What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဂြိုလ်သားပုံစံ ဝတ်ဆင်ခဲ့တဲ့ Taylor Swift ရဲ့ဖက်ရှင်စတိုင်

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် AMAs ပွဲမှာတုန်းကတော့ မိန်းကလေးဆန်တဲ့ အစိမ်းရောင် ဂါဝန်အရှည်နဲ့တွေ့ခဲ့ရပြီး Karlie Kloss တို့ Selena Gomez တို့နှင့်အတူတွဲလျက်တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီတုန်းက 1989 အယ်ဘမ် အောင်မြင်နေချိန်ဖြစ်ပြီး အခုအချိန်ထိ သူမရဲ့ဖက်ရှင်နဲ့ ကိုယ်နေဟန်ထားတွေ ဘယ်လောက်ပြောင်းလဲ သွားလဲ ခန့်မှန်းကြည့်နိုင်ပါတယ်။

 taylor swift min

သူမဟာ AMAs ပွဲကြီးရဲ့အစမှာပဲ Reputation အယ်ဘမ်အတွက် Favorite Pop/Rock Album of the Year Award နဲ့ Reputation Stadium Tour အတွက် Tour of the YearAward ကိုလက်ခံရရှိခဲ့ပါတယ်။

taylor swift silver dress min

 

ဆုလက်ခံစကားပြောချိန်မှာတော့ “ကျွန်မထွက်ရှိထားတဲ့အယ်ဘမ်တိုင်းက ကျွန်မဘဝရဲ့ အခန်းဆက်တွေလို့ပဲကျွန်မအမြဲတမ်းကြည့်တယ်။ ပြီးတော့ ဒီအယ်ဘမ်ကို ကျွန်မ ဖန်တွေကအရမ်းကြိုက်ကြတယ်ဆိုလို့ ကျွန်မအရမ်းဝမ်းသာပျော်ရွင်မိပါတယ်။ 'ဒီ Tour ကြီးတစ်ခုလုံးမှာ support လုပ်ပေးခဲ့တဲ့ နောက်ခံအဆိုတွေ၊ အကတွေ၊ crew တွေနဲ့ Stadium Tour မှာပါဝင်ကြသူများအားလုံးကကျေးဇူးတင်ပါတယ်။

taylor swifft min

ပရိတ်သတ်တွေကို အမှတ်တရဖြစ်စေခဲ့တဲ့ ဆယ်လီတို့ရဲ့ ဖက်ရှင်များ

 

အဲ့ဒါတွေအားလုံးကထက် ကျွန်မရဲ့ပရိတ်သတ်တွေ၊ ကျွန်မကိုချစ်ခင်အားပေးကြတဲ့ပရိတ်သတ်တွေအားလုံးကိုလဲကျေးဇူးတင်ပါတယ်။ တကယ်တော့ တစ်ခုခုနဲ့ပတ်သက်ပြီး ပရိတ်သတ်တွေကို တကယ်ကို ရိုးသားပြရဦးမှာပါ။ နောက်ထပ် ရှိလာတော့မည့် ဘဝရဲ့အခန်းဆက်တွေအတွက်လဲ စိတ်လှုပ်ရှားမိပါတယ်။ ” လို့ Taylor ကပြောကြားခဲ့ပါတယ်။

taylor and selena min

taylor swift green dress min

အခုချိန်မှာတော့ Taylor ဟာ American Music Award သမိုင်းတလျောက် ဆုရအများဆုံးအမျိုးသမီးအဆိုတော် Witney Huston နဲ့အတူစံချိန်တင်လိုက်နိုင်ပြီလို့သိရပါတယ်။

 

Source:mingalarbar

Read 1178 times
Rate this item
(1 Vote)