What's new

×

Warning

JUser: :_load: Unable to load user with ID: 845


"ကမ္ဘာ့ဖက်ရှင်အကျဆုံးအီတလီနိုင်ငံရဲ့ဖက်ရှင်"

"ကမ္ဘာ့ဖက်ရှင်အကျဆုံးအီတလီနိုင်ငံရဲ့ဖက်ရှင်" jasmine

လက်ရှိကမ္ဘာမှာဖက်ရှင်အကျဆုံးလို့အသတ်မှတ်ခံထားရတာကတော့

အီတလီနိုင်ငံဖြစ်ပါတယ်၊ အီတလီနိုင်ငံသူနိုင်ငံသားတွေကဘယ်အချိန်ကြည့်လိုက်ကြည့်လိုက်ဖက်ရှင်ကျလှပနေတတ်ပြီး အဝတ်အစားတွေကိုဖက်ရှင်ကျကျအဝတ်တတ်ဆုံးလို့သိရှိရပါတယ်။

အီတလီနိုင်ငံကိုအလည်သွား သူတိုင်းသတိထားမိကြတာကလှပတဲ့မြို့တွေတင်မကပါဘူးအချိန်တိုင်းလန်းနေတဲ့အီတလီသူ အီတလီသားတွေကိုကောပါဖြစ်ပါတယ်။သူတို့တွေဘယ်လိုဝတ်ဆင်ကြလို့ဖက်ရှင်အမြဲကျနေသလဲဆို တာဝေမျှပေးလိုပါတယ်။

-အရောင်လိုက်ဖက်မှု

အီတလီသူလေးတွေကိုကြည့်လိုက်ရင်ပထမဆုံးသတိထားမိမှာကတော့တွဲဖက်ဝတ်ဆင်ထားတဲ့ အရောင်တွေအရမ်းလိုက်ဖက်နေတာကိုတွေ့ရမှာပါ။အပေါ်ကအကျီင်္မှာရိုက်ထားတဲ့အပွင့်တွေ အဆင်တွေရဲ့အရောင်ပါတဲ့ဘောင်းဘီသို့မဟုတ်စကပ်တွေကိုရွေးချယ်ဝတ်ဆင်လေ့ရှိပါတယ်။

အကျီင်္ကပန်းပွင့်လေးတွေမှာလိမ္မော်ရောင်ပါရင်ဘောင်းဘီကိုလိမ္မော်ရောင်ရွေးဝတ်တာမျိုးပါ။ ပြီးစလွယ်မရွေးချယ်ပဲအရောင်လိုက်ဖက်မှုကိုသတိထားရွေးချယ်လို့ဖက်ရှင်အမြဲကျလှပနေတာပါ။

-အသုံးအဆောင်ရွေးချယ်မှု

ကိုယ်ဝတ်ထားတဲ့အဝတ်အစားနဲ့လိုက်ဖက်မယ့်လက်ဝတ်ရတနာ၊ဖိနပ်၊အိတ်အစရှိတဲ့အသုံးအဆောင် တွေကိုရွေးချယ်တတ်ကြပါတယ်။အိတ်တွေဖိနပ်တွေကိုအဝတ်အစားနဲ့အရောင်တူတာရွေးကိုင် ရွေးဝတ်လေ့ရှိပါတယ်။လက်ဝတ်ရတနာတွေကိုလည်းအမြဲအပြည့်အဝဝတ်စားတတ်လို့လိုတာထက် ကိုပိုဖက်ရှင်ကျနေတတ်ပါတယ်။

-နေကာမျက်မှန်ရွေးချယ်မှု

အီတလီနိုင်ငံသူနိုင်ငံသားတွေကိုကြည့်လိုက်ရင်အရမ်းလန်းတဲ့နေကာမျက်မှန်တွေကိုတပ်လေ့ရှိ တာတွေ့ရမှာပါ။နေကာမျက်မှန်တွေကဖက်ရှင်လောကမှာမရှိမဖြစ်ပါ။နေပူဒါဏ်ကိုကာကွယ်ပေးရုံ သာမကဖက်ရှင်ကျလှပနေစေပါသေးတယ်။အီတလီလူမျိုးတွေကနေကာမျက်မှန်ရွေးချယ်တာတောင် သေချာရွေးချယ်တတ်ပါတယ်။

အီတလီလူမျိုးတွေတပ်တဲ့နေကာမျက်မှန်ကိုင်းတွေမှာအရောင်စုံ ပါလေ့ရှိပါတယ်။အဝတ်အစားနဲ့လိုက်ဖက်တဲ့မျက်မှန်ကိုင်းကိုတောင်ရွေးချယ်တပ်ဆင်တပ်လို့ဖက်ရှင် အကျဆုံးနိုင်ငံလို့သတ်မှတ်ခံထားရတာပေါ့။

-ကုတ္အက်ီၤဝတ္ဆင္မွဳ

အီတလီမေလးေတြအဝတ္မ်ားတာကုတ္အက်ီၤေတြပါ။ဂါဝန်တိုလေးတွေနဲ့တောင်ကုတ်အကျီင်္ကိုတွဲဖက် ဝတ်လေ့ရှိတာတွေ့ရမှာပါ။ကုတ်အကျီတွေကအထက်တန်းကျတဲ့အသွင်ကိုပေးစွမ်းနိုင်တာကြောင့် အီတလီသူတွေစွဲစွဲမြဲမြဲဝတ်လေ့ရှိပါတယ်။

Read 1072 times
Rate this item
(0 votes)