What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Miu Miu 's 2021 Spring collection ရဲ့ ကိုယ်စားပြု မော်ဒယ်လ်အဖြစ် ပါဝင်ခဲ့တဲ့ Kate Moss ၏ သမီး Lila Grace Moss

နာမည်ကြီး မော်ဒယ်လ် Kate Moss ၏ သမီး Lila Grace Moss သည် Miu Miu 's 2021 Spring / Summer collection ကိုယ်စားပြု မော်ဒယ်အဖြစ် ပထမဆုံးအကြိမ် လျှောက်လမ်းပေါ်တွင် ပါဝင်ခဲ့ပါတယ်။

 

ပြီးခဲ့သော စက်တင်ဘာ ၂၉ရက်နေ့ သူမရဲ့ အသက် ၁၈နှစ် ပြည့်ပြီးနောက် ၂၀၂၀၊ အောက်တိုဘာ ၆ ရက်နေ့တွင် မီလန်မြို့၌ ကျင်းပသော the young model’s fashion ပွဲတွင် ပွဲဦးထွက်အဖြစ် သူမ ပါဝင်ခဲ့တယ်လို့ သိရပါ တယ်။

 

Prada ၏လက်အောက်ခံ Miu Miu ပြပွဲကို အားကစားရုံတစ်ခုရဲ့ တံခါးပိတ်နောက်ကွယ်မှ ပြသခဲ့ပါတယ်။ ထိုပြပွဲတွင် Gabrielle Union၊ Elle Fanning၊ Suki Waterhouse နှင့် Milla Jovovich စသော နာမည်ကြီးအနုပညာရှင်များလည်း ပါဝင်ထားတာ တွေ့ရပါတယ်။ ပြပွဲကာလအတွင်း ပါဝင်ထားသောအနုပညာရှင်များကို တီဗီဖန်သားပြင်ပေါ်ကနေလည်း တွေ့မြင်နိုင်ပါတယ်။

 

Moss ၏ပထမဆုံးပြသမှုတွင် အနက်ရောင်ဖြင့် အလှဆင်ထားသော စကတ်အတို၊ အပြာရောင်ရှပ်အင်္ကျီနဲ့ တောက်ပပြီးအရွယ်အစားကြီးမားသောသူမ၏ဆံပင်များကို နောက်ဘက်သို့ စည်းထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

 

နောက်ပိုင်းတွင် သူမသည် အပြာရောင်နဲ့ အပေါ်ဘက်တွင် အဝါရောင်အကွက်လေးများပါသော ဂါဝန်အသေးစား ဝတ်ဆင်မှုမျိုးသို့ ပြောင်းလဲခဲ့ပါတယ်။

Image may contain Clothing Apparel Dress Human Person Evening Dress Fashion Gown Robe and Female

 

သူမ၏နောက်ဆုံးဝတ်ဆင်ထားတဲ့ အင်္ကျီအရောင်မှာ ပန်းရောင်နဲ့ လိမ္မော်ရောင် (ပျားရည်)အရောင်ရှိသော စကတ်တို တို့ကို ဝတ်ဆင်ကာ တောက်ပသောဒေါက်ဖိနပ်စီးထားပြီး ကွဲပြားခြားနားသော အရောင်များဖြင့် ပေါင်းစပ်ထားတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Image may contain Clothing Apparel Skirt Human Person and Miniskirt

 

Moss ဟာ Instagram တွင် သူမရဲ့ ပထမဆုံးအကြိမ် catwalk ၌ ပါဝင်သရုပ်ဆောင်ခဲ့ခြင်းအပေါ် သူမရဲ့စိတ်လှုပ်ရှားမှုကိုပါ ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။

 

Moss သည် သူမ၏မိတ်ကပ်အပြင်အဆင်ကိုလည်း “အလွန်သဘာဝကျ” ရန် ရည်ရွယ်ထားကြောင်း ရှင်းပြခဲ့ပြီး အသက် ၁၈ နှစ်အရွယ် သူမ၏ပုံပန်းသဏ္ဍာန်မှာ အသေးစိတ်ကို အထူးဂရုစိုက်ရခြင်းကြောင့် မျက်ခုံးအလွှာတစ်ထပ်ပါ ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

 

Moss သည် ၂၀၁၆ ခုနှစ်တွင် တည်ထောင်ခဲ့သော သူမ မိခင်၏အေဂျင်စီဖြစ်တဲ့ Kate Moss Agency တွင် ကိုယ်စားပြုမော်ဒယ်လ်ဖြစ်လာခဲ့ပါတယ်။

Image may contain Human Person Clothing Apparel Female Jamie Campbell Bower and Skirt

 

၂၀၁၈ ခုနှစ် နိုဝင်ဘာလ Dazed မဂ္ဂဇင်း၏ ဆောင်းရာသီအတွက် မျက်နှာဖုံးအဖြစ် သူမ ပထမဆုံးတစ်ကိုယ်တော်ပါဝင်ထားတဲ့ သူမရဲ့ ငယ်ရွယ်သော ပုံကိုလည်း ပြသခဲ့ပါတယ်။

 

Moss ၏ဖခင်မှာ Jefferson Hack ဖြစ်ပြီး ပူးတွဲတည်ထောင်သူနှင့် Dazed Media ရဲ့ creative director တစ်ယောက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

 

By htikehtike (Myanmar Textile & Garment Guide)
Ref: www.independent.co.uk

Read 717 times
Rate this item
(0 votes)