What's new
×
Warning
JUser: :_load: Unable to load user with ID: 845
အူဝဲတူမလေးမေတိုးခိုင်ရဲ့ ဖက်ရှင်ခံစားမှု ၁၀ မျိုး
အူဝဲတူမလေးမေတိုးခိုင်ရဲ့ ဖက်ရှင်ခံစားမှု ၁၀ မျိုး now facebook
zawgyi
---------------------------------------------------------------------------
#အိတ်
#ဖိနပ်
#T_Shirt 
#Jean_Jacket 
#Chokers 
#Bandana 
#Belt 
#Japanese_Fashion 
#Vintage_Style 
source: now magazine
unicode
အိန္ဒြာကျော်ဇင်ရဲ့ တူမငယ် မေတိုးခိုင်ရဲ့ ဖက်ရှင်ခံစားမှုတွေကို တင်ဆက်ပေးချင်ပါတယ်။ မန်ချက် စတာမှာ ၂ နှစ်တာ ကျောင်းတက်ပြီး ခဏပြန်လာတဲ့ အသက် ၂၂ နှစ်အရွယ် မေတိုးခိုင်ဟာ ရုပ်ရှင်ဇာတ်ကားတစ် ကား ရိုက်ထားပြီး ဖြစ်တဲ့အပြင် ဂျာနယ် တွေ၊ မဂ္ဂဇင်းတွေအတွက်လည်း ဆက် တိုက်ဆိုသလို ဓာတ်ပုံတွေ ရိုက် ပေးနေတာပါ။ 'မေတိုးခိုင်' ပြောပြထားတဲ့ ဖက်ရှင်ခံစားမှု ၁၀ မျိုးကတော့...
---------------------------------------------------------------------------
#အိတ်
ညီမက အိတ်တွေဆို စလွယ်သိုင်း ရတဲ့ အိတ်လေးတွေ လွယ်ဖြစ်တယ်။ ကျောပိုးအိတ်ဆို သေးသေးလေးတွေ ကြိုက်တယ်။ ပြီးတော့ အရောင်ဆိုရင် အနက်ရောင်ကို ရွေးဖြစ်တယ်။ ဘယ် သွားသွား ဘယ်အင်္ကျီနဲ့မဆို လိုက်တဲ့ အတွက် ထသွားထလာတွေဆို အချိန် မရွေး ကောက်ဆွဲသွားလို့ ရတယ်လေ။ အိတ်အကြီးတွေ သိပ်မကြိုက်ဘူး။
#ဖိနပ်
ဖိနပ်ဆိုလည်း ညီမက Heels တွေ သိပ်မစီးတတ်ဘူး။ အဲဒီတော့ ဖိနပ်ဆို Flat Shoes တွေ စီးဖြစ်တယ်။ ပြီး တော့ shoes အဖြူလေးတွေ စီးဖြစ် တယ်။ ညီမက ဖိနပ်ဆို အဓိက Comfortable ဖြစ်တာကို ရွေးဖြစ်တယ်။ ဒေါက်ဖိနပ်တွေဆို Photo Shoot လောက်ပဲ ဝတ်ဖြစ်တာဆိုတော့လေ။ အပြင်တွေ သွားရင်လည်း မစီးဖြစ်ဘူး။ ပွဲတက်တွေ ဘာတွေ မစီးမဖြစ် စီးရမယ်ဆိုရင်တော့ စီးပါတယ်။
20993970 1796716240355763 6526561742035290549 n
#Bell_Pants_and_Bell_Skirts
ညီမက အတိုသိပ်မဝတ်ဖြစ်ဘူး။ Jeans တော့ ဝတ်ဖြစ်တယ်။ နောက် ညီမက စကတ်ကားကားတွေနဲ့ ဘောင်း ဘီကားကားတွေ သဘောကျပါတယ်။ ကိုးရိုးကားရားပုံတွေ သဘောကျတယ်။ ပြီးတော့ လွတ်လွတ်လပ်လပ်နဲ့ မိန်းကလေး သိပ်မဆန်တာတွေကို ကြိုက်ပါတယ်။
#T_Shirt
အမြဲဝတ်ဖြစ်တာက တီရှပ်ပါ။ အခုတီရှပ်တွေကလည်း ပြန်ပြီး Trend ဖြစ် နေတယ်လေ။ တီရှပ်တွေက အောက်ကလည်း ခံဝတ်လို့ရတယ်၊ ဒီအတိုင်းလည်း ဝတ်လို့ရတယ်ဆိုတော့ အမြဲဝတ်ဖြစ်ပါ တယ်။
#Jean_Jacket
နောက်တစ်ခုက Jacket တွေပေါ့။ ညီမက Jean Jacket တွေ အရမ်း ကြိုက်တယ်။ ဘယ်လို Jacket ဖြစ်ဖြစ် ကြိုက်တယ်။ ခပ်ပွပွ၊ ခပ်ကြီးကြီး ဝတ်ရ တာကို သဘောကျတာ။
#Chokers
ညီမက Accessories ဆို Choker တွေ အရမ်းကြိုက်တယ်။ ညီမ ဆီမှာ Choker မျိုးစုံရှိတယ်၊ ဝယ်လည်း ဝယ်ဖြစ်တယ်။ အရမ်းကြိုက်လို့။
#Bandana
အဲဒီ Bandana ကတော့ ခေါင်းမှာ လည်း စည်းဖြစ်တယ်။ တစ်ခါတလေ လည်ပင်းမှာလည်း စည်းဖြစ်တယ်။ ဘယ်သွားသွား ယူသွားလေ့ရှိပါတယ်။
21032379 1796716237022430 8549786617446748894 n
#Belt
အင်္ကျီကို အထဲထည့်ပြီး ခါးပတ်ကြီး ကြီးနဲ့ ဝတ်ရတာကို ကြိုက်တယ်။ အခု အကြီးကြီးတွေ ပြန်ခေတ်စားလာတယ်။ ခါးပတ်ကြီးကြီးတွေ ကြိုက်ပါတယ်။
#Japanese_Fashion
ဂျပန်တွေ ဝတ်တဲ့ ကိုးရိုးကားရားပုံစံ တွေ၊ ခပ်ပွပွ ဖရိုဖရဲပုံစံတွေကို အရမ်း သဘောကျတယ်။ ကိုးရီးယားတွေက အရမ်း Cute ဖြစ်လွန်းလို့ သိပ်မကြိုက် ဘူး။ Japanese၊ Chinese တို့ ဖက်ရှင်တွေ သဘောကျတယ်။
#Vintage_Style
ညီမ ဟိုမှာ နေတုန်းကဆို Thrift Shop တွေ သွားဖြစ်တယ်။Vintage ဆန်တာကို ညီမက သဘောကျတယ်။ Brand တွေ ဝတ်ရတာထက် အဲဒီလိုမျိုး Vintage ဆန်တာတွေကို ကြိုက်သလို ရွေးပြီး ဈေးပေါပေါနဲ့ ရတယ်။ သူများနဲ့ မတူတဲ့ဟာတွေလည်း ရှိတယ်။
21032322 1796716103689110 2166740584479399290 n
source: now magazine
Read 1491 times
Rate this item
(0 votes)