What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မြန်မာဝတ်စုံလေးတွေကို ဒီဇိုင်းဆန်းဆန်း လုံလုံခြုံခြုံနဲ့ ချုပ်ထားတာဆိုကြိုက်တဲ့ လိုင်လာခမ်း

မြန်မာဝတ်စုံလေးတွေကို ဒီဇိုင်းဆန်းဆန်း လုံလုံခြုံခြုံနဲ့ ချုပ်ထားတာဆိုကြိုက်တဲ့ လိုင်လာခမ်း facebook

မြန်မာရုပ်ရှင်မှာသာမက ဘောလိဝုဒ်ရုပ်ရှင်လောကမှာပါ ပရီသတ်အားပေးမှုအခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင်လိုင်လာခမ်းကို ဖက်ရှင် နဲ့ ပတ်သတ်ပြီးမေးမြန်းဖြစ်ခဲ့ပါတယ်။

 

-အခုလက်တလောဘယ်လိုဖက်ရှင်ပုံစံလေးတွေအကြိုက်များနေလဲ။

အခုလက်တလောဘယ်လိုဖက်ရှင်ကြိုက်နေလဲဆို ခုခေတ်ဖက်ရှင်တွေက တပတ်နဲ့ တပတ်တောင် မတူတော့ဘူး။ဒါပေမယ့် ခု ဦးစားပေးဝတ်ဖြစ်နေတာက ရှေ့တိုနေက်ရှည်အင်္ကျီလေးတွေ၊လက်ဆိုလဲ တဖက်တိုတဖက်ရှည်အင်္ကျီလေးတွေ အဲ့ လိုဆန်းဆန်းလေးတွေက ခေတ်စားလာတဲ့ အနေအထားမှာပေါ့။ အမလဲ အဲ့လို ပုံစံမျိုးလေးတွေဝတ်ဖြစ်နေတယ်။

-မြန်မာဝတ်စုံလေးဝတ်ရတဲ့ အပေါ်မှာ မမအနေနဲ့ ဘယ်လိုခံစားရလဲ။

မြန်မာဝတ်စုံလေးတွေ ပြန်ဝတ်ရင် ကျောင်းသားဘ၀ကိုပြန်ရောက်သွားသလိုခံစားရတယ်။ ကျောင်းတက်တုန်းကဆိုမြန်မာအင်္ကျီနဲ့ ထဘီလေးတွေဝတ်ရတာလေ။ပြန်ရောက်တဲ့ မခါမှာလဲ ပွဲလေးမှာ မြန်မာဝတ်စုံလေးတွေဝတ်ဖြစ်ပါတယ်။ ၀တ်တာတော့နည်းတာပေါ့နော်။ဒါပေမယ့် ၀တ်ဖြစ်အောင်တော့ အမြဲကြိုးစားပါတယ်။

21743241 10159352912115230 844206654370848779 n

 

-ခုမြန်မာဝတ်စုံလေးတွေပြန်ခေတ်စားလာတဲ့ အပေါ်အမ အမြင်လေးပြောပေးပါဦး။

မြန်မာဝတ်စုံလေးတွေ ပြန်ခေတ်စားနေတာတော့ အမ အရမ်းကြိုက်ပါတယ်။ ဒီဇိုင်းလေးတွေလဲဆန်းဆန်းလေးတွေ နဲ့ ကြိုက်တယ်။ ဒါပေမယ့် တခါတလေကျတော့ တအားပေါ်နေတဲ့ ၀တ်စုံတွေကျတော့ သိပ်မကြိုက်ဘူး။ ကိုယ်ကမြန်မာဝတ်စုံဆိုတာကို အမြဲလုံလုံခြုံခြုံရှိတဲ့ ၀တ်စုံလို့ သိထားတာကိုယ့် အနေနဲ့ပေါ်နော်။ အဲ့ အတွက် မြန်မာဝတ်စုံလေးတွေကို ဒီဇိုင်းဆန်းဆန်း လုံလုံခြုံခြုံနဲ့ ချုပ်ထားတာဆိုကြိုက်တယ်။

21761445 10159395660250230 5098484977085751439 n

 

-အိန္ဒိယရိုးရာ ၀တ်စုံ (ဆာရီ)၀တ်စုံလေးနဲ့ မြန်မာရိုးရာဝတ်စုံ လေးတွေ ၀တ်ရတဲ့ ခံစားချက်လေးတွေပြောပြပေးပါလား။

မမကတော့ ကိုယ်မြန်မာဝတ်စုံကို ၀တ်ရတာ ပိုပြီးတော့ conformableဖြစ်တာပေါ့နော်။အိန္ဒိယရောက်တဲ့ အခါမှာ ဆာရီကို ပထမဆုံးဝတ်ဖြစ်ခဲ့ပါတယ်။ အရင်တုန်းကတော့ မ၀တ်ဘူးဘူးပေါ့။ဆာရီကို ၀တ်တဲ့ ပထမအကြိမ်တုန်းက uncomfortable မဖြစ်ဘူး။ ၀တ်လဲမ၀တ်တတ်ဘူး။ဝတ်ရတာလဲခက်တယ်။ မထိန်းနိုင်လို့ရှိရင်လမ်းလျှောက်ဖို့တောင်သိပ်အဆင်မပြေဘူး။ဒါပေမယ့် မတို့ကျတော့ မင်းသမီးဖြစ်တဲ့ အပေါ်မှာ အဲ့ ဆာရီတွေပါတွေဝတ်ပြီးလုပ်ရတဲ့ အခါ အရမ်း confortable ဖြစ်အောင်ကြိုးစားလိုက်တယ်။ နောက်ပိုင်းကျတော့ အများကြီး confortable ဖြစ်သွားတယ်။ အရမ်းလိုက်တယ်လို့လဲပြောကြတယ်။ အရပ်မြင့်တဲ့ အခါကျတော့ ဆာရီဝတ်ရင် အရမ်းကို ကြည့်ကောင်းတယ်။ ပြီးတော့ ဆာရီက ကိုယ်လုံးအရမ်းပေါ်တယ်။ confortable ပိုဖြစ်တာကတော့ ကိုယ့်မြန်မာဝတ်စုံကတော့ ပိုပြီး confortable ပိုဖြစ်တာပေါ့။

20708072 10159197562105230 8202564254529369313 n

-ဖက်ရှင်က လူတယောက်အတွက် ဘယ်လောက်ထိ အထောက်အကူဖြစ်တယ်ထင်လဲရှင့်။

ဖက်ရှင်ကတော့ လူတယောက်အတွက် ဘယ်လောက်ထိ အထောက်အကူဖြစ်လဲဆိုတာ ဒါခေတ်နဲ့ အလိုက်ဖက်ရှင်ကိုလိုက်ဝတ်ရတာပေါ့။ဖက်ရှင်ထက်စာရင် လူတယောက်ကို အထောက်အကူဖြစ်စေတာ စတိုင်ပေါ့။ဝတ်တဲ့ အရာရာတိုင်းကို carries လုပ်နိုင်တယ်။ ယုံကြည်မှုရှိရှိနဲ့ ၀တ်နိုင်တယ်။ အဲ့လို ၀တ်နီုင်တာပိုအရေးကြီးပါတယ်။ မြန်မာဝတ်စုံဝတ်ရင်လဲ ယုံကြည်မှုရှိပြီးစတိုင်ကျကျဝတ်နီုင်ရင် ဘယ်ဝတ်စုံဝတ်ဝတ်ပေါ့။စတိုင်ကျကျဝတ်နိုင်ဖို့ကအရေးကြီးတယ်။ ဖက်ရှင်ကျတော့အမြဲပြောင်းလဲနေတဲ့ အရာဆိုတော့ ကိုယ်အမှီလိုက်ရတာဘဲရှိတယ်။ စတိုင်ကျတော့ ကိုယ့်မှာသဘာဝတိုင်း ရှိတဲ့ အရာဆိုတော လူတယောက်ကစတိုင်ရှိဖို့အရေးကြီးတယ်လို့ထင်ပါတယ်။

20882669 10159243476830230 1040485629272438021 n

 

-ဖက်ရှင်နဲ့ ပတ်သတ်ပြီးတော့ အမ ဘယ်လိုမျိုးလေ့လာဖြစ်လဲ။

အရင်ခေတ်က ဖက်ရှင် တွေလေ့လာဖို့အရမ်းခဲယဉ်းတယ်။ ခုချိန်ကsocial media ကခေတ်စားနေတဲ့ အချိန်ဆိုတော့ အင်တာနက် တွေလဲ သုံးလာကြတယ်။ တီဗီချာနယ်တွေကလဲ အများကြီးထွက်ပေါ်တော့ ကိုယ်အမြဲ up to date ဖြစ်နေတာလေးတွေကြည့်နေမယ်။ mtv တွေကြည့်မယ်။ ကမ္ဘာမှာ ဖက်ရှင်ကျတဲ့ သူတွေကို follow လုပ်ထားမယ်ဆိုရင် ဖက်ရှင် နဲ့ ပတ်သတ်တာတွေ အများကြီးသိနိုင်ပါတယ်။ ကိုယ်တိုင်ကလဲ ဖက်ရှင်နောက်မကျသွားအောင် ဖက်ရှင်တွေကို အမြဲ up to date လုပ်သွားဖို့ကအရေးကြီးပါတယ်။ ဒါကလူငယ်တွေ အတွက် ပေါ့နော်။ အမလဲ မင်းသမီးတယောက်ဖြစ်တဲ့ အတွက် ဖက်ရှင်တွေ ကို အမြဲ လေ့လာနေပါတယ်။

21557815 10159381335365230 412191398404058787 n

 

-အမရဲ့ ပရိသတ်တွေကို လဲ ဖက်ရှင် နဲ့ပတ်သတ်ပြီးအကြံပေးစကားလေးပြောပေးပါဦး။

ဖက်ရှင်နဲ့ ပတ်သတ်ပြီးအကြံပြုချင်တာက ဖက်ရှင်ကို လိုက်စားပါ။မမယုံကြည်တာတခုရှိတာက ကိုယ့်အသားအရေပေးမှ ဖက်ရှင် ကျတာမဟုတ်ပါဘူး။လုံလုံခြုံခြုံနဲ့ လဲ ဖက်ရှင် ကျလို့ရတယ်ပေါ့။ဒါပေမယ့် ရောမရောက်ရောမလိုကျင့်ပေါ့။သွားတဲ့ နေရာပေါ်လိုက်ပြီး အ၀တ်အစားကို လိုက်အောင်စဉ်းစားကျပါလို့။

21764765 10159395658805230 3005594018914487678 n

Read 3071 times
Rate this item
(0 votes)