What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရင်သားလွတ်လပ်ရေး ဖက်ရှင်ရေစီးကြောင်း

ဖက်ရှင်သီတင်းပတ်တွေ အနောက်တိုင်းမှာ ကျင်းပလျက်ရှိတာမှာ နာမည်ကြီး ဒီဇိုင်နာတွေရဲ့ ဖက်ရှင်စုစည်းမှုတွေထဲမှာ

သားမြတ်ထိပ် မြင်သာစေတဲ့ ဖက်ရှင်တွေ ရောထွေးပါလာတာ တွေ့ကြရတယ်။ အဲဒီလို မပါရင် တစ်ခေတ်နောက်ကျကျန်ရစ်တဲ့သဘော ဖြစ်လာနေတယ်။ လန်ဒန်ဖက်ရှင် သီတင်းပတ်၊ မီလန် ဖက်ရှင်သီတင်းပတ်၊ ပါရီဖက်ရှင်သီတင်းပတ်တွေမှာ သားမြတ်ထိပ် မြင်သာနေတဲ့ ဖက်ရှင်တွေကို လျှောက်လမ်းပေါ်မှာ ပြသခဲ့ကြတယ်။

paris free nipple

paris free nipple 2

PFW free nipple


ယခုလ ဇူလိုင် ၂၀၁၈ မှာ ကျင်းပခဲ့တဲ့ ပါရီ ဖက်ရှင်ရှိုးပွဲမှာ Jean Paul Gaultier က သားမြတ်ဖော်ပြနေတဲ့ ဖက်ရှင်တွေကို တင်ဆက်ခဲ့တာ ပွဲဆူသွားတယ်။
X-rated fashion shows လို့တောင် အမည်တပ်ခံရတဲ့အထိပဲ ဆိုပါတော့။
အပေါ်ပိုင်းမှာ ထွင်းဖောက်မြင်သာတဲ့ ဇာသားတွေကို သုံးစွဲခဲ့တာ တွေ့ကြရတယ်။

nipple show 1

nipple show 3

nipple show 4

Philosophy show at Milan Fashion Week

အခုလို ဖက်ရှင်မျိုးတွေကို ဖန်တီးတင်ဆက်လာကြတာဟာ အရှိန်တက်နေတဲ့ သားမြတ်ထိပ် လွတ်လပ်ရေး စည်းရုံးလှုံ့ဆော်မှု Free the Nipple campaign ရဲ့ ပယောဂကြောင့် ဖြစ်ပါတယ်။ အဲဒီ campaign က ၀တ်စားဆင်ယင်မှုမှာ အမျိုးသမီးတွေ အမျိုးသားများနည်းတူ လွတ်လပ်စွာ ရွေးချယ်ဝတ်စားခွင့် တန်းတူရရှိရေးကို ဦးတည်ထားတယ်။ ဒီတော့ အမျိုးသားတွေ အပေါ်ပိုင်း ကိုယ်ဗလာဖြင့် သားမြတ်ထိပ် ပေါ်နေတာကို ဥပဒေကြောင်းအရနဲ့ ယဉ်ကျေးမှုအရ လက်ခံထားကြတဲ့နည်းတူ အမျိုးသမီးတွေကိုလည်း အလားတူပင် သားမြတ်ထိပ် ပေါ်နေတာကို လူ့အဖွဲ့အစည်းက တရားဝင်လက်ခံစေဖို့ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

Read 1476 times
Rate this item
(0 votes)