What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဆောင်းရာသီဖက်ရှင်

ဆောင်းရာသီဖက်ရှင်

ဆောင်းရာသီဖက်ရှင်ဖြင့် လူငယ်များလှပစေရန်နှင့် အနွေးဓာတ်ရရှိစေဖို့အတွက် ဖော်ပြလိုက်ပါတယ်။

ဦးထုပ်

ဆောင်းရာသီ၏ နံနက်ခင်းသည် အေးမြနေသကဲ့သို့ နေရောင်ခြည်ကတော့ အန္တရာယ်ရှိစေနိုင်ပါတယ်။ နေရောင်ခြည်၏ ခရမ်းလွန်ရောင်ခြည်က အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ နေရောင်ခြည်ကို တတ်နိုင်သလောက် ကာကွယ်ရမှာ ဖြစ်ပါတယ်။ ထို့ကြောင့် လျှာပြားကြီးကြီး ဦးထုပ်တွေကို ရွေးချယ်၍ ၀တ်ဆင်သင့်ပါတယ်။ ညပိုင်းတွင် သိုးမွှေးဦးထုပ်များဆောင်းခြင်းဖြင့် အနွေးဓာတ်ရရှိစေမှာဖြစ်ပါတယ်။

မာဖလာအလှများ

ဆောင်းရာသီတွင် မာဖလာအလှများနဲ့လည်း တွဲဖက်၍ ဖက်ရှင်ကျအောင် ၀တ်ဆင်နိုင်ပါတယ်။ မာဖလာကို ပခုံပေါ်မှာ လှပအောင်ချည်ပြီး ၀တ်ဆင်နိုင်တယ်။ မာဖလာ အနက်ရောင်၊ အညိုရောင်နှင့် ကြက်သွေးရောင်တွေက ဘယ်အ၀တ်အစားအရောင်နဲ့မဆို နွေးထွေးပြီး လိုက်ဖက်စေမှာဖြစ်ပါတယ်။

Read 1756 times
Rate this item
(1 Vote)