What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဝသောသူများအတွက် အလန်းစားဖက်ရှင်စတိုင်

ယနေ့လူငယ်မိန်းကလေးများ အပြိုင်အဆိုင်လန်းနေကြတဲ့ခေတ်မှာ ဝတဲ့လူတွေစိတ်မညစ်စေဖို့

အလန်းစားဒီဇိုင်းတွေနဲ့ အပြတ်လှနေအောင်လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။

ဝနေတဲ့အတွက်တော့ စိတ်ပူစရာမလိုတော့ပါဘူး။ ဝတဲ့လူတွေအတွက် အလန်းစား ဖက်ရှင်တွေနဲ့လှနိုင်ဖို့ အလန်းစား Plus Size တွေနေရာတိုင်း၊ ဆိုင်တိုင်းတွင် ရောက်ရှိလို့နေပါပြီ။

အရင်ကဝတဲ့သူတွေအတွက် အဝတ်အစား ရှာဝယ်ရတဲ့ဒုက္ခတွေလည်း ရှိခဲ့မှာပါ။
ကိုယ်တိုင်စိတ်ကြိုက်ဖြစ်နိုင်ဖို့ကလည်း အတော်လေးရှာဝယ်ရကြောင်းလည်း သိရပါတယ်။

အခုတော့ Plus Size ဖက်ရှင်တွေရှိလာတဲ့အခါမှာတော့ ဝတဲ့လူတွေအတွက် ရာနှုန်းပြည့်မဟုတ်ရင် တောင် စိတ်ကျေနပ်မှုကိုတော့ပေးစွမ်းနိုင်မှာပါ။

အရင်က ရန်ကုန်မှာ Plus Size တွေအတွက် အဝတ်အစားက ဝယ်ရတာအရမ်း ခက်ပါတယ်။ ဝတ်မှုံဖူးဖက်ရှင်ဆိုင်တွင် Plus Size အတွက် သီးသန့် ဖက်ရှင်တွေ ရရှိနိုင်ပြီး ပေါင် (၁၅၀) ကနေ ပေါင် (၃၀ဝ)ထိ ဝတ်ဆင်နိုင်တဲ့ဒီဇိုင်းတွေကို စိတ်တိုင်း ကျရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ အ၀တ်အစားများကို ထိုင်းနိုင်မှ တင်သွင်းကြောင်း သိရပါတယ်။

လစဉ်လတိုင်း ဖက်ရှင်ဒီဇိုင်းအလန်းတွေကိုလည်းရရှိနိုင်ပါတယ်။ စိတ်ကြိုက်ကိုယ်ပိုင် ဒီဇိုင်းတွေ ပြုလုပ် ထားတာလည်း ရှိပါတယ်။

အွန်လိုင်းကနေမှာယူရင်လည်းပို့ ဆောင်ပေးတယ်လို့သိရပါတယ်။ ဝယ်ယူပြီး ပစ္စည်းပြန်လည်လဲလှယ်ယူလိုပါကရန်ကုန်မြို့ တွင်းဆိုရင်တော့ သုံးရက်အတွင်း ပြန်လည်လဲ လှယ်ပေးပါတယ်။ ဈေးနှုန်းမှာ သင့်တင့်မှုရှိပြီး ကျပ် ၉၀၀၀ ကျော်မှ ကျပ် ၁၅၀၀၀ ကျော်အထိ အစားစားရှိကြောင်း သိရပါတယ်။

နောက်ဆုံးအကြိုက်လုံးဝမရှိခဲ့ဘူးဆိုရင်လည်း ငွေပြန်အမ်းပေးကြောင်း သိရပါတယ်။ Plus Size ယောက်ျားလေးတွေအတွက်လည်း XXL ဆိုဒ် အင်္ကျီတွေကိုလည်း ရောင်းချနေပြီး ဘောင်းဘီတွေလည်း ထပ်မံရရှိနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။

ဝတ်မှုန်ဖူးဖက်ရှင်

တိုက်(၂၅)၊ အခန်း(၈)၊ ဖဆပလအိမ်ယာ၊
မင်္ဂလာတောင်ညွန့်မြို့နယ်
ဖုန်း ဝ၉၇၉၈၁၁၆၂၁၀

Read 4160 times
Rate this item
(4 votes)