What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Emily brand ကနေအနည်းဆုံးတော့ သုံးလတခါဒီဇိုင်းသစ်လေးတွေထုတ်မယ့် အိမ့်ချစ်

သီချင်းတွေလဲ အဆိုကောင်းပြီး Emily  အမှတ်တံဆိပ်နဲ့ အင်္ကျီတွေကို လဲ ဖြန့်ချီထားတဲ့ အဆိုတောာ်အိမ့်ချစ်ကို Emily brand နဲ့ ပတ်သတ်ပြီးမေးမြန်းထားပါတယ်။

 

-အခုချိန်မှာ အနုပညာရှင်အတော်များများက စီးပွါးရေးလုပ်ငန်းတွေလုပ်လာကြသလို အိမ့်ချစ်ကိုယ်တိုင်လည်း emilyဆိုတဲ့ brandတစ်ခုနဲ့ စီးပွါးရေးလုပ်ဖြစ်နေပီဆိုတော့ စီးပွါးရေးဘက်မှာကြုံရတဲ့ အတွေ့အကြုံလေးတွေနဲ့ ဆက်လုပ်သွားမယ့် အစီအစဉ်လေးတွေကို လည်းပြောပြပေးပါဦး။

 လက်ရှိမှာတော့ အိမ့်ချစ်လုပ်နေတဲ့ Emily brand ကနေ အင်္ကျီလေးတွေ ထုတ်ပြီးရောင်းချနေတာကိုယ် ထင်ထားတာထက် အချိန်တိုတွင်းမှာပေါက်တာမြန်တယ်လို့ ထင်ပါတယ်။

အင်္ကျီစထုတ်ကတည်းက ကြော်ငြာတွေမလုပ်ဖြစ်ဘူး။ ပထမဆုံးထုတ်တဲ့ အရုပ်မပုံလေးနဲ့ အင်္ကျီဆိုရင်လဲ အချိန်တိုတွင်းမှာ အရမ်းရောင်းရတယ်။

နောက်ဆုံးထွက်ထားတဲ့ စာတန်းတွေနဲ့ အင်္ကျီတွေဆိုရင်လည်း အရမ်းရောင်းရတယ်။

ညီမရဲ့ Emily brand ကနေအနည်းဆုံးတော့ သုံးလတခါဒီဇိုင်းသစ်လေးတွေထုတ်တယ်

နောက်ထပ်လည်းဟော့ရှော့ဝတ်ချင်တဲ့ သူတွေ ခပ်အေးအေးပုံလေးတွေဝတ်ချင်တဲ့ သူတွေ နဲ့ ၀တဲ့ သူတွေဈေးနှုန်းချိုပြီး အရည်အသွေးကောင်းတဲ့ အင်္ကျီဒီ ဇိုင်းတွေဆက်ပြီးထုတ်သွားဖို့ စီစဉ်နေပါတယ်။

အ၀တ်အထည်တွေအပြင် ဖိနပ်၊အိတ်နဲ့ အခြားသော ပစ္စည်းလေးတွေကို လည်းအရည်အသွေးကောင်းကော်းနဲ့ သင့်တင့်တဲ့ ဈေးနှုန်းဖြစ်အောင် ထုတ်နိုင်ဖို့စီစဉ်နေပါတယ်။

အခက်အခဲဆိုတာလည်းရှိပေမယ့် အကောင်းဆုံးကြိုးစားလုပ်ဆောင်နေပါတယ်။

အနုပညာရှင်တယောက်ဖြစ်တဲ့အတွက်ကိုယ့်ပရီသတ်တွေ ချစ်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာသိသလိုဘဲ စီးပွါးရေး လုပ်တဲ့ အခါမှာလည်းကိုယ့်ရဲ့ brand ကို လူတွေကြိုက်လာအောင်လုပ်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ သိတဲ့ အတွက် အရည်အသွေးပိုင်းကို အဓိကထားသလို customer service ကို လည်းအလေးထားပြီးလုပ်ဆောင်ဖြစ်ပါတယ်။

-အိမ့်ချစ်ရဲ့ အနုပညာအလုပ်တွေကိုရော Emily brand ကိုပါ အားပေးနေတဲ့ ပရိသတ်တွေကို ပြောချင်တာရှိရင်။

 ပထမဆုံးကိုယ်ဝါသနာပါတဲ့ အနုပညာကို အကောင်အထည်ဖော်ချိန်မှာရော အိမ့်ချစ်ရဲ့ အိမ်မက်နဲ့ ၀ါသနာတစ်ခုဖြစ်တဲ့ Emily Brand ကိုပါအားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ 

 Emily Fashion Shop ကို  ရန်ကုန်၊ ဦးချစ်မောင်လမ်း၊ ဗဟန်းမြို့နယ်တွင် ဖွင့်လှစ်ထားပြီး ဆိုင်တွင် Emily တံဆိပ်အင်္ကျီများနှင့် ဖန်စီးပစ္စည်းများလဲ ရရှိနိုင်ပါတယ်။

20106544 10210160622593141 205407780443071431 n20155996 327303074380193 1113679605418025826 n

19400058 315952245515276 678406564709484627 n

17458134 273258036451364 4302221462591444943 n

16711725 256854604758374 8751497641054167598 n

source:daily eleven

Read 1474 times
Rate this item
(0 votes)