စာဖတ်သူပရိသတ်တွေအတွက် လူကြိုက်အများဆုံးနဲ့ ဝတ်လိုက်ရင်ဘယ်တော့မှရိုးမသွားစေတဲ့ Black and White ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ black and white ဖက်ရှင်တွေထဲမှာတော့ ချစ်စရာကောင်းတဲ့ကိုရီးယားဖက်ရှင်လေးတွေနဲ့ လူကြိုက်များပြီး လူတိုင်းလိုက်ဝတ်လို့ရတဲ့ အမိုက်စားဖက်ရှင်လေးတွေကို ရွေးချယ်ပေးထားတာဖြစ်လို့ အားလုံးပဲသဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။
၁. ကိုရီးယားဖက်ရှင်လေးဝတ်ချင်သူတွေအနေနဲ့ black and white ကို ဒီလိုဖက်ရှင်လေးရွေးချယ်လို့ ရပါတယ်။
၂. ဒီကိုရီးယားဖက်ရှင်လေးကတော့ နောက်ပိုင်းမှာတော်တော်များများဝတ်လာကြတဲ့ ဂါဝန်ဖက်ရှင်လေးပါ။ ဒါကို black and white လေးဝတ်မယ်ဆိုရင်တော့ ပိုပြီးချစ်စရာကောင်းတဲ့ဖက်ရှင်လေးဖြစ်သွားမှာပါ။
၃. စတိုင်လ်ကျကျဝတ်ချင်သူတွေအနေနဲ့ ဒီလိုအမိုက်စား black and white ဖက်ရှင်လေးကို ရွေးချယ်နိုင်တယ်လေ။
၎. ဒီဖက်ရှင်လေးကတော့ စတိုင်လည်းကျပြီး ဘယ်တော့မှလည်းရိုးမသွားတဲ့ဖက်ရှင်လေးပါ။
Night Out သွားတဲ့အခါ အထာကျကျ လန်းနေစေမယ့် ဖက်ရှင်စတိုင်
၅. ကိုရီးယားဆန်ဆန်နဲ့ free style ဖက်ရှင်လေးတစ်ခုဖြစ်တဲ့ ဒီဖက်ရှင်စတိုင်လ်လေးကိုလည်း black and white ဝတ်လို့ရတယ်နော်။
၆. မိန်းမဆန်ဆန်နဲ့လှပတဲ့ဖက်ရှင်မျိုးကို ရွေးချယ်မယ်ဆိုရင်တောင် ဒီလို black and white ဖက်ရှင်လေးကို ရွေးချယ်လို့ရပါတယ်။ ဘယ်တော့မှရိုးမသွားတဲ့ ဒီဇိုင်းတစ်ခုပေါ့။
၇. ဂျပန်မလေးတွေနဲ့ ကိုရီးယားမလေးတွေလို ချစ်စရာကောင်းအောင်ဝတ်ချင်သူများအတွက် ဒီလို black and white ဖက်ရှင်လေးကို ရွေးချယ်ပေးလိုက်ပါတယ်။
၈. ဒီလိုချစ်စရာကောင်းတဲ့ စကပ်အဖြူရောင်လေးကို အနက်ရောင်အင်္ကျီလေးတွဲဝတ်တာမျိုးက ရိုးရှင်းပြီးဘယ်တော့မှလည်း ရိုးမသွားတဲ့ဖက်ရှင်လေးပါ။
၉. စတိုင်လ်ကျပြီးမိုက်နေအောင် ဒီလိုဖက်ရှင်မျိုးကိုလည်း ရွေးချယ်ဝတ်ဆင်လို့ရတယ်နော်။
Source:we media