What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပထမဆုံး မြန်မာနိုင်ငံမှာ ကျင်းပသည့် Miss Grand International 2018 ပြိုင်ပွဲတွင် Winner ဆုကို ပါရာဂွေးအလှမယ် Clara Sosa ဆွတ်ခူးရရှိ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ပထမဆုံး လက်ခံကျင်းပသည့် နိုင်ငံတကာအဆင့် အလှမယ် ရွေးချယ်ပွဲတစ်ခုဖြစ်သော Miss Grand International 2018 ပြိုင်ပွဲတွင် ပါရာဂွေးနိုင်ငံမှ အလှမယ် Clara Sosa က အိန္ဒိယအလှမယ် အား ဖြတ်ကျေ်ကာ Winner ဆုကို ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲ၏ Grand Final ပြိုင်ပွဲအား အောက်တိုဘာ ၂၅ ရက် ညပိုင်းက ရန်ကုန်မြို့ The One Entertainment Park ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၅ ရက် ညပိုင်းတွင် ပြုလုပ်သည့် Miss Grand International 2018 ပြိုင်ပွဲ၏ Grand Final ပြိုင်ပွဲ၌် Top 10 Finalist အဆင့်သို့တက်ရောက်ခဲသည့် အလှမယ် ၁၀ ဦးထဲမှ နောက်ဆုံးဆန်ခါတင် ငါးဦးအဆင့်သို့ ဂျ ပန်၊ ပွာတိုရီကို၊ ပါရာဂွေး၊ အင်ဒိုနီးရှားနှင့် ပါရာဂွေးနိုင်ငံများမှ အလှမယ်ငါးဦးတို့ တက်ရောက်နိုင်ခဲ့ ပြီး ယင်းအလှမယ် ငါးဦးတို့အား အရည်အချင်းစစ် မေးခွန်းတစ်ခုမေး၍ ဆက်လက်ယှဉ်ပြိုင် စေခဲ့ ကြောင်း သိရသည်။
အလှမယ်ငါးဦးတို့က တစ်ဦးချင်းစီအလိုက် မေးခွန်းဖြေဆို၍ အပြီးတွင် Miss Grand International 2018 ပြိုင်ပွဲ၏ 4th Runner up၊ 3rd Runner up နှင့် 2nd Runner up ဆုတို့ကို ဂျပန်နိုင်ငံ၊ ပွာတိုရီကိုနိုင်ငံနှင့် အင် ဒိုနီးရှားနိုင်ငံတို့မှ အလှမယ်သုံးဦးတို့က ရရှိခဲပြီးနောက်တွင် ပြိုင် ပွဲ၏ စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်ကို ရောက်ရှိခဲပြီး Winner ဆုအတွက် အိန္ဒိယနိုင်ငံနှင့် ပါရာဂွေးနိုင်ငံမှ အလှမယ် တို့ကိုသည် ရွေးချယ်ရန် ကျန်ရှိခဲသည်။
ယင်းနောက်တွင် Miss Grand International 2018 ပြိုင်ပွဲ၏ သရဖူဆွတ်ခူးရရှိသူကို ကြေညာရွေးချယ်ခဲ့ရာတွင် လာရောက်အားပေးသည့် ပရိသတ်များက အိန္ဒိယနိုင်ငံမှ အလှမယ်အား သံပြိုင်အော်ဟစ်၍ Winner ဆုအတွက် အားပေးခဲသော်လည်း ပါရာဂွေးအလှမယ် Clara Sosa အား Miss Grand International 2018 ပြိုင်ပွဲ၏ သရဖူဆုကို ဆွတ်ခူးရရှိခဲကြောင်း ကြေညာခဲ့သည့်အတွက် ပါရာဂွေးအလှမယ် Clara Sosa က Miss Grand International 2018 ၏ Winner ဆုရှင်ြဖစ်လာခဲ့သည်။

90ခုနှစ်က မော်ဒယ်တွေကို တစ်စုတစ်စည်းတည်း ပြန်မြင်ရတဲ့ပွဲ

 

Source:eleven media

Read 1274 times
Rate this item
(1 Vote)