What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘာသာရေးနဲ့ ဆက်နွှယ်တဲ့ ဖက်ရှင်မျိုးတွေ ဖန်တီးချုပ်လုပ် ဝတ်ဆင်လာတဲ့ Met Gala ပွဲတော်

နှစ်စဉ်နှစ်တိုင်း မေလရဲ့ ပထမအပတ် တနင်္လာနေ့တိုင်းဟာ New York ရဲ့ Metropolitan Museum of Art မှာ ကျင်းပတဲ့ ကမ္ဘာကျော် Met Gala Costume ပွဲတော်ကြီးရဲ့ အထိမ်းအမှတ်နေ့ပါ။ Met Gala ရန်ပုံငွေ ပွဲတော်ကို ခရစ်ယာန် ဘာသာရေး အငွေ့အသက် လွှမ်းခြုံတဲ့ ဖက်ရှင်တွေ ရွေးချယ် ဝတ်ဆင်ထားတဲ့ ကမ္ဘာကျော် အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

နယူးယောက် မက်ထရိုပိုလီတန် အနုပညာ ပြတိုက်အတွက် ရန်ပုံငွေ မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ နှစ်စဉ် ကျင်းပလေ့ ရှိတဲ့ Met Gala ပွဲတော်မှာ ထူးခြားချက် တစ်ခုအနေနဲ့ ပွဲတက် ဖက်ရှင်ကို ခေါင်းစဉ်တစ်ခု ရွေးချယ် သတ်မှတ်ပေးလေ့ ရှိပါတယ်။ ဒီနှစ်မှာတော့ ပွဲစီစဉ်သူတွေက ဘာသာရေးနဲ့ ဆက်နွှယ်တဲ့ ဖက်ရှင်မျိုးတွေ ဖန်တီးချုပ်လုပ် ဝတ်ဆင်လာဖို့ ဧည့်ပရိသတ်တွေကို တိုက်တွန်းခဲ့ပါတယ်။

627436a15aafc35fdce4e3.93933607

Met Galaမှာ ပုပ်ရဟန်းမင်းကြီးရဲ့ အဆောင်အယောင် ဝတ်ရုံ ဒီဇိုင်းကို ကိုးကားဖန်တီးထားတဲ့ ရီဟာနာရဲ့ ဖက်ရှင်က လူကြိုက်များခဲ့သလို နတ်တမန် တစ်ပါးလို ငှက်မွေး တောင်ပံကြီးတွေ တပ်ဆင်ထားတဲ့ ကေတီပယ်ရီရဲ့ ပွဲတက်ဝတ်စုံကလည်း အမြင်ဆန်းနေခဲ့ပါတယ်။

vestido met gala 2018

မက်ဒေါနားကတော့ ခရစ်ယာန် သီလရှင်တွေရဲ့ ဝတ်စုံကို အခြေခံ ပြောင်းလဲထားတဲ့ အနက်ရောင် ပွဲတက် ဖက်ရှင်ကို ရွေးချယ်လာပါတယ်။

Madonna Jean Paul Gaultier Met Gala Dress 2018 e1525756972512gigi hadid met gala 2018kendall jenner met gala 2018

ဘာသာရေး ပြယုဂ်တွေကို တိုက်ရိုက် ကိုးကားမှု မရှိဘဲ ကိုယ်ပိုင် ဖက်ရှင်နဲ့ ပွဲတက်လာသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

4BF448CC00000578 5701539 image m 50 1525734959118 e1525756065508stella maxwell met gala 2018zendaya met gala 2018

ကမ္ဘာကျော် ရုပ်ရှင်မင်းသားတွေလည်း Met Gala အခမ်းအနားကို တက်ရောက်လာတာ တွေ့ရှိရပါတယ်ကမ္ဘာကျော် ရုပ်ရှင်မင်းသား၊ မင်းသမီး၊ အဆိုတော်၊ ဂီတ၊ အနုပညာ၊ Fashion နယ်ပယ်အသီးသီးက နာမည်ကြီး မင်းသားမင်းသမီးတွေ၊ အနုပညာရှင်တွေအားလုံးပါဝင်ဆင်နွှဲကြပြီး အဲ့ပွဲမှာ လူကုံထံအသိုင်းအဝိုင်းဆီမှ ရတဲ့အကျိုးအမြတ်တွေကို လှုဒါန်းမှုတွေပြန်လည်ပြုလုပ်တာဖြစ်ပါတယ်။

gigi hadid met gala 2018priyanka chopra met gala 2018rs 634x1024 180507165900 634.chadwick boseman met gala 2018 arrivals.ct .050718 e1525757034607

31948080 1241098829359639 934064144594763776 n32084525 1241098562692999 4766267234349744128 n

Read 1110 times
Rate this item
(0 votes)