Zawgyi version
(unicode version ကုိ ေအာက္ဖက္တြင္ ဖတ္႐ႈပါရန္)
ဂ်ပန္ႏုိင္ငံ တုိက်ဳိၿမိဳ႕မွာ ဟာရာဂ်ဳကုဆုိတဲ့ ဘူတာ႐ုံ ရွိတယ္။
အဲဒီဟာရာဂ်ဳကုဘူတာ႐ုံ ရွိေနတာကုိ အေၾကာင္းျပဳၿပီး အနီးအနားတစ္၀ုိက္ကုိ ဟာရာဂ်ဳကုလုိ႔ ေခၚၾကၿပီး ဂ်ပန္ ဆယ္ေက်ာ္သက္ယဥ္ေက်းမႈ ရွင္သန္ေနတဲ့ ေနရာျဖစ္လုိ႔ နာမည္ႀကီးတယ္။
ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္တုန္းက ဟာရာဂ်ဳကု ဆယ္ေက်ာ္သက္ယဥ္ေက်းမႈရဲ႕ အလန္းစား ဖက္ရွင္ေတြကုိ ေျပာရင္ ေျပာစရာ ခ်က္ ၁၀ ခ်က္ ရွိတယ္။
ယခု ခ်ာတိတ္ေတြ ခ်ာတိတ္မရဲ႕ genderless hot style ကုိပဲ တင္ျပမယ္။
က်န္တာေတြကုိ ေနာက္ေတာ့ ဆက္လက္တင္ျပေပးသြားမွာ ျဖစ္ပါတယ္။
ဒီ၀က္ဘ္ဆုိက္မွာ ေစာင့္ေမွ်ာ္ဖတ္႐ႈႏုိင္မွာ ျဖစ္ပါတယ္။
ပထမတစ္ခ်က္က ဟာရာဂ်ဳကု ဆယ္ေက်ာ္သက္ယဥ္ေက်းမႈမွာ ေယာက္်ားေလးေတြေရာ၊ မိန္းကေလးေတြေရာ ပါ၀င္စီးေမ်ာေနၾကေပမဲ့ မီဒီယာမွာ ပုံေတြ ေဖာ္ျပၾကရင္ မိန္းကေလးေတြရဲ႕ ၀တ္စားဆင္ယင္ပုံေတြကုိ ေဖာ္ျပၾကတာ ပုိမ်ားတယ္။
၂၀၁၆ ခုႏွစ္မွာ ထူးျခားလာတာကေတာ့ ေကာင္ေလးေတြ ၀တ္စားပုံက အဖုိအမ ခြဲျခားမႈမဲ့ေနတာျဖစ္ပါတယ္။
ေယာက္်ားဆန္ျခင္း မိန္းမဆန္ျခင္း မရွိေတာ့တဲ့ genderless hot style ေတြ ျဖစ္ေနတယ္။
သူတုိ႔ကုိ Genderless Kei Boy လုိ႔ ေခၚၾကတယ္။
Kei ဆုိတာက style ကုိ ဆုိလုိပါတယ္။
စတုိင္လ္ထုတ္ပုံက ေယာက္်ားေလးလုိလုိ မိန္းကေလးလုိလုိ ျဖစ္ေနေအာင္ ေယာက္်ားေလးနဲ႔ မိန္းကေလး အလွဆင္ပုံႏွစ္မ်ဳိးကုိ လွတပတ ျဖစ္ေနေအာင္ ေပါင္းစပ္ထားတာမုိ႔ အျမင္မ႐ုိင္းဘူး။
သူတုိ႔က ေယာက္်ားေလးက ေယာက္်ားေလးလုိ ၀တ္ဆင္ရမယ္။
မိန္းကေလးက မိန္းကေလးလုိ ၀တ္ဆင္ရမယ္ဆုိတာကုိ ယဥ္ယဥ္ေလး ေတာ္လွန္ထားၾကတယ္။
Genderless Kei Boy ေတြရဲ႕ ကုိယ္ခႏၶာက သြယ္လ်တယ္။ ဆံပင္ကုိ ေဆးဆုိးထားတယ္။
မ်က္ႏွာမွာ မိတ္ကပ္လိမ္းတယ္။
လက္သည္းဆုိးတယ္။
အေရာင္ပါတဲ့ မ်က္ကပ္မွန္ကုိ တပ္ထားတယ္။
၀တ္စားထားပုံက မ်က္စိေနာက္စရာ ေကာင္းေနတယ္။
အဲဒါ ၂၀၁၆ ခုႏွစ္မွာ ဟာရာဂ်ဳကု ဆယ္ေက်ာ္သက္ယဥ္ေက်းမႈရဲ႕ အေရြ႕အသစ္တစ္ခုပဲ ဆုိပါေတာ့။
ဒါေပမဲ့ အဲဒီ ခ်ာတိတ္ေတြက ေဂးေတြေတာ့ မဟုတ္ဘူး။
ေဂးေတြကလည္း ေဂးျဖစ္တာေၾကာင့္နဲ႔ေတာ့ Genderless စတုိင္လ္ကုိ မ၀တ္ဆင္ၾကပါဘူး။
ဖက္ရွင္က ဖက္ရွင္။
လိင္ကိစၥက လိင္ကိစၥ တသီးတျခားပဲဆုိတာ အျမင္ရွင္းဖုိ႔ လုိတယ္။
Genderless စတုိင္လ္အေရြ႕မွာ ထင္ရွားတဲ့ ဂ်ပန္ Genderless model တစ္ဦးက ေတာ့ Genking ျဖစ္ပါတယ္။
ဂ်ပန္ ေယာက္်ားေလးေမာ္ဒယ္ Genking ရဲ႕ genderless hot style
Genking ရဲ႕ ေက်ာ္ၾကားျခင္းအစက အင္စတာဂရမ္မွာ သူ႔ပုံေတြ တင္ခဲ့တာကေန စတင္ခဲ့ပါတယ္။
နာမည္ရလာေတာ့မွာ ဂ်ပန္တီဗီကုိ ေရာက္ရွိသြားပါတယ္။
သူ႔ေၾကာင့္လည္း Genderless အေရြ႕ဟာ ဂ်ပန္ႏုိင္ငံ ဆယ္ေက်ာ္သက္ယဥ္ေက်းမႈရဲ႕ ပင္မေရစီးေၾကာင္းထဲကုိ ေရာက္ရွိသြားခဲ့တာလုိ႔ ဆုိႏုိင္ပါတယ္။
သူက ၂၀၁၅ ခုႏွစ္မွာ က်င္းပခဲ့တဲ့ Tokyo Girls Collection မွာ အျခားေမာ္ဒယ္ဘိြဳင္ေတြနဲ႔အတူ ပါ၀င္ခဲ့ၿပီး သူက ထြန္းေပါက္သြားခဲ့တာ ျဖစ္ပါတယ္။
Toman
=====
Toman ဟာ ဂ်ပန္တီး၀ုိင္း XOX (Kiss Hug Kiss) ရဲ႕ အဖြဲ႕၀င္တစ္ဦး ျဖစ္ၿပီး လူႀကိဳက္မ်ားတဲ့ ေမာ္ဒယ္တစ္ဦးလည္း ျဖစ္ပါတယ္။
သူက အေျပာအဆုိေတာ္တာမုိ႔ Genderless style အတြက္ ခုခံကာကြယ္ေျပာဆုိေပးသူတစ္ဦး ျဖစ္လာခဲ့ပါတယ္။
သူဟာ ဟာရာဂ်ဳကု ဆယ္ေက်ာ္သက္ယဥ္ေက်းမႈမွာ ၾသဇာတိကၠမ ႀကီးမားသူတစ္ဦးလည္း ျဖစ္ပါတယ္။
သူ႔ကုိ ဂ်ပန္တီဗီေတြက ေခၚယူၿပီး Genderless Kei ကုိ ကာကြယ္ေျပာဆုိခုိင္းေလ့ ရွိပါတယ္။ အဲဒီအတြက္ တီဗီအင္တာဗ်ဴးေတြလည္း လုပ္ပါတယ္။
စာနယ္ဇင္းေတြကလည္း သူ႔ကုိ အင္တာဗ်ဴးၾကပါတယ္။ တစ္ခါမွေတာ့ Toman က အခုလုိ ရွင္းျပခဲ့ပါတယ္။
‘‘ကၽြန္ေတာ္တုိ႔ Genderless boys ေတြမွာ တူညီတာက ဆံပင္ကုိ အေရာင္ဆုိးတဲ့အျပင္ ဆံထုံးအဆန္းကုိ ထုံးေလ့ရွိတယ္။ အေရာင္ပါတဲ့ မ်က္ကပ္မွန္ကုိ တပ္တယ္။ မိန္းကေလးေတြ ၀တ္တဲ့အ၀တ္အစားေတြကုိ ၀တ္တယ္။ မိတ္ကပ္လည္း လိမ္းတယ္။ အဲဒါေတြက အႏုသုခုမ ရသေတြပါ။ ဒါေပမဲ့ ကၽြန္ေတာ္ကေတာ့ ကုိယ့္ကုိယ္ကုိယ္ Genderless boy တစ္ေယာက္လုိ႔ မထင္ပါဘူး။ ဒါေပမဲ့ ေတြ႕တဲ့သူတုိင္းက Genderless boy လုိ႔ ထင္ျမင္ေျပာဆု္ိေနၾကေတာ့ ကၽြန္ေတာ္ကုိယ္တုိင္လည္း Genderless boy လုိ႔ ခံစားမိတယ္။ တကယ္ေတာ့ ကၽြန္ေတာ္တုိ႔ ႀကိဳက္ႏွစ္သက္တဲ့ ဖက္ရွင္ကုိ ကၽြန္ေတာ္တုိ႔ ၀တ္စားဆင္ယင္ၾကတာပါ။ အဲဒီလုိ ၀တ္စားဆင္ယင္ၿပီး စတုိင္လ္ထုတ္တာက သူ႔ဘာသာသူ ပ်ံ႕ႏွံ႔သြားတာပါ။ အခုဆုိရင္ ကၽြန္ေတာ္တုိ႔လုိ ၀တ္စားဆင္ယင္တဲ့ခ်ာတိတ္ေတြ အေတာ္မ်ားေနပါၿပီ။ အထူးသျဖင့္ ဟာရာဂ်ဳကုရဲ႕ လမ္းေတြေပၚမွာ စတုိင္လ္ထုတ္ၾကသူေတြၾကားမွာ ပ်ံ႕ႏွံ႔သြားတယ္။ကၽြန္ေတာ္တုိ႔ အေရာင္ပါတဲ့ မ်က္ကပ္မွန္ကုိတပ္တာ ပုံမွန္တပ္ေနက်အတုိင္း တပ္တာပါ။ အဆန္းထြင္တာ မဟုတ္ပါဘူး။ ခ်ာတိတ္ေတြ အေတာ္မ်ားမ်ား မိတ္ကပ္လိမ္းၾကတယ္။ သူတို႔ရဲ႕ လက္သည္းေတြကုိ ေဆးဆုိးၾကတယ္။ အလွျခယ္ၾကတယ္။ တစ္လက္မ မကထူတဲ့ ခြာထူ႐ွဴးဖိနပ္ေတြ စီးၾကတယ္။ ျမင္ရသူေတြ အထူးအဆန္း ျဖစ္ေနတယ္။ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္လာရင္ေတာ့ ဘာမွ မဆန္းေတာ့တဲ့ ပုံမွန္၀တ္စားဆင္ယင္ပုံ လုံး၀ ျဖစ္သြားပါလိမ့္မယ္။ အဲဒီလုိ ျဖစ္သြားေအာင္ ကၽြန္ေတာ္ လုပ္ခ်င္တယ္’’
ဂ်ပန္ ေယာက္်ားေလးေမာ္ဒယ္ Toman
ဆက္စပ္ဖတ္႐ႈရန္ေဆာင္းပါး ေအာက္ပါလင့္ခ္ကုိ ႏွိပ္ပါ
ဂ်ပန္မွ Genderless boys မ်ား
http://www.textiledirectory.com.mm/articles/item/247-genderless-boys.html
ဆက္စပ္ဖတ္႐ႈရန္ေဆာင္းပါး ေအာက္ပါလင့္ခ္ကုိ ႏွိပ္ပါ
ဟာရာဂ်ဳကု၊ Cream Soda ၊ Milk
http://www.textiledirectory.com.mm/articles/item/261-cream-soda-%E1%81%8A-milk.html
ဆက္စပ္ဖတ္႐ႈရန္ေဆာင္းပါး ေအာက္ပါလင့္ခ္ကုိ ႏွိပ္ပါ
Harajuku (သို႕) လူငယ္ဖက္ရွင္ျမိဳ႕ေတာ္ေလးဆီသို႕ ခဏတာ ျပန္လည္လြမ္းဆြတ္တမ္းတမိျခင္း
http://www.textiledirectory.com.mm/articles/item/273-%60harajuku.html
Unicode
ဂျပန် လမ်းပေါ်မှ ဖက်ရှင်
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဟာရာဂျုကုဆိုတဲ့ ဘူတာရုံ ရှိတယ်။ အဲဒီဘူတာရုံတစ်ဝိုက်ကို ဟာရာဂျုကုလို့ ခေါ်ကြပြီး ဂျပန် ဆယ်ကျော်သက်ယဉ်ကျေးမှု ရှင်သန်နေတဲ့ နေရာဖြစ်လို့ နာမည်ကြီးတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ဟာရာဂျုကု ဆယ်ကျော်သက်ယဉ်ကျေးမှုရဲ့ အလန်းစား ဖက်ရှင်တွေကို ပြောရင် ပြောစရာ ချက် ၁၀ ချက် ရှိတယ်။ ၁၀ချက်စလုံး တင်ပြရရင် အတော်ရှည်လျားနေမှာမို့ ယခု ချာတိတ်တွေရဲ့ genderless hot style ကိုပဲ တင်ပြမယ်။ ကျန်တာတွေကို နောက်တော့ ဆက်လက်တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီဝက်ဘက်ဆိုက်မှာ စောင့်မျှော်ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
ပထမတစ်ချက်က ဟာရာဂျုကု ဆယ်ကျော်သက်ယဉ်ကျေးမှုမှာ ယောက်ျားလေးတွေရော၊ မိန်းကလေးတွေရော ပါဝင်စီးမျောနကြေပေမဲ့ မီဒီယာမှာ ပုံတွေ ဖော်ပြကြရင် မိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်ပုံတွေကို ဖော်ပြကြတာ ပိုများတယ်။ ၂၀၁၆ ခုနှစ်မှာ ထူးခြားလာတာ ကောင်လေးတွေ ဝတ်စားပုံက အဖိုအမ ခွဲခြားမှုမဲ့နေတာဖြစ်ပါတယ်။ ယောက်ျားဆန်ခြင်း မိန်းမဆန်ခြင်း မရှိတော့တဲ့ genderless hot style တွေ ဖြစ်နေတယ်။ သူတို့ကို Genderless Kei Boy လို့ ခေါ်ကြတယ်။ Kei ဆိုတာက style ကို ဆိုလိုပါတယ်။ စတိုင်လ်ထုတ်ပုံက ယောက်ျားလေးလိုလို မိန်းကလေးလိုလို ဖြစ်နေအောင် ယောက်ျားလေးနဲ့ မိန်းကလေး အလှဆင်ပုံနှစ်မျိုးကို လှတပတ ဖြစ်နေအောင် ပေါင်းစပ်ထားတာမို့ အမြင်မရိုင်းဘူး။ သူတို့က ယောက်ျားလေးက ယောက်ျားလေးလို ဝတ်ဆင်ရမယ်။ မိန်းကလေးက မိန်းကလေးလို ဝတ်ဆင်ရမယ်ဆိုတာကို ယဉ်ယဉ်လေး တော်လှန်ထားကြတယ်။ Genderless Kei Boy တွေရဲ့ ကိုယ်ခန္ဓာက သွယ်လျတယ်။ ဆံပင်ကို ဆေးဆိုးထားတယ်။ မျက်နှာမှာ မိတ်ကပ်လိမ်းတယ်။ လက်သည်းဆိုးတယ်။ အရောင်ပါတဲ့ မျက်ကပ်မှန်ကို တပ်ထားတယ်။ ဝတ်စားထားပုံက မျက်စိနောက်စရာ ကောင်းနေတယ်။
အဲဒါ ၂၀၁၆ ခုနှစ်မှာ ဟာရာဂျုကု ဆယ်ကျော်သက်ယဉ်ကျေးမှုရဲ့ အရွေ့အသစ်တစ်ခုပဲ ဆိုပါတော့။ ဒါပေမဲ့ အဲဒီ ချာတိတ်တွေက ဂေးတွေတော့ မဟုတ်ဘူး။ ဂေးတွေကလည်း ဂေးဖြစ်တာကြောင့်နဲ့တော့ Genderless စတိုင်လ်ကို မဝတ်ဆင်ကြပါဘူး။ ဖက်ရှင်က ဖက်ရှင်။ လိင်ကိစ္စက လိင်ကိစ္စ တသီးတခြားပဲဆိုတာ အမြင်ရှင်းဖို့ လိုတယ်။
Genderless စတိုင်လ်အရွေ့မှာ ထင်ရှားတဲ့ ဂျပန် Genderless model တစ်ဦးက တော့ Genking ဖြစ်ပါတယ်။
သူ့အကြောင်း နည်းနည်းပါးပါး ပြောပြပြီး ဒီဆောင်းပါးကို အဆုံးသတ်မှာ ဖြစ်ပါတယ်။
ဂျပန် ယောက်ျားလေးမော်ဒယ် Genking ရဲ့ genderless hot style
Genking ရဲ့ ကျော်ကြားခြင်းအစက အင်စတာဂရမ်မှာ သူ့ပုံတွေ တင်ခဲ့တာကနေ စတင်ခဲ့ပါတယ်။ နာမည်ရလာတော့မှာ ဂျပန်တီဗီကို ရောက်ရှိသွားပါတယ်။ သူ့ကြောင့်လည်း Genderless အရွေ့ဟာ ဂျပန်နိုင်ငံ ဆယ်ကျော်သက်ယဉ်ကျေးမှုရဲ့ ပင်မရေစီးကြောင်းထဲကို ရောက်ရှိသွားခဲ့တာလို့ ဆိုနိုင်ပါတယ်။ သူက ၂၀၁၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Tokyo Girls Collection မှာ အခြားမော်ဒယ်ဘွိုင်တွေနဲ့အတူ ပါဝင်ခဲ့ပြီး သူက ထွန်းပေါက်သွားခဲ့တာ ဖြစ်ပါတယ်။
Toman
=====
Toman ဟာ ဂျပန်တီးဝိုင်း XOX (Kiss Hug Kiss) ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး လူကြိုက်များတဲ့ မော်ဒယ်တစ်ဦးလည်း ဖြစ်ပါတယ်။ သူက အပြောအဆိုတော်တာမို့ Genderless style အတွက် ခုခံကာကွယ်ပြောဆိုပေးသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူဟာ ဟာရာဂျုကု ဆယ်ကျော်သက်ယဉ်ကျေးမှုမှာ သြဇာတိက္ကမ ကြီးမားသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကို ဂျပန်တီဗီတွေက ခေါ်ယူပြီး Genderless Kei ကို ကာကွယ်ပြောဆိုခိုင်းလေ့ ရှိပါတယ်။ အဲဒီအတွက် တီဗီအင်တာဗျူးတွေလည်း လုပ်ပါတယ်။ စာနယ်ဇင်းတွေကလည်း သူ့ကို အင်တာဗျူးကြပါတယ်။ တစ်ခါမှတော့ Toman က အခုလို ရှင်းပြခဲ့ပါတယ်။
‘‘ကျွန်တော်တို့ Genderless boys တွေမှာ တူညီတာက ဆံပင်ကို အရောင်ဆိုးတဲ့အပြင် ဆံထုံးအဆန်းကို ထုံးလေ့ရှိတယ်။ အရောင်ပါတဲ့ မျက်ကပ်မှန်ကို တပ်တယ်။ မိန်းကလေးတွေ ဝတ်တဲ့အဝတ်အစားတွေကို ဝတ်တယ်။ မိတ်ကပ်လည်း လိမ်းတယ်။ အဲဒါတွေက အနုသုခုမ ရသတွေပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် Genderless boy တစ်ယောက်လို့ မထင်ပါဘူး။ ဒါပေမဲ့ တွေ့တဲ့သူတိုင်းက Genderless boy လို့ ထင်မြင်ပြောဆို်နကြေတော့ ကျွန်တော်ကိုယ်တိုင်လည်း Genderless boy လို့ ခံစားမိတယ်။ တကယ်တော့ ကျွန်တော်တို့ ကြိုက်နှစ်သက်တဲ့ ဖက်ရှင်ကို ကျွန်တော်တို့ ဝတ်စားဆင်ယင်ကြတာပါ။ အဲဒီလို ဝတ်စားဆင်ယင်ပြီး စတိုင်လ်ထုတ်တာက သူ့ဘာသာသူ ပျံ့နှံ့သွားတာပါ။ အခုဆိုရင် ကျွန်တော်တို့လို ဝတ်စားဆင်ယင်တဲ့ချာတိတ်တွေ အတော်များနေပါပြီ။ အထူးသဖြင့် ဟာရာဂျုကုရဲ့ လမ်းတွေပေါ်မှာ စတိုင်လ်ထုတ်ကြသူတွကြေားမှာ ပျံ့နှံ့သွားတယ်။
ကျွန်တော်တို့ အရောင်ပါတဲ့ မျက်ကပ်မှန်ကိုတပ်တာ ပုံမှန်တပ်နေကျအတိုင်း တပ်တာပါ။ အဆန်းထွင်တာ မဟုတ်ပါဘူး။ ချာတိတ်တွေ အတော်များများ မိတ်ကပ်လိမ်းကြတယ်။ သူတို့ရဲ့ လက်သည်းတွေကို ဆေးဆိုးကြတယ်။ အလှခြယ်ကြတယ်။ တစ်လက်မ မကထူတဲ့ ခွာထူရှူးဖိနပ်တွေ စီးကြတယ်။ မြင်ရသူတွေ အထူးအဆန်း ဖြစ်နေတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာရင်တော့ ဘာမှ မဆန်းတော့တဲ့ ပုံမှန်ဝတ်စားဆင်ယင်ပုံ လုံးဝ ဖြစ်သွားပါလိမ့်မယ်။ အဲဒီလို ဖြစ်သွားအောင် ကျွန်တော် လုပ်ချင်တယ်’