုပ်ဖို့တော့ မမေ့နဲ့နော်။ ဒါဆိုရင်တော့ ကိုယ်တိုင်လုပ်ထားတဲ့ off shoulder topလေးရပါပြီရှင့်။ တီရှပ်ဖြစ်တဲ့အတွက်ကြောင့် အနားစထွက်မှာလည်း ပူစရာမလိုဘူးပေါ့။ Rin ခုပြောပြသွားတဲ့ DIY လေးက ဘာမှမခက်ဘူးဟုတ်?

161 300x169 77

ချုပ်ရတာဆိုလို့ သားရေကြိုးထည့်တဲ့အခါရယ်၊ အင်္ကျီလက်တွဲတဲ့အခါရယ် နှစ်ခါပဲရှိတယ်။

ပုံလေးတွေနဲ့ပြထားလို့ လွယ်လွယ်ကူကူ စမ်းလုပ်ကြည့်နိုင်တယ်နော်။

Read 1246 times
Rate this item
(0 votes)