လူတစ်ယောက်မှာ အဝတ်အစားကလည်း အရေးကြီးပါတယ်။
အခုလိုမျိုး တိုးတက်လာတဲ့ခေတ်ကြီးထဲမှာဆိုရင်လည်း ပြောင်းလဲလာတဲ့ဖက်ရှင်တွေရဲ့နောက်ကို အမှီလိုက်နိုင်မှ ကိုယ်လည်းသူများတွေလို လှနေမှာပေါ့။ ဖက်ရှင်ဆိုတာ အမြဲတမ်းပုံသေဖြစ်မနေဘူးဆိုတာတော့ သင်သိထားပြီးသားဖြစ်မှာပေါ့။ ဒီတော့ ဘယ်လိုအရာမျိုးလေးတွေက ခေတ်စားလာပြီး သင်လိုက်ဝတ်လို့ရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
ဒူးခေါင်းလောက်ရှိတဲ့ စကပ်တို
အခုနောက်ပိုင်းမှာ ဒူးခေါင်းလောက်အရှည်ရှိတဲ့ စကပ်ကားကားလေးတွေကလည်း ခေတ်စားလာပါတယ်။ ဒီလိုစကပ်လေးတွေက မိန်းကလေးတစ်ယောက်ကို ချစ်စရာကောင်းပြီး သပ်သပ်ရပ်ရပ်လေးနဲ့ လှပနေစေပါတယ်။
ဂျင်းအကျ င်္ီ
ဂျင်းအင်္ကျီလေးတွေကလည်း မိန်းကလေးတစ်ယောက်ကို စတိုင်ကျကျနဲ့လှပနေစေမယ့် အရာတစ်ခုလည်းဖြစ်ပါတယ်…။ ဂျင်းအနွေးထည်တွေလိုမျိုး မဟုတ်ပဲ ဂျင်းအင်္ကျီပုံစံမျိုးလေးတွေပေါ့…။
Leather ဘောင်းဘီ…
Leather ဘောင်းဘီတွေက ပုံမှန်ဝတ်လေ့ဝတ်ထတော့မရှိပေမယ့် Nightout ထွက်တဲ့အချိန်မျိုးတွေမှာ ဝတ်မယ်ဆိုရင်တော့ အမိုက်စားနဲ့လန်းနေစေမှာပေါ့…။
ဘောင်းဘီအဖြူရောင်
ဘောင်းဘီအဖြူရောင်လေးတွေကိုလည်း သင့်ဆီမှာဆောင်ထားသင့်ပါတယ်။ အဖြူရောင်လေးဆိုတော့ အပေါ်ကနေဘာအရောင်နဲ့ပဲဖြစ်ဖြစ် ဝတ်လို့အဆင်ပြေပြီး ဝတ်လိုက်တိုင်းမှာလည်း သင့်ကိုသပ်သပ်ရပ်ရပ်လေးနဲ့ ဆွဲဆောင်မှုရှိရှိ လှပနေစေမှာပဲဖြစ်ပါတယ်။
JumpSuit
၂ဝ၁၈ ခုနှစ်မှာအခေတ်စားဆုံး ဒီဇိုင်းလေးပဲဖြစ်ပြီး အရပ်ရှည်တဲ့ ကောင်မလေးနဲ့ အရမ်းလိုက်တဲ့ ဒီဇိုင်းလေးနော်။
Source:We