What's new

×

Warning

JUser: :_load: Unable to load user with ID: 845


YounHee Park

ZAWGYI+UNICODE ယြန္းဟီးပတ္ခ္ ဖက္ရွင္ေလာကထဲ ေရာက္လာတဲ့ေန႔မွာ သူမရဲ႕ အ၀တ္ဘီဒုိကုိၾကည့္ၿပီး ဖက္ရွင္အ၀တ္အစားေတြ မ်ားေနတာကုိ သတိမူမိလုိက္တယ္။

ဖက္ရွင္အ၀တ္အစားေတြကုိ သူမ ဘယ္ေလာက္အထိ ျမတ္ႏုိးတယ္ဆုိတာ သိလုိက္ရၿပီး သူမရဲ႕ လက္ရွိအလုပ္ဟာ သူမနဲ႔ မအပ္စပ္ပါလားလုိ႔ သိလုိတယ္။ လက္ရွိ သူမ လုပ္ကုိင္ေနတဲ့ စက္မႈဒီဇုိင္းကေန ဖက္ရွင္ဒီဇုိင္းကုိ မၾကာခင္မွာ ကူးေျပာင္းလုိက္တယ္။

ပတ္ခ္ရဲ႕ ေသြးထဲမွာ ဖက္ရွင္စီးဆင္းေနတာ ေသခ်ာတယ္။ သူမရဲ႕ မိခင္က ဖက္ရွင္ကုိ ေလ့လာထားသူဆုိေတာ့ သူမအတြက္ အားတက္စရာ တစ္ခုပါပဲ။ ဖက္ရွင္ဒီဇုိင္း လုပ္ကုိင္ဖုိ႔ကုိလည္း အေမက အားေပးတယ္။ အေမက သက္ ၂၀ ႏွစ္မွာ ဖက္ရွင္ဒီဇုိင္းကုိ စတင္ေလ့လာခဲ့ၿပီး ဖက္ရွင္ေလာကထဲမွာ က်င္လည္ေနသူ ျဖစ္ပါတယ္။
ပတ္ခဲရဲ႕ Brand ျဖစ္တဲ့ Greedilous မွာ Greed နဲ႔ Lous တုိ႔ပါ၀င္တယ္။ အဓိပၸာယ္က အားလုံးပုိင္ေစတဲ့။ လူေတြမွာ greed ဆုိတဲ့ ေလာဘ ရွိရမယ္လုိ႔ ပတ္ခ္က ယူဆတယ္။ ေလာဘရွိၾကဖုိ႔ သူမက တုိက္တြန္းတယ္။ ဒါေပမဲ့ သင္ယူခ်င္တဲ့ေလာဘ၊ ဖြံ႕ၿဖိဳးခ်င္တဲ့ေလာဘ၊ အရင္းအႏွီးျပဳခ်င္တဲ့ေလာဘ အဲဒီလုိ ေလာဘမ်ဳိးေတြကုိ ဆုိလုိပါတယ္တဲ့။
‘‘က်မ ငယ္စဥ္က လူတစ္ဦးအေၾကာင္းကုိ အသိေပးဖုိ႔နည္းလမ္းဆုိလုိ႔ အ၀တ္အစားပဲ ရွိတယ္လုိ႔ ထင္ခဲ့ပါတယ္။ လူမွာ အ၀တ္က အေရးႀကီးတယ္။ အဲဒီေတာ့ အသိေပးခ်င္တာကုိ အ၀တ္အစားကေန ေပးႏုိင္ေအာင္ က်မ ဒီဇုိင္းထုတ္တယ္’’ လုိ႔ ပတ္ခ္က ေျပာျပပါတယ္။

Greedilous jacket

 

ပတ္ခ္က ကုိယ္ပုိင္ Brand မထူေထာင္ခင္မွာ ကုိရီးယားဖက္ရွင္ ကုမၸဏီေတြ ျဖစ္တဲ့ ‘Obzee’ နဲ႔ ‘Hansome’ တုိ႔မွာ ၁၅ ႏွစ္တုိင္တုိင္ လုပ္ကုိင္ခဲ့ပါတယ္။ ၿပီးမွ ကုိယ္ပုိင္ကုမၸဏီကုိ ထူေထာင္ျဖစ္ခဲ့ပါတယ္။
‘‘အဲဒီ ကုမၸဏီေတြမွာ လုပ္ကုိင္ခဲ့စဥ္က က်မ ဘာသိခဲ့သလဲ။ ႀကိဳးစား႐ုံနဲ႔ေတာ့ မေအာင္ျမင္ႏုိင္ဘူး။ အလုပ္ႀကိဳးစားတာနဲ႔တင္ မရဘူး။ ကုိယ့္စိတ္ကူးအႀကံေတြကုိ ယုံၾကည္မႈ ရွိရမယ္။ မျဖစ္ႏုိင္ဘူးဆုိတာ မရွိဘူး။ ကုိယ့္စိတ္ကူးေတြကုိ ဆုပ္ကုိင္ထားရမယ္။ အဲဒါေတြ က်မ သင္ခန္းစာ ရရွိခဲ့တယ္။ ဒီကေန႔ က်မ အခုလုိ ျဖစ္ေနဖုိ႔ အဲဒီတုန္းက အသည္းအသန္ သင္ယူခဲ့ရပါတယ္။ ရခဲ့တဲ့ သင္ခန္းစာေတြ အခုအထိ က်မနဲ႔အတူ ရွိေနဆဲပါ’’
လုိ႔ သူမက ေျပာျပခဲ့ပါတယ္။
ဖက္ရွင္ေလာကမွာ ကုိယ္ပုိင္ေနရာတစ္ခု ရွိခ်င္တာေၾကာင့္ ၂၀၁၂ ခုႏွစ္မွာ ကုိယ္ပုိင္လုပ္ငန္းကုိ ပတ္ခ္ ထူေထာင္လုိက္ပါတယ္။
သူမ ၾကည္ညိဳေလးစားတဲ့ ဖက္ရွင္ဒီဇုိင္းနာကေတာ့ ဖက္ရွင္ကုမၸဏီႀကီး ျဖစ္တဲ့ Obzee မွာ သူမ လုပ္ကုိင္ခဲ့စဥ္ နည္းေပးလမ္းျပျပဳေပးခဲ့သူ အမ်ဳိးသမီး ဒီဇုိင္းနာ Kang Jin Young ျဖစ္ပါတယ္။ အလြန္လည္း ေလးစားပါတယ္လုိ႔ ပတ္ခ္က ဖြင့္ဟေျပာၾကားေလ့ ရွိပါတယ္။

 

UNICODE

YounHee Park ယွန်းဟီး ပတ်ခ်
==================
ယွန်းဟီးပတ်ခ် ဖက်ရှင်လောကထဲ ရောက်လာတဲ့နေ့မှာ သူမရဲ့ အဝတ်ဘီဒိုကိုကြည့်ပြီး ဖက်ရှင်အဝတ်အစားတွေ များနေတာကို သတိမူမိလိုက်တယ်။ ဖက်ရှင်အဝတ်အစားတွေကို သူမ ဘယ်လောက်အထိ မြတ်နိုးတယ်ဆိုတာ သိလိုက်ရပြီး သူမရဲ့ လက်ရှိအလုပ်ဟာ သူမနဲ့ မအပ်စပ်ပါလားလို့ သိလိုတယ်။ လက်ရှိ သူမ လုပ်ကိုင်နေတဲ့ စက်မှုဒီဇိုင်းကနေ ဖက်ရှင်ဒီဇိုင်းကို မကြာခင်မှာ ကူးပြောင်းလိုက်တယ်။

ပတ်ခ်ရဲ့ သွေးထဲမှာ ဖက်ရှင်စီးဆင်းနေတာ သေချာတယ်။ သူမရဲ့ မိခင်က ဖက်ရှင်ကို လေ့လာထားသူဆိုတော့ သူမအတွက် အားတက်စရာ တစ်ခုပါပဲ။ ဖက်ရှင်ဒီဇိုင်း လုပ်ကိုင်ဖို့ကိုလည်း အမေက အားပေးတယ်။ အမေက သက် ၂၀ နှစ်မှာ ဖက်ရှင်ဒီဇိုင်းကို စတင်လေ့လာခဲ့ပြီး ဖက်ရှင်လောကထဲမှာ ကျင်လည်နေသူ ဖြစ်ပါတယ်။
ပတ်ခဲရဲ့ Brand ဖြစ်တဲ့ Greedilous မှာ Greed နဲ့ Lous တို့ပါဝင်တယ်။ အဓိပ္ပါယ်က အားလုံးပိုင်စေတဲ့။ လူတွေမှာ greed ဆိုတဲ့ လောဘ ရှိရမယ်လို့ ပတ်ခ်က ယူဆတယ်။ လောဘရှိကြဖို့ သူမက တိုက်တွန်းတယ်။ ဒါပေမဲ့ သင်ယူချင်တဲ့လောဘ၊ ဖွံ့ဖြိုးချင်တဲ့လောဘ၊ အရင်းအနှီးပြုချင်တဲ့လောဘ အဲဒီလို လောဘမျိုးတွေကို ဆိုလိုပါတယ်တဲ့။
‘‘ကျမ ငယ်စဉ်က လူတစ်ဦးအကြောင်းကို အသိပေးဖို့နည်းလမ်းဆိုလို့ အဝတ်အစားပဲ ရှိတယ်လို့ ထင်ခဲ့ပါတယ်။ လူမှာ အဝတ်က အရေးကြီးတယ်။ အဲဒီတော့ အသိပေးချင်တာကို အဝတ်အစားကနေ ပေးနိုင်အောင် ကျမ ဒီဇိုင်းထုတ်တယ်’’ လို့ ပတ်ခ်က ပြောပြပါတယ်။

ပတ်ခ်က ကိုယ်ပိုင် Brand မထူထောင်ခင်မှာ ကိုရီးယားဖက်ရှင် ကုမ္ပဏီတွေ ဖြစ်တဲ့ ‘Obzee’ နဲ့ ‘Hansome’ တို့မှာ ၁၅ နှစ်တိုင်တိုင် လုပ်ကိုင်ခဲ့ပါတယ်။ ပြီးမှ ကိုယ်ပိုင်ကုမ္ပဏီကို ထူထောင်ဖြစ်ခဲ့ပါတယ်။
‘‘အဲဒီ ကုမ္ပဏီတွေမှာ လုပ်ကိုင်ခဲ့စဉ်က ကျမ ဘာသိခဲ့သလဲ။ ကြိုးစားရုံနဲ့တော့ မအောင်မြင်နိုင်ဘူး။ အလုပ်ကြိုးစားတာနဲ့တင် မရဘူး။ ကိုယ့်စိတ်ကူးအကြံတွေကို ယုံကြည်မှု ရှိရမယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ ကိုယ့်စိတ်ကူးတွေကို ဆုပ်ကိုင်ထားရမယ်။ အဲဒါတွေ ကျမ သင်ခန်းစာ ရရှိခဲ့တယ်။ ဒီကနေ့ ကျမ အခုလို ဖြစ်နေဖို့ အဲဒီတုန်းက အသည်းအသန် သင်ယူခဲ့ရပါတယ်။ ရခဲ့တဲ့ သင်ခန်းစာတွေ အခုအထိ ကျမနဲ့အတူ ရှိနေဆဲပါ’’
လို့ သူမက ပြောပြခဲ့ပါတယ်။
ဖက်ရှင်လောကမှာ ကိုယ်ပိုင်နေရာတစ်ခု ရှိချင်တာကြောင့် ၂၀၁၂ ခုနှစ်မှာ ကိုယ်ပိုင်လုပ်ငန်းကို ပတ်ခ် ထူထောင်လိုက်ပါတယ်။
သူမ ကြည်ညိုလေးစားတဲ့ ဖက်ရှင်ဒီဇိုင်းနာကတော့ ဖက်ရှင်ကုမ္ပဏီကြီး ဖြစ်တဲ့ Obzee မှာ သူမ လုပ်ကိုင်ခဲ့စဉ် နည်းပေးလမ်းပြပြုပေးခဲ့သူ အမျိုးသမီး ဒီဇိုင်းနာ Kang Jin Young ဖြစ်ပါတယ်။ အလွန်လည်း လေးစားပါတယ်လို့ ပတ်ခ်က ဖွင့်ဟပြောကြားလေ့ ရှိပါတယ်။

Read 2169 times
Rate this item
(0 votes)