What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ထူးခြားဆန်းပြားတဲ့ လခြမ်းကွေး အိတ်များ

half-moon bag လို့ခေါ်တဲ့ လခြမ်းကွေးအိတ်တွေက New York runway မှာလူအများရဲ့အာရုံကိုစွဲဆောင်နိုင်စေခဲ့ပါတယ်။ ခေတ်ဆန်ဆန် စွယ်စုံသုံးလို့ရပြီး လွယ်ရတာအရမ်းကိုအဆင်ပြေတာကြောင့် လခြမ်းကွေးအိတ်လေးတွေဟာ တော်တော်များများမှာ အရမ်းကို hit ဖြစ်ခဲ့ပါတယ်။

သေသပ်လှပပြီးပစ္စည်းများများဆံ့တဲ့ အဲဒီအိတ်တွေကို perfect carry-all လို့တင်စားခေါ်ဆိုကြတဲ့အထိ ရေပန်းစား လူကြိုက်များခဲ့ပါတယ်။ အဲဒါကြောင့် ဖက်ရှင်ကျကျနဲ့ သယ်ဆောင်ရအဆင်ပြေတဲ့ half-moon bag ကို လူတိုင်းလိုချင်တပ်မက်ပိုင်ဆိုင်လိုတာဟာလဲ အံ့ဩစရာတစ်ခုတော့မဟုတ်ပါဘူး။

2 min

လခြမ်းကွေးအိတ်ဆိုတာဘာလဲ ??
Half-moon bag လို့ခေါ်တဲ့ လခြမ်းကွေးအိတ်လေးတွေကို အရောင်မနု မရင့် luxury leather နဲ့ပြုလုပ်ထားပြီး ပခုံးလွယ်ကြိုးအရှည်ပုံစံ ထုတ်လုပ်ထားပါတယ်။ ဆိုဒ်ကြီးကြီးနဲ့ တမူကွဲပြားတဲ့ design ကြောင့် fashion accessory တစ်ခုအဖြစ် အမျိုးသမီးအများစု ရွေးချယ်ကြတဲ့အိတ်ပုံစံတစ်မျိုးလဲဖြစ်ပါတယ်။

ဆန်းပြားတဲ့ အသွင်ကိုဦးတည်ပြီး ဒီဇိုင်နာ Victoria Beckham နဲ့Michael Kors တို့က half-moon bag လေးတွေကို runways တွေမှာ ပထမဦးဆုံးအနေနဲ့ စတင်မိတ်ဆက်ခဲ့ပါတယ်။

Victoria Beckham min

နေ့စဉ်နဲ့အမျှ သယ်ဆောင်သွားရတဲ့ အိတ်တွေကို အမြဲပေါ့ပါးစေဖို့ ပြုလုပ်သင့်တဲ့ အရာတွေ

Michael Kors min

Runway ပေါ်က လခြမ်းအိတ်များ
Half-moon bag လေးတွေဟာ ဒီဇိုင်နာ အများစုရဲ့ favorite design တစ်ခုဖြစ်ပြီး Victoria Beckham ကပထမဆုံးစတင် အကောင်အထည်ဖော်ခဲ့တာလဲဖြစ်ပါတယ်။ သူမရဲ့ မိန်းမဆန်ဆန်ကျော့ရှင်းလှပပြီး casual ဆန်တဲ့အိတ်ကြီးကြီးတွေက အမိုက်ဆုံး perfect accessory တစ်ခုဖြစ်လာပါတယ်။ Runway ပေါ်မှာတော့ မျက်စိကျစရာရိုးရှင်းတဲ့ပုံစံနဲ့ ခေတ်ဆန်ကျော့မော့လှပတဲ့ လခြမ်းကွေးအိတ်တွေဟာ အားလုံးနဲ့လိုက်ဖက်တဲ့ design တစ်မျိုးအဖြစ်ထိုးဖောက်လာပါတယ်။ အားလုံးနဲ့လိုက်ဖက်ပြီး ယောကျာ်းလေးဆန်ဆန်တည်ငြိမ်တဲ့ style အတွက်လဲပေါ့ပါးစွာသယ်ဆောင်လို့ရပါတယ်။

run way min

Michael Kors ကတော့ အညိုရင့်ရင့် leather ဘေးလွယ်အိတ်ခပ်နိမ်နိမ့်တွေကို သယ်ဆောင်လို့အကောင်းဆုံ့း half-moon bag တွေအဖြစ်ပြသခဲ့ပါတယ်။ သန့်ရှင်းချောမွတ်တဲ့ ပုံစံနဲ့ တောက်ပြောင်နေတဲ့ leather ရဲ့အရောင်ဟာနောက်ခံအရောင်မှိုင်းမှိုင်းပေါ်မှာတောက်ပစွာ ကျက်သရေရှိရှိ runway ပေါ်မှာဆွဲဆောင်နေပါတယ်။
ဒီအချက်လေးတွေကတော့ သင့်ဆီမှာဘာကြောင့် half-moon လေးတစ်လုံးရှိသင့်တယ်ဆိုတာ ပြောပြနိုင်မှာပါ။

အများနဲ့မတူတဲ့အိတ်ပုံစံ စက်ဝိုင်းခြမ်း သဏ္ဍာန်ရှိပြီး ကိုင်ဆောင်သွားတဲ့ သင့်ကိုသားနားတဲ့ အသွင်ကိုပေးနိုင်ပါတယ်..
သူ့ရဲ့ကျယ်ဝန်းတဲ့ အိတ်ပုံစံဟာ သင့်ရဲ့တစ်နေ့တာ လိုအပ်တဲ့ပစ္စည်းတွေကိုလိုသလောက် သယ်ဆောင်သွားနိုင်မှာပါ..
သူ့ရဲ့ဆန်းဆန်းပြားပြားနာမည်နဲ့ ထူးခြားတဲ့ design လေးကလဲဆွဲဆောင်မှုအပြည့်နဲ့ ပျိုမေတို့အသဲစွဲ ဖြစ်စေမှာပါ..
ဘက်စုံအသုံးပြုနိုင်ပြီး လှပတောင့်တင်းတဲ့ leather design ကလဲ သင့်ကို ခပ်လန်းလန်းနဲ့ ဖက်ရှင်ကျစေမှာပါ...
ဓါတ်ပုံထဲမှာလဲ ထင်းနေတဲအတွက် သင့်ရဲ့ Instagram နဲ့ blog က ဓါတ်ပုံလေးတွေကို ခပ်မိုက်မိုက်ဖြစ်နေမှာ အသေချာပါပဲ...
သူမတူတဲ့ design ကြောင့် သင့်ရဲ့ outfit တစ်ခုလုံးကို ပိုပေါ်လွင်အောင်အထောက်အကူဖြစ်စေပါတယ်...

half moon bag min

 

Source:moda

Read 1074 times
Rate this item
(1 Vote)