What's new

×

Warning

JUser: :_load: Unable to load user with ID: 845


2017 Victoria’s Secret Fantasy Bra

ZAW+UNI အမ်ဳိးသမီး အတြင္းခံအေကာင္းစားမ်ား ထုတ္လုပ္ေရာင္းခ်သည့္ ထိပ္တန္းလုပ္ငန္းႀကီး ျဖစ္ေသာ Victoria’s Secret သည္ ႏွစ္စဥ္ ပြဲႀကီးက်င္းပၿပီး ၎ပြဲႀကီးတြင္

အဖုိးတန္ဘရာဒီဇုိင္းတစ္ခုကုိ Fantasy Bra အျဖစ္ ဖန္တီးေလ့ရွိသည္။ မည္သူ ၀တ္ဆင္မည္ကုိ ႀကိဳတင္သတ္မွတ္ထားေသာ္လည္း လူသိရွင္ၾကား ထုတ္ျပန္ျခင္း မျပဳဘဲ လွ်ဳိ႕၀ွက္ထားသည္။ ပြဲႀကီးက်င္းပမည့္ ရက္ပုိင္းအလုိက်မွ ၀တ္ဆင္ရမယ့္ အိန္ဂ်ယ္မွာ မည္သူမည္၀ါျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာသည္။


ယခုနွစ္ ၂၀၁၇ ခုႏွစ္တြင္လည္း အစဥ္အလာမပ်က္ အဖုိးတန္ဘရာ ဖန္တီးခဲ့ရာ တန္ဖုိးမွာ အေမရိကန္ေဒၚလာ ၂ သန္း တန္သည္။ ရွန္ပိန္ညမ်ား ဖန္တစီဘရာ Champagne Nights Fantasy Bra ဟု အမည္ေပးထားသည္။
ကန္ေဒၚလာ ၂ သန္းတန္ ဘရာကုိ ၀တ္ဆင္ရသူမွာ Victoria’s Secret ၏ အိန္ဂ်ယ္တစ္ဦးျဖစ္သူ Lais Ribeiro ျဖစ္သည္။ သူသည္ အသက္ ၂၇ ရွိၿပီျဖစ္သည့္ ဘရာဇီးနုိင္ငံသူ ေမာ္ဒယ္တစ္ဦး ျဖစ္သည္။ Victoria’s Secret Fashion Show တြင္ ပါ၀င္ရျခင္းသည္ ဂုဏ္တစ္ခုျဖစ္သည္။ ယခုလုိ သန္းခ်ီတန္သည့္ ဘရာကုိ ၀တ္ဆင္ခြင့္ရျခင္းသည္ အထူးတလည္ ဂုဏ္ျပဳခံရျခင္း မည္ေပသည္။ Ribeiro သည္ Victoria’s Secret Fashion Show တြင္ ေျခာက္ႀကိမ္တုိင္တုိင္ ပါ၀င္ခဲ့ဖူးၿပီး ယခုႏွစ္ ၂၀၁၇ ခုႏွစ္တြင္ ယခုလုိ သန္းခ်ီတန္သည့္ဘရာကုိ ၀တ္ဆင္ရန္ ေရြးခ်ယ္ခံရျခင္း ျဖစ္သည္။ ၂၀၁၀ ခုႏွစ္တြင္ ပထမဆုံးအႀကိမ္အျဖစ္ ictoria’s Secret Fashion Show တြင္ Ribeiro ပါ၀င္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္တြင္ အိန္ဂ်ယ္အျဖစ္ သတ္မွတ္ခံရသည္။


Ribeiro က အင္စတာဂရမ္တြင္ ယခုလုိ သူ႔ကုိ ေရြးခ်ယ္ၿပီး တာ၀န္ေပးသည့္အတြက္ အလြန္ေပ်ာ္ေၾကာင္း၊ Victoria’s Secret မိသားစုမွ သူ႔အေပၚ ယုံယုံၾကည္ၾကည္ျဖင့္ တာ၀န္ေပးသည့္အတြက္ အထူးေက်းဇူးတင္ေၾကာင္း ေရးသားေဖာ္ျပသည္။ သူ႔အား ေထာက္ကူၾကသူမ်ား ျဖစ္ေသာ သူ႔မိသားစု၊ မိတ္ေဆြမ်ားႏွင့္ ပရိသတ္တုိ႔ကုိလည္း အလြန္ေက်းဇူးတင္ေၾကာင္း ေရးသားေဖာ္ျပခဲ့သည္။

 

bra 2

ေဒၚလာသန္းခ်ီတန္ေသာ ဘရာကုိ စိန္စီထားသည္။ ၀ါလဲ့လဲ့နီလာပြင့္မ်ားႏွင့္ အျပာေရာင္ ဥႆဖရားေက်ာက္မ်ားျဖင့္ တန္ဆာဆင္ထားသည္။ ေရႊအေလးခ်ိန္ ၆၀၀ ကရက္ရွိသည္။ ဘရာကုိ ဖန္တီးရန္ အခ်ိန္ နာရီ ၃၅၀ ၀န္းက်င္ၾကာျမင့္သည္။ ေရႊသစ္ရြက္မ်ားကုိ အေျခခံထားၿပီး ရတနာအပြင့္ေပါင္း ေျခာက္ေထာင္ တပ္ဆင္ထားသည္။ ဘရာကုိ ဒီဇုိင္းျပဳသူမွာ လက္၀တ္ရတနာ ဒီဇုိင္းသမား Mouawad ျဖစ္သည္။

 

bra 1

 

2017 Victoria’s Secret Fantasy Bra

အမျိုးသမီး အတွင်းခံအကောင်းစားများ ထုတ်လုပ်ရောင်းချသည့် ထိပ်တန်းလုပ်ငန်းကြီး ဖြစ်သော Victoria’s Secret သည် နှစ်စဉ် ပွဲကြီးကျင်းပပြီး၎င်းပွဲကြီးတွင် အဖိုးတန်ဘရာဒီဇိုင်းတစ်ခုကို Fantasy Bra အဖြစ် ဖန်တီးလေ့ရှိသည်။ မည်သူ ဝတ်ဆင်မည်ကို ကြိုတင်သတ်မှတ်ထားသော်လည်း လူသိရှင်ကြား ထုတ်ပြန်ခြင်း မပြုဘဲ လျှို့ဝှက်ထားသည်။ ပွဲကြီးကျင်းပမည့် ရက်ပိုင်းအလိုကျမှ ဝတ်ဆင်ရမယ့် အိန်ဂျယ်မှာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။


ယခုနှစ် ၂၀၁၇ ခုနှစ်တွင်လည်း အစဉ်အလာမပျက် အဖိုးတန်ဘရာ ဖန်တီးခဲ့ရာ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ သန်း တန်သည်။ ရှန်ပိန်ညများ ဖန်တစီဘရာ Champagne Nights Fantasy Bra ဟု အမည်ပေးထားသည်။
ကန်ဒေါ်လာ ၂ သန်းတန် ဘရာကို ဝတ်ဆင်ရသူမှာ Victoria’s Secret၏ အိန်ဂျယ်တစ်ဦးဖြစ်သူ Lais Ribeiro ဖြစ်သည်။ သူသည် အသက် ၂၇ ရှိပြီဖြစ်သည့် ဘရာဇီးနိုင်ငံသူ မော်ဒယ်တစ်ဦး ဖြစ်သည်။ Victoria’s Secret Fashion Show တွင် ပါဝင်ရခြင်းသည် ဂုဏ်တစ်ခုဖြစ်သည်။ ယခုလို သန်းချီတန်သည့် ဘရာကို ဝတ်ဆင်ခွင့်ရခြင်းသည် အထူးတလည် ဂုဏ်ပြုခံရခြင်း မည်ပေသည်။ Ribeiro သည် Victoria’s Secret Fashion Show တွင် ခြောက်ကြိမ်တိုင်တိုင် ပါဝင်ခဲ့ဖူးပြီး ယခုနှစ် ၂၀၁၇ ခုနှစ်တွင် ယခုလို သန်းချီတန်သည့်ဘရာကို ဝတ်ဆင်ရန် ရွေးချယ်ခံရခြင်း ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ictoria’s Secret Fashion Show တွင် Ribeiro ပါဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အိန်ဂျယ်အဖြစ် သတ်မှတ်ခံရသည်။


Ribeiro က အင်စတာဂရမ်တွင် ယခုလို သူ့ကို ရွေးချယ်ပြီး တာဝန်ပေးသည့်အတွက် အလွန်ပျော်ကြောင်း၊ Victoria’s Secret မိသားစုမှ သူ့အပေါ် ယုံယုံကြည်ကြည်ဖြင့် တာဝန်ပေးသည့်အတွက် အထူးကျေးဇူးတင်ကြောင်း ရေးသားဖော်ပြသည်။ သူ့အား ထောက်ကူကြသူများ ဖြစ်သော သူ့မိသားစု၊ မိတ်ဆွေများနှင့် ပရိသတ်တို့ကိုလည်း အလွန်ကျေးဇူးတင်ကြောင်း ရေးသားဖော်ပြခဲ့သည်။

ဒေါ်လာသန်းချီတန်သော ဘရာကို စိန်စီထားသည်။ ဝါလဲ့လဲ့နီလာပွင့်များနှင့် အပြာရောင် ဥဿဖရားကျောက်များဖြင့် တန်ဆာဆင်ထားသည်။ ရွှေအလေးချိန် ၆၀၀ ကရက်ရှိသည်။ ဘရာကို ဖန်တီးရန် အချိန် နာရီ ၃၅၀ ဝန်းကျင်ကြာမြင့်သည်။ ရွှေသစ်ရွက်များကို အခြေခံထားပြီး ရတနာအပွင့်ပေါင်း ခြောက်ထောင် တပ်ဆင်ထားသည်။ ဘရာကို ဒီဇိုင်းပြုသူမှာ လက်ဝတ်ရတနာ ဒီဇိုင်းသမား Mouawad ဖြစ်သည်။

Read 2022 times
Rate this item
(0 votes)