ပေါ့ပေါ့ပါးပါးနှင့် ခေတ်ဆန်ဆန်ဖက်ရှင်ကိုလေ့လာချင်ရင် သူ့ ကိုချန်ခဲ့လို့ မရပါဘူး . .
အားလုံးကချစ်ကြတဲ့မင်းသမီးလေး Chloe ရဲ့ ထသွားထလာ fashion လေးတွေကတော့ရိုးရိုးလေးနဲ့အမြင်အေးစေမှာပါ။ Chloe ဟာသူ့ရဲ့ထသွားထလာဝတ်စုံကိုပေါ့ပါးလွတ်လပ်တဲ့ style လေးတွေကိုဘဲအများဆုံးရွေးချယ်လေ့ရှိသူပါ။ ဖော်ပြထားတဲ့ပုံလေးတွေအရတော့ သူက Graphic Teeတွေ၊ Distressed-Jeans တွေ၊ Shorts တိုတိုလေးတွေနဲ့အနက်ရောင်အင်္ကျီလေးတွေကိုအရမ်းနှစ်သက်တာကိုတွေ့ရမှာပါ။ ဖိနပ်ဆိုရင်လည်း High-Heels ထက် Sneakers နဲ့ Sport Shoes တွေကိုဘဲစီးလေ့ရှိပါတယ်။ လူငယ်ဆန်ဆန်သွက်လက်တဲ့ Chloe ရဲ့ outfit လေးတွေကိုတစ်ချက်လောက်ကြည့် ကြည့်ရအောင်။
source:moda