What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Small Size ပိုင်ရှင်လေးတွေလည်း အထာကျစေဖို့

အခု ဖက်ရှင်ဆိုင်တွေမှာ small တွေ၊ XS ဆိုက်ဇ် လေးတွေအတွက်

ဖက်ရှင် တွေကပဲ အများဆုံး နေရာယူထားကြပါ တယ်။

အဲဒီတော့ ရွေးချယ်နိုင်ခွင့်က အများဆုံးရှိနေပြီး ဝယ်ယူရတာလည်း လွယ်တာပေါ့။ ဒါပေမယ့် အဲဒါတွေကို ဖက်ရှင်တကျလေး တွဲဖက် ဝတ်ဆင် တတ်ပြီး စတိုင်မိနေဖို့လည်း လိုတယ် မဟုတ်လား။ အဲဒီအတွက် ဒီအချက် လေးတွေကို သိထားဖို့ လိုပါပြီ။...........

1.ကိုယ့်ရဲ့ ဘော်ဒီမပေါ် ချပ်ချပ်ရပ်ရပ် ရှိ စေမယ့် အဝတ်အထည်တွေမှာ အချိုး အကွေ့လေးတွေ ခပ်များများ ထည့်ပေး ပါ။ ရှိရင်းစွဲထက် curvy ဖြစ်စေတဲ့ ဝတ်စုံတွေကို ရွေးပါ။ ခါးနေရာ၊ တင် နေရာတွေမှာ ပုံကျပန်းကျဖြစ်နေဖို့ကို ဂရုစိုက်ပါ။

2.ဝိတ်ရှိတဲ့ ပိတ်စတွေကို ဦးစားပေးပါ။ သိုးမွှေးထည်၊ ကတ္တီပါစတွေလို volume ဖြစ်စေတဲ့ အစမျိုးတွေကလည်း ပိန်ပိန်သေးသေးလေးတွေကို ပြည့်တယ် လို့ အထင်ရောက်စေပြီး ဖက်ရှင်ပုံရိပ် တစ်ခုကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။

3.အဆင်ရှုပ်ရှုပ်တွေကိုလည်း ရွေးချယ် ပေးနိုင်ပါတယ်။ ဒါပေမယ့် ကြီးပြီး ကျဲ တာမျိုး၊ အရမ်း သေးသေးနုပ်နုပ်ဖြစ်တာ မျိုးကိုတော့ ရှောင်ပါ။

4.အနက်ရောင်ကတော့ လူကို ပိုပြီး သေး သွယ်သွားစေပါလိမ့်မယ်။ ဖက်ရှင်အ တွက် အဓိကကျတဲ့ အရောင်မို့ မရှောင် လွှဲပစ်နိုင်ဘူးဆိုရင်တောင် အပြည့်ဝတ် ပစ်တာမျိုး မလုပ်ဘဲ accessory တွေ အကူအညီနဲ့ ပြန်ပြီး လင်းပစ်ပါ။

5.အလွယ်ကူဆုံးနဲ့ သင့်ကို curvy shape ဖြစ်သွားအောင် ကူညီပေးနိုင် တာကတော့ အစင်းဖက်ရှင်ပါပဲ။ ဒါပေ မယ့် ရေပြင်ညီစင်းပဲနော်။ ဒါတွေက ဘေးဘက်ကို ပိုကျယ်ပြန့်တယ်လို့ မျက် လုံးကို လှည့်ဖြားနိုင်စွမ်းရှိလို့ခပ်ပြည့် ပြည့်ခန္ဓာကိုယ်ပိုင်ရှင်တွေဆိုရင်တော့ ရှောင်ရမှာပါ။ အင်္ကျီ ဒါမှမဟုတ် ဂါဝန် တို အစင်းလေးတွေကို ပေါ့ပေါ့ပါးပါး ဝတ်ချလိုက်တာက ပိုမို ကျစ်လျစ်ပြီး ကြည့်ကောင်းစေပါလိမ့်မယ်။

6.လက်ရှည်အင်္ကျီတွေကလည်း သေး သွယ်လွန်းတဲ့ လက်မောင်းတွေကို ပို ကြည့်ကောင်းအောင် ကူညီပါလိမ့်မယ်။ ဒါပေမယ့် စကတ်အတို ပုံစံမျိုးကိုတော့ တတ်နိုင်သမျှ ရှောင်ပါ။ ဒါတွေအစား ဒူးအတိဂါဝန်လေးတွေ ရွေးပါ။

7. ခြေမျက်စိအထိပဲရှည်တဲ့ boot cut ဘောင်းဘီတွေကတော့ ပေါင်၊ ခြေ သလုံးနေရာတွေကို မိန်းကလေးဆန် ဆန်လေး လှပနေစေအောင် ထောက် ကူပေးမှာပါ။

8.လက်ပြတ်အင်္ကျီတွေ၊ အခု ခေတ်စားနေ တဲ့ crop top တွေကိုတော့ သိပ်အား မပေးချင်ပါဘူး။ အဲဒီအစား shoulder off အင်္ကျီ အလွင့်လေးတွေ၊ ဂါဝန် ဝဲဝဲ လေးတွေကို ပြောင်းလဲ ရွေးချယ်ကြည့် လို့ ရတယ် မဟုတ်လား။

9.ဒါပေမယ့် လည်ပင်းသိုင်း၊ ဂုတ်ကြိုး ချည် ပုံစံလေးတွေတော့ ရွေးလို့ရတယ် နော်။ ခါးနေရာမှာတော့ ဖစ်တင်ဖြစ်နေ ဖို့ လိုတာပေါ့။

10.Layer တွေကိုလည်း မေ့မထားသင့်ပါ ဘူး။ ဒါတွေက ကိုယ့်ကို ဖက်ရှင်လည်း ကျစေသလို သေးသွယ်လွန်းတယ်လို့ လည်း အထင်မရောက်အောင် လှည့်စား ပေးနိုင်ပါတယ်။

11.တီရှပ်နဲ့ ဂျင်းန်လေးပဲ ပေါ့ပေါ့ပါးပါး ဝတ် သွားချင်တာကတော့ မိန်းကလေးတိုင်း လိုလိုပါပဲ။ skinny Girl လေးတွေ ဆို ရင်တော့ အဲဒီ တီရှပ်ပေါ်ကနေ ကုတ် အတိုလေး တစ်ခုခု ထပ်တာ ဒါမှမဟုတ် ပုဝါအပါးလေးကို စုံချတာမျိုး ထပ်ပေါင်း ပါ။ ဖိနပ်ကိုလည်း တပြေးညီ အမြင့်မျိုး၊ ဘုသ်ပုံစံမျိုးကို ရွေးတွဲပါ။

12.Accessory တွေကိုတော့ မျှင်မျှင်သေး သေးနဲ့ ခပ်ရှုပ်ရှုပ်လေးတွေ ဆင့်ဝတ်ပါ။

source:now

 

Read 1010 times
Rate this item
(0 votes)